Nicolette
English A1 Level ဟာ Beginner ဖြစ်ပြီးတော့ ဒီ Level ကို ရောက်ရှိနေသူတွေဟာဆိုရင်
နေ့စဉ်အသုံးပြုနေတဲ့ ရိုးရှင်းတဲ့ စကားလုံးတွေ စာကြောင်းတွေကို သိရှိပါတယ်။
ရိုးရှင်းတဲ့ မေးခွန်းတွေ (ဉပမာ - Where do you live?) ကို မေးမြန်းနိုင်ပါတယ်။
ရိုးရိုးရှင်းရှင်း စကားလုံးတွေကို သုံးပြီး ဖြည်းဖြည်းပဲ ပြောတဲ့ English စကားပြောတွေကို နားလည်နိုင်ပါတယ်။
A1 Level မှာ သိထားသင့်တဲ့ စကားပြောဆိုနည်းများ
⭐ နှုတ်ဆက်ခြင်း
⭐ ကိုယ့်အကြောင်းကိုယ် ရိုးရှင်းစွာ မိတ်ဆက်ခြင်း
⭐ အချိန်မေးခြင်း
⭐ နေရာတွေကို လမ်းညွှန်ခြင်း
⭐ မိမိလုပ်လေ့ရှိသော အလေ့အထများနှင့် မိမိရဲ့ ဝါသနာကို ဖော်ပြခြင်း
⭐ မိမိ ကြိုက်သောအရာများ မကြိုက်သောအရာများကို ပြောပြခြင်း
A1 Level မှာ သိထားသင့်တဲ့ ဝေါဟာရများ
⭐ နေ့ရက်များနှင့် လများ
⭐ နံပါတ်များနှင့် ဈေးနှုန်းများ
⭐ နိုင်ငံများနှင့် နိုင်ငံသား အခေါ်အဝေါ်များ
⭐ ခန္ဓာကိုယ် အစိတ်အပိုင်းများ (အကြမ်းဖျင်းလောက် သိရပါမယ် ဉပမာ - eyes, legs, fingers)
⭐ မိသားစု အသိုင်းအဝိုင်း အခေါ်အဝေါ်များ
⭐ အစားအသောက်များ
⭐ အဝတ်အထည်များ
⭐ အိမ်တွင်းရှိ ပစ္စည်းများ
English A1 Level မှာ သိထားသင့်တဲ့ Grammar
⭐ Questions words
⭐ Possessive adjectives and pronouns
⭐ Present simple
⭐ There is/There are
⭐ Imperatives
⭐ Present continuous (now or in progress)
⭐ Prepositions of place
⭐ Modals: can, can’t, do, doesn’t
⭐ Simple adjectives
⭐ Comparatives and superlatives
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading