Author's Profile Photo

Nicolette

23/03/2024

English A2 Level အကြောင်း

1 min read
Personal Development
Education
General Knowledge
English A2 Level အကြောင်း's photo


English A2 level ကို Elementary ဒါမှမဟုတ် Pre-intermediate လို့ သတ်မှတ်ထားပြီး ဒီ level ကို ရောက်ရှိနေသူတွေဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ ဈေးဝယ်ထွက်ခြင်း၊ ခရီးသွားခြင်း နှင့် ပတ်သက်သော အသုံးအနှုန်းများ၊ အလုပ်အကိုင်နှင့် ပတ်သက်သော အသုံးအနှုန်းများကို နားလည်ပြောဆိုနိုင်ပါတယ်။



A2 Level မှာ သိထားသင့်တဲ့ စကားပြောဆိုနည်းများ


⭐ နေ့စဉ်လုပ်နေကျ အမူအကျင့်များနှင့်
အလေ့အကျင့်များကို ပြောပြခြင်း


⭐ မိမိလုပ်နိုင်သော အလုပ်များနှင့် မလုပ်နိုင်သော အလုပ်များကို ပြောပြခြင်း


⭐ အတိတ်မှာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောဆိုခြင်း


⭐ လမ်းမေးခြင်း / လမ်းညွှန်ခြင်း


⭐ ကိုယ်ရေးကိုယ်တာ ခံစားချက်များကို ဖော်ပြခြင်း


⭐ နှိုင်းယှဉ်မှုများ ပြုလုပ်ခြင်း


⭐ အလုပ်အကိုင်များ အကြောင်း


⭐ နေရာများအကြောင်း


⭐ စားသောက်ဆိုင်မှာ အစားအသောက်မှာခြင်း


⭐ အနာဂါတ်အစီအစဉ်များကို ပြောပြခြင်း




A2 Level မှာ သိထားသင့်တဲ့ ဝေါဟာရများ


⭐ ကိုယ်ရေးကိုယ်တာ ခံစားချက် အသုံးအနှုန်းများ


⭐ အစားအသောက်နာမည်များ


⭐ ပညာရေးအခေါ်အဝေါ်များ


⭐ အလုပ်အကိုင် အသုံးအနှုန်းများ


⭐ ရာသီဉတု


⭐ အားလက်ရက်


⭐ မြို့တွင်းရှိနေရာများ (ဉပမာ-ကစားကွင်း၊ ရုပ်ရှင်ရုံ၊ ပန်းခြံ)


⭐ ကျန်းမာရေး အခေါ်အဝေါ်များ (အများကြီးမလိုပါဘူး အနည်းငယ်လောက်ပါပဲ)


⭐ ခရီးသွား အခေါ်အဝေါ်များ



A2 Level အတွက် Grammar

⭐ Questions words

⭐ Adverbs of frequency

⭐ Past simple

⭐ Present continuous

⭐ Present perfect simple

⭐ Prepositions of time and place

⭐ Comparatives and superlatives

⭐ Like + ing

⭐ Future simple: will

⭐ Future: going to

⭐ Past continuous


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️

Keep Reading

အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ် ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါ