Rachel
ဒီအကြောင်းအရာက စာဖတ်သူတွေ တော်တော်များများကျော်သွားတဲ့ အရာတစ်ခု၊ ရိုးရှင်းတဲ့အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူငယ်တွေ တော်တော်များများက Social Media သုံးရင်းဖြစ်စေ၊ မိမိပတ်ဝန်းကျင်မှာဖြစ်စေ အမြဲလိုလိုတွေ့မြင်နေရတဲ့ English စာတွေကို ဖတ်တတ်ရဲ့လားဆိုတော့ ဖတ်တတ်ကြကောင်း ဖတ်တတ်ပေမဲ့ ကျွမ်းကျွမ်းကျင်ကျင် တိုးတက်အောင် အချိန်ပေးပီး မလေ့လာမိကြတာများပါတယ်။ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ English ကိုသာ ကျွမ်းကျင်မယ်ဆိုရင် အကျိုးကျေးဇူးများမှာက အသေအချာပဲဆိုတော့ English ဘာသာစကားကို တိုးတက်လာအောင် ဘယ်လိုလုပ်သင့်လဲဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေချင်ပါတယ်။
1. Be Patient and Persistent
English ကို ကျွမ်းကျင်လာအောင် လုပ်တဲ့အချိန်မှာ အဓိကအားဖြင့် စိတ်ရှည်ရပါမယ်၊ ဇွဲရှိရပါမယ်။ သင်ဘယ်နှစ်လလေ့လာပြီး အဆင့်တစ်ခုကိုရောက်ရမယ်ဆိုတာထက် ဇွဲရှိရှိနဲ့ လေ့လာရပါမယ်။
2. Immerse Yourself in English
သင်ကိုယ်တိုင် English လေ့လာရေးထဲ မြုပ်နှံလိုက်ပါ။ ဟုတ်ပါတယ်….ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါမှာ သင်ကိုယ်တိုင်ရဲ့ မြင်နိုင်တဲ့နေရာပတ်ပတ်လည်မှာ အဲ့ဒီဘာသာစကားရှိသင့်ပါတယ်။ အကယ်၍ သင်ဟာ ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်တောင်မှ English Movie ဖြစ်စေ Series ဖြစ်စေ ကြည့်သင့်ပါတယ်။ သင်နားထောင်တဲ့ သီချင်း၊ Podcast၊ သင်ဖတ်တဲ့ စာအုပ် အစစအရာရာက English ပဲ ဖြစ်သင့်ပါတယ်။
3. Reading
Reading skill မှာဆိုရင်တော့ ကိုယ့်levelနဲ့ကိုက်ညီတဲ့ စာအုပ်တွေ သတင်းစာတွေ websites တွေကနေဆင့် အသုံးများတဲ့ Vocabulary တွေ Grammar structure တွေကို လေ့လာနိုင်ပါတယ်။
4. Writing
Writing skill မှာတော့ journalတွေ essayတွေလိုမျိုး ရိုးရှင်းလှတဲ့ အကြောင်းအရာတွေကို နေ့စဉ်ရေးနိုင်ရင် လေ့ကျင့်ပီးသား ဖြစ်သွားမှာပါ။ Writing လေ့ကျင့်ခြင်းအားဖြင့် သင့်ရဲ့အတွေးတွေကို English လို ဘယ်လိုဖော်ပြနိုင်မလဲဆိုတာရယ် Grammar လေ့ကျင့်မှုရယ်ကို အထောက်အကူဖြစ်စေမှာပါ။
5. Speaking
လုံးဝကိုလေ့ကျင့်ရမယ့် Output skill ဖြစ်တဲ့ speaking ကို သူငယ်ချင်းတွေ၊ language exchange partners တွေနဲ့ လေ့ကျင့်နိုင်ရုံသာမက language exchange websites တွေကို အသုံးပြုပြီး သင့်ရဲ့ Pronounciation ကို တိုးတက်စေမှာဖြစ်ပါတယ်။
6. Listening
English Podcast, TED Talks တွေနားထောင်ခြင်းနဲ့ English သတင်းတွေနားထောင်ခြင်းကတော့ English ကို ဘယ်လို Accent တွေ၊ ဘယ်လိုမျိုးနှုန်းတွေနဲ့ ပြောကြတယ်ဆိုတာကို နားလည်သဘောပေါက်နိုင်မယ့် ထိရောက်ပြီးအကျိုးရှိလှတဲ့ နည်းလမ်းဖြစ်ပါတယ်။
7. Learning Resources
Skills တွေလည်းပြောပြီးပြီဆိုတော့ learning resource အနေနဲ့ကတော့ online မှာ များပြားစွာရှိတဲ့ အနက် Duolingo, BBC learning English, Babbel နဲ့ Coursera တို့လို Popular ဖြစ်တဲ့ Online courses and Platforms တွေကနေဖြစ်စေ၊ English with Lucy, Learn English with Emma, Speak English with Vanessa, Learn English with English Class 101.com စတဲ့ Youtube Channel တွေကနေ ဖြစ်စေ လေ့လာနိုင်ပါတယ်။ ကိုယ်တိုင်လည်းဒီနည်းလမ်းလေးတွေ သုံးနေတာမလို့ အားလုံးပဲ အဆင်ပြေဖို့ မျှော်လင့်ပါတယ်နော်။
Keep Reading