မောရိသျှ
အချိန်ကြာလာတာနဲ့အမျှ ဘဝမှာ ကြုံတွေ့လာရတာတွေအားလုံး တဖြည်းဖြည်းချင်း အသားကျသွားတတ်တာကို သတိထားမိကြလားဗျ။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အချိန်အကန့်အသတ် တစ်ခုရောက်သွားတာနဲ့ အရာအားလုံး အသားကျအနည်ထိုင်သွားတာမျိုးကို ပြောတာပါ။ အစကတော့ ဆန့်ကျင်ရင် ဆန့်ကျင်မယ်၊ လိုချင်ရင် လိုချင်မယ်။ ဒါပေမယ့် ဘယ်လောက်ပဲ လိုချင်ခဲ့ပါစေ။ မုန်းတီးနေပါစေ။ အချိန်တန် ရိုးသွားပြီး အသားကျသွားတာမျိုးပါ။
ကျွန်တော်ဆိုရင် ဘာရယ်မဟုတ် စွဲနေမိတာရှိတယ်။ တစ်ပတ်အတွင်း ဝတ်လိုက်တဲ့ ဖိနပ်တွေကို မနည်းဘူးဗျ။ ပြန်တွေးကြည့်တော့မှ အတော်ကြေးများမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။ အားကစားလုပ်ဖို့ ပြေးရင် ဝတ်တဲ့ ဖိနပ်က သပ်သပ်၊ လမ်းလျှောက်ဖို့အတွက်ကျတော့ သပ်သပ်၊ အလေးမရင် ဝတ်တာက တခြားဖိနပ်၊ သာမှန်လူမှုရေးအရ သွားတွေ့တာမျိုးဆိုရင် တခြားဖိနပ်။ အလည်အပတ်ထွက်ရင် ပေါ့ပေါ့ပါးပါးစီးဖြစ်တဲ့ ဖိနပ်ကလည်း သပ်သပ်။ ဖိနပ်တွေကို အများကြီးပဲ။ အစကတော့ အဲဒီလို မဟုတ်ခဲ့ဘူးရယ်။ တစ်ရံတည်းကို ပတ်စီးခဲ့တာပါ။ မဖြစ်မနေကြောင့် တစ်ရံပြီးတစ်ရံ ဝယ်ဖြစ်စီးဖြစ်ရင်းကနေ ဘယ်လိုလုပ်ပြီး ဒီအခြေအနေကို ရောက်သွားလို့ ရောက်သွားမှန်းတောင် မသိဘူး။ နောက်တစ်ချက်က အရင်ကဆို ဖိနပ်စီးရတဲ့ အလုပ်နဲ့ လဲရတာကို ပျင်းလွန်းလို့ ဖိနပ်ကို မချွတ်ခဲ့ဘူး။ အခုကျတော့ တစ်ရံပြီးတစ်ရံ ချွတ်လိုက် ဝတ်လိုက်နဲ့။ အဆင်ပြေအသားကျလို့။
ခရီးဆောင်အိတ်သယ်ပြီး တစ်နေရာရာသွားရမယ်ဆိုရင် ကျွန်တော့်အကြိုက်ဆုံး ဖိနပ်ကို ယူဖြစ်တယ်၊ အပိုအနေနဲ့ အားကစားဖိနပ်တစ်ရံလည်း အမြဲထည့်ဖြစ်တယ်ဗျ။ ခရီးမထွက်ဖြစ်ခင် နောက်ဆုံးအချိန်ထိ တွေးမိလေ့ရှိတဲ့ အတွေးက “ဖြစ်နိုင်ရင် ငါလိုတဲ့ ပစ္စည်းတွေ အားလုံး ယူသွားလို့ ရရင် ကောင်းသား” ဆိုပြီးတော့ပါ။ မသိရင် ခရီးတခါထွက်တိုင်း အိမ်ကိုပါ ရွေ့သွားရတော့မလိုမျိုး။ ဒါပေမဲ့ တကယ်တမ်း တစ်နေရာရာ ရောက်သွားလို့ ဝတ်စားမယ်ဆိုတော့လည်း သူ့ဟာနဲ့သူ အဆင်ပြေသွားတာပဲ။ အိမ်မှာလိုမျိုး အရာအားလုံး လိုနေတာမျိုး မဖြစ်တော့ဘူး။ ရှိတာနဲ့ အဆင်ပြေသွားတယ်။
ဒီလိုဖြစ်တာက ဖိနပ်ပဲ မဟုတ်ဘူးဗျ။ အရာအားလုံးကို ပြောတာပါ။ ကျွန်တော်တို့ကတော့ ကိုယ်စီ ရှိနေကြတဲ့ အစွဲအလမ်းလေးတွေကြောင့် ဟိုဟာလိုမယ် ဒီဟာလိုမယ် ထင်တတ်ကြတယ်။ အမှန်တော့ ရှိတာနဲ့ အဆင်ပြေအောင် နေလို့ ရပြီးသား။ အဆင်ပြေအောင် နေဖို့ မကြိုးစားမိကြတာပဲ ရှိတာဗျ။ ဘယ်သူမဆို ဒီလို အကျင့်တွေ ရှိတတ်မှန်း သိလို့လည်း ရှေးက တပဓမ္မဆရာတွေက ဒီအကျင့်နဲ့ပတ်သက်ပြီး ဆိုဆုံးမခဲ့ကြတာပါ။
“လိုတာမရလို့ ရတာလေးနဲ့ အဆင်ပြေအောင် လုပ်ရတော့မှ မလိုအပ်ဘဲ လက်ရကြိုးစားထားမိသမျှကို နောင်တယူတတ်ကြတယ်။ မလိုတာကို မလိုကြောင်း မြင်သိနိုင်အောင် မယူခခင်ကတည်းက ကြိုးစားထားသင့်တယ်။”
သေချာပြန်တွေးကြည့်တော့လည်း ဟုတ်သားပဲ။ ကျွန်တော်တို့ ဘဝမှာ မလိုအပ်ဘဲ ယူထားမိတဲ့ ဥစ္စာပစ္စည်းတွေ ဘယ်လောက်တောင် ရှိနေကြမလဲ။ ကြိုက်မိလို့ ဝယ်ထားမိတဲ့ အပိုတွေ အများကြီး ရှိကို ရှိနေမှာပါ။ အဝတ်အစားကစလို့၊ ဖိနပ်အဆုံး၊ အိုးခွက် ပန်းကန် ကော်ဖီခွက်ကစလို့ အိမ်သုံးလျပ်စစ်ပစ္စည်းတွေ အများကြီး ရှိကို ရှိမှာပါ။ ပြောရရင် မရှိလို့လည်း ဘာမှမဖြစ်တဲ့ အရာတွေ အများကြီး ပိုနေမှာဗျ။
ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် အစွဲမထားဖို့အရေးကြီးတယ်ဗျ။ လက်ဝတ်ရတနာတွေ၊ ဖိနပ်တွေ၊ အဝတ်အစားတွေ၊ ဒါမှမဟုတ် မရှိရင် မနေတတ်လောက်အောင် စွဲနေမိတဲ့အရာတွေ မရှိသင့်ပါဘူး။ ဖြစ်နိုင်ရင် အစွဲမကြီးတာ အကောင်း
Unlock to read this premium article with 100 points.