အက္ခရာ - Haruki
အပိုင်း ၂ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၂ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။
၁။ ဝေဖန်သံတွေကို ခံနိုင်ပြီလား
* အောင်မြင်လာတဲ့သူတွေဟာ ကြိုးစားမှုတစ်ခုခုရှိလို့သာ အောင်မြင်မှုကို ရရှိလာကြသူတွေပါ။
* အလိုလိုနေရင်းထိုင်ရင်း အောင်မြင်လာသူဆိုတာ ရှားပါတယ်။
* ကြိုးစားလို့ အောင်မြင်လာတဲ့အခါ ဝေဖန်သံတွေဆိုတာ အတူလိုက်ပါလာတတ်ပါတယ်။
* အောင်မြင်သူတွေဆိုတာ ဝေဖန်သံတွေဟာ ကိုယ့်အတွက်အားနည်းချက်ဖြစ်နေတယ်ဆိုရင် ကောင်းအောင် ချက်ချင်းပြုပြင်တတ်သူတွေပါ။
* အောင်မြင်သူတွေဆိုတာ ဝေဖန်သံတွေဟာ ကိုယ့်အတွက်အားနည်းချက်ဖြစ်မနေဘူးဆိုရင် ချက်ချင်းမေ့ထားတတ်သူတွေပါ။
* အောင်မြင်သူတွေဆိုတာ ဝေဖန်သံတွေကြောင့် ပိုမိုတိုးတက်အောင် အသုံးချတတ်သူတွေပါ။
* အောင်မြင်သူတွေဆိုတာ ဝေဖန်သံတွေကြောင့် အရာရာပြောင်းလဲအောင် လုပ်ဆောင်တတ်သူတွေပါ။
* အောင်မြင်သူတွေဆိုတာ ဝေဖန်သံတွေကို တုန်လှုပ်ကြောက်လန့် မနေပါဘူး။ ဝေဖန်သံကို ခံနိုင်သူတွေဖြစ်ပါတယ်။
* စာဖတ်သူလေးရော ဝေဖန်မှုနဲ့ ကြုံရပြီလား။ ဝေဖန်သံကို ခံနိုင်ပြီလား။
၂။ စောင့်ကြည့်နေသူတွေများပါတယ်
* လူတွေဟာ ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို ပုံစံမျိုးစုံနဲ့ စောင့်ကြည့်နေကြတာတွေရှိပါတယ်။
* တချို့က အားပေးစိတ်နဲ့စောင့်ကြည့်တတ်သလို တချို့က မနာလိုစိတ်နဲ့ စောင့်ကြည့်နေတတ်ကြပါတယ်။
* တချို့က အကောင်းမြင်စိတ်နဲ့စောင့်ကြည့်တတ်သလို တချို့က မကောင်းမြင်စိတ်နဲ့ စောင့်ကြည့်နေတတ်ကြပါတယ်။
* တချို့က အတုယူလေးစားတဲ့စိတ်နဲ့ စောင့်ကြည့်နေတတ်သလို တချို့က ပြိုင်ဘက်သဘောနဲ့ စောင့်ကြည့်နေတတ်ကြပါတယ်။
* ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တိုင်းဟာ ကိုယ့်ဘဝကိုသရုပ်ဖော်ပြနေကြရတာမို့ ဖရိုဖရဲဖြစ်သလို တစ်ခါမှမလုပ်ပါနဲ့။ ကိုယ်လုပ်တဲ့အလုပ်တိုင်းကို စည်းစနစ်ကျကျ သေသေသပ်သပ်ဖြစ်အောင်လုပ်ပါ။
* စည်းစနစ်ကျကျ သေသေသပ်သပ်လုပ်တတ်တာဟာ ကိုယ်ပိုင်အရည်အသွေးတစ်ခုဖြစ်ပြီး မနာလိုမှုနဲ့ မကောင်းမြင်မှုစိတ်ရှိသူတွေကို ကျော်လွှားစေနိုင်ပါတယ်။
၃။ မလုပ်ချင်လည်းလုပ် လုပ်ချင်လည်းလုပ်ပါ
* ပညာကို မသင်ချင်လည်းသင် သင်ချင်လည်းသင်ယူရပါမယ်။ ပညာသင်ယူလာတဲ့အခါ ဘဝက သတ္တိရှိရှိနဲ့ ယုံကြည်စွာ ရပ်တည်လို့ရပါတယ်။ ပညာမသင်ယူဘဲနေချင်သလိုနေမိရင်တော့ တစ်ချိန်ချိန်မှာ အရာရာကို ထိတ်လန့်ရပြီး နောင်တရတတ်ပါတယ်။
* အလုပ်ကို မလုပ်ချင်လည်းလုပ် လုပ်ချင်လည်းလုပ်ရပါမယ်။ အလုပ်လုပ်လာတဲ့အခါ ဘဝက ကြီးပွားတိုးတက် အောင်မြင်မှုတွေရပါတယ်။ အလုပ်မလုပ်ဘဲ နေချင်သလိုနေမိရင်တော့ တစ်ချိန်ချိန်မှာ ဒုက္ခရောက်တတ်ပါတယ်။
* ကုသိုလ်ကောင်းမှုကို မလုပ်ချင်လည်းလုပ် လုပ်ချင်လည်းလုပ်ရပါမယ်။ ကုသိုလ်ကောင်းမှု ပြုလုပ်လာတဲ့အခါ ဘဝက ကောင်းကျိုးတွေရပါတယ်။ ကုသိုလ်ကောင်းမှုမပြုလုပ်ဘဲ နေချင်သလိုနေမိရင်တော့ တစ်ချိန်ချိန်မှာ ကိုယ်စိတ်နှစ်ဖြာပူလောင်တတ်ရပါတယ်။
၄။ ကိုယ်တိုင်ပြုလုပ်ရတာပါ
* ကိုယ့်ဘဝကို အထက်တန်းရောက်အောင် ကိုယ်တိုင်ပဲပြုလုပ်ရသလို အောက်တန်းရောက်အောင်လည်း ကိုယ်ပြုလုပ်မှဖြစ်ပါတယ်။ အထက်တန်းရောက်အောင် အောက်တန်းရောက်အောင် အခြားသူက မပြုလုပ်နိုင်ပါဘူး။
* ကိုယ့်ဘဝကို ဂုဏ်ရှိအောင် ကိုယ်တိုင်ပဲပြုလုပ်ရသလို ဂုဏ်မဲ့အောင်လည်း ကိုယ်ပြုလုပ်မှဖြစ်ပါတယ်။ ဂုဏ်ရှိအောင် ဂုဏ်မဲ့အောင် အခြားသူကမပြုလုပ်နိုင်ပါဘူး။
* ကိုယ့်ဘဝကို နာမည်ကောင်းရအောင် ကိုယ်တိုင်ပဲပြုလုပ်ရသလို နာမည်ပျက်အောင်လည်း ကိုယ်ပြုလုပ်မှဖြစ်ပါတယ်။ နာမည်ကောင်းအောင် နာမည်ပျက်အောင် အခြားသူက မပြုလုပ်နိုင်ပါဘူး။
* ကိုယ့်ဘဝကို တိုးတက်ကြီးပွားအောင် ကိုယ်တိုင်ပဲပြုလုပ်ရသလို ဆင်းရဲဆုတ်ယုတ်အောင်လည်း ကိုယ်ပြုလုပ်မှဖြစ်ပါတယ်။ တိုးတက်ကြီးပွားအောင် ဆင်းရဲဆုတ်ယုတ်အောင် အခြားသူကမပြုလုပ်နိုင်ပါဘူး။
* ကိုယ့်ဘဝကို အေးချမ်းအောင် ကိုယ်တိုင်ပဲပြုလုပ်ရသလို ပူလောင်အောင်လည်း ကိုယ်ပြုလုပ်မှဖြစ်ပါတယ်။ အေးချမ်းအောင် ပူလောင်အောင် အခြားသူကမပြုလုပ်နိုင်ပါဘူး။
၅။ ခံနိုင်ရည်ရှိမှ ဖြစ်ပါမယ်
* လောကကြီးထဲမှာနေတဲ့အခါ ကိုယ့်ကိုချစ်တဲ့သူတွေရှိသလို မုန်းတဲ့သူတွေလည်းရှိပါတယ်။
* ချီးမွမ်းတဲ့သူတွေလည်း ရှိသလို ကဲ့ရဲ့တဲ့သူတွေလည်းရှိပါတယ်။
* အကောင်းတွေးတဲ့သူတွေရှိသလို မကောင်းတွေးတဲ့သူတွေလည်းရှိပါတယ်။
* အကောင်းပြောတဲ့သူတွေလည်းရှိသလို မကောင်းပြောတဲ့သူတွေလည်းရှိပါတယ်။
* အကောင်းမြင်တဲ့သူတွေရှိသလို မကောင်းမြင်တဲ့သူတွေလည်းရှိပါတယ်။
* ဝမ်းမြောက်သူတဲ့သူတွေရှိသလို မနာလိုတဲ့သူတွေလည်းရှိပါတယ်။
* ချစ်တဲ့သူ၊ ချီးမွမ်းတဲ့သူ၊ အကောင်းတွေးသူ၊ အကောင်းပြောသူ၊ အကောင်းမြင်သူ၊ ဝမ်းမြောက်သူတွေကြောင့် အောက်ခြေလွတ်တာ၊ မာန်စွယ်တက်တာ မဖြစ်ပါစေနဲ့။ ဘဝပျက်စီးတတ်ပါတယ်။ သတိလေးထားပေးပါ။
* မုန်းတဲ့သူ၊ ကဲ့ရဲ့တဲ့သူ၊ မကောင်းတွေးသူ၊ မကောင်းပြောသူ၊ မကောင်းမြင်သူ၊ မနာလိုသူတွေကြောင့်လည်း စိတ်ဆင်းရဲတာ၊ စိတ်ဓာတ်ကျတာ မဖြစ်ပါစေနဲ့။ ဘဝပျက်စီးတတ်ပါတယ်။ သတိလေးထားပေးပါ။
* ဘဝဆိုတာ အဆိုးနဲ့အကောင်း နှစ်ခုလုံးအပေါ်မှာ တကယ့်ကို ခံနိုင်ရည်ရှိမှ ရပ်တည်လို့ရပါမယ်။ တကယ့်ကို ခံနိုင်ရည်ရှိမှဖြစ်ပါမယ်။
၆။ စာဖတ်ဖို့ မမေ့ပါနဲ့
* စာဖတ်တဲ့သူဟာ စာမဖတ်တဲ့သူထက် အရာရာမှာ အမြဲတမ်းသာလွန်နေတယ်ဆိုတာ တကယ်အမှန်ပါ။
* စာဖတ်တဲ့သူက တွေးနိုင်ခေါ်နိုင်တယ်။စာမဖတ်တဲ့သူက မတွေးနိုင်မခေါ်နိုင်ပါဘူး။
* စာဖတ်တဲ့သူက ပြောနိုင် ဆိုနိုင်တယ်။ စာမဖတ်တဲ့သူက မပြောနိုင် မဆိုနိုင်ပါဘူး။
* စာဖတ်တဲ့သူက အရာရာမှာ ဦးဆောင်နိုင်တယ်။ စာမဖတ်တဲ့သူက အရာရာကို ဦးမဆောင်နိုင်ပါဘူး။
* စာဖတ်တဲ့သူက အရာရာမှာ အမှားအမှန် ခွဲခြားနိုင်တယ်။ စာမဖတ်တဲ့သူက အရာရာမှာ အမှားအမှန် မခွဲခြားနိုင်ပါဘူး။
* စာဖတ်တဲ့သူက ဘေးအန္တရာယ်တွေကို သိမြင်ကာကွယ်နိုင်တယ်။ စာမဖတ်တဲ့သူက ဘေးအန္တရာယ်တွေကို မသိမမြင် မကာကွယ်နိုင်ပါဘူး။
* စာဖတ်သူက တိုးတက် အောင်မြင်အောင် လုပ်နိုင်တယ်။ စာမဖတ်သူက တိုးတက်အောင်မြင်အောင် မလုပ်နိုင်ပါဘူး။
* ဒါကြောင့် ကိုယ်တိုင်လည်း စာဖတ်ပါ။ ကိုယ်နဲ့ဆက်စပ်သူတွေကိုလည်း စာဖတ်ဖို့တိုက်တွန်းပါ။ စာဖတ်ဖို့မမေ့ပါနဲ့။ စာဖတ်ဖြစ်အောင်ဖတ်ပါ။
၇။ အထင်မသေးမိပါစေနဲ့
* အထင်သေးခြင်းဆိုတာ ကိုယ့်အတွက် အရှုံးကိုဖြစ်စေတတ်တဲ့ အနုတ်လက္ခဏာပါ။
* ဒါကြောင့် လူတိုင်းကို အထင်မသေးမိပါစေနဲ့။ အထင်သေးမိရင် ကိုယ့်အတွက် အကျိုးယုတ်ကာ ဆုံးရှုံးရတတ်ပါတယ်။
* ပြိုင်ပွဲတိုင်းကို အထင်မသေးမိပါစေနဲ့။ အထင်သေးမိရင် ကိုယ့်အတွက် နိုင်ပွဲကင်းကွာ ရှုံးပွဲကြုံရတတ်ပါတယ်။
* စာမေးပွဲတိုင်းကို အထင်မသေးမိပါစေနဲ့။ အထင်သေးမိရင် ကိုယ့်အတွက် အောင်ပွဲဝေးကာ ကျရှုံးရတတ်ပါတယ်။
* အလုပ်တိုင်းကို အထင်မသေးမိပါစေနဲ့။ အထင်သေးမိရင် ကိုယ့်အတွက် တိုးတက်မှုဝေးကွာ အရှုံးနဲ့သာ ရင်ဆိုင်ရတတ်ပါတယ်။
* ဘယ်ရာကိုမှ အထင်မသေးမိပါစေနဲ့။ အထင်သေးမိကတည်းက ကိုယ့်အတွက် ရှုံးနိမ့်ပြီးသား ဖြစ်နေတတ်ပါတယ်။
* အောင်မြင်မှုတွေရချင်ရင်တော့ အထင်မသေးမိဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရမှာ ဖြစ်ပါတယ်။
၈။ ပိုမိုတိုးတက်အောင် ဘယ်လိုနေထိုင်လုပ်မလဲ
* ဘယ်နေရာပဲနေနေ ဘယ်မှာပဲလုပ်လုပ် အများက မေတ္တာရှိအောင် နေထိုင်လုပ်ကိုင်ပါ။
* ဘယ်နေရာမှာပဲနေနေ ဘယ်မှာပဲလုပ်လုပ် အများက ချစ်ခင်အောင် နေထိုင်လုပ်ကိုင်ပါ။
* ဘယ်နေရာမှာပဲနေနေ ဘယ်မှာပဲလုပ်လုပ် အများက ယုံကြည်လေးစားအောင် နေထိုင်လုပ်ကိုင်ပါ။
* အများမေတ္တာမရရှိရင်၊ ချစ်ခင်မှုမရရှိရင်၊ ယုံကြည်လေးစားမှုမရရှိရင် ဘယ်လောက်ပဲတော်နေပါစေ ရေရှည်မရပ်တည်နိုင်သလို ရှေ့ဆက်ဘာမှလည်းလုပ်လို့မရနိုင်ပါဘူး။
* အများမေတ္တာရရှိမှ၊ ချစ်ခင်မှုရရှိမှ၊ ယုံကြည်လေးစားမှုရရှိမှ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်လို့ရရှိနိုင်သလို ကိုယ်လိုရာပန်းတိုင်ကိုလည်း ခလုတ်မထိ ဆူးမငြိပဲ တစိုက်မတ်မတ် ရောက်ရှိနိုင်ပါမယ်။
* အများမေတ္တာရရှိအောင်၊ ချစ်ခင်မှုရရှိအောင်၊ ယုံကြည်လေးစားမှုရရှိအောင် မိမိရဲ့ စိတ်ကူးအတွေးတွေ၊ အပြောအဆိုတွေ၊ အလေ့အကျင့်အလုပ်တွေကို ကောင်းမွန်အောင်ပြုပြင်ပါ။ ကောင်းမွန်အောင် ပြုပြင်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးရင် အများရဲ့ မေတ္တာ၊ ချစ်ခင်မှု၊ ယုံကြည်လေးစားမှုတွေကို ရရှိမှာဖြစ်သလို ကိုယ့်ဘဝကလည်း ပိုမိုတိုးတက်အောင်မြင်မှုများ ရရှိနိုင်မှာ သေချာပါတယ်။
၉။ သူများကို အပြစ်မပြောပါနဲ့
* တချို့လူတွေက ကိုယ်အဆင်မပြေရင် သူများကို အပြစ်ပြောလေ့ရှိတတ်ပါတယ်။ ကိုယ့်အဆင်မပြေတာ ကိုယ့်ကြောင့်ပါ။
* တချို့လူတွေက ကိုယ်အသုံးမကျရင် သူများကို အပြစ်ပြောလေ့ ရှိတတ်ပါတယ်။ ကိုယ်အသုံးမကျတာ ကိုယ့်ကြောင့်ပါ။
* တချို့လူတွေက ကိုယ်မအောင်မြင်ရင် သူများကို အပြစ်ပြောလေ့ရှိတတ်ပါတယ်။ ကိုယ်မအောင်မြင်တာ ကိုယ့်ကြောင့်ပါ။
* တချို့လူတွေက ကိုယ်ဆုံးရှုံးနစ်နာရင် သူများကို အပြစ်ပြောလေ့ရှိတတ်ပါတယ်။ ကိုယ်ဆုံးရှုံးနစ်နာတာ ကိုယ့်ကြောင့်ပါ။
* တချို့လူတွေက ကိုယ်လိုချင်တာမရရင် သူများကို အပြစ်ပြောလေ့ရှိတတ်ပါတယ်။ ကိုယ်လိုချင်တာမရတာ ကိုယ့်ကြောင့်ပါ။
* တချို့လူတွေက ကိုယ်လမ်းမှားရောက်သွားရင် သူများကိုအပြစ်ပြောလေ့ရှိ တတ်ပါတယ်။ ကိုယ်လမ်းမှားရောက်သွားတာ ကိုယ့်ကြောင့်ပါ။
* တချို့လူတွေက ကိုယ်ပြဿနာဖြစ်ရင် သူများကို အပြစ်ပြောလေ့ရှိတတ်ပါတယ်။ ကိုယ်ပြဿနာဖြစ်တာ ကိုယ့်ကြောင့်ပါ။
၁၀။ အားမလျှော့လိုက်ပါနဲ့
* ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေဖြစ်ဖို့ ကြိုးစားနေတဲ့အခါမှာ အခက်အခဲ အမျိုးမျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။
* အဆင်မပြေမှုတွေနဲ့ကြုံရတဲ့အခါ အားမလျှော့လိုက်ပါနဲ့။
* ကျရှုံးမှုတွေနဲ့ကြုံရတဲ့အခါ အားမလျှော့လိုက်ပါနဲ့။
* ငြင်းပယ်မှုတွေနဲ့ကြုံရတဲ့အခါ အားမလျှော့လိုက်ပါနဲ့။
* အတိုက်အခိုက်တွေနဲ့ကြုံရတဲ့အခါ အားမလျှော့လိုက်ပါနဲ့။
* စိတ်ညစ်စရာတွေနဲ့ကြုံရတဲ့အခါ အားမလျှော့လိုက်ပါနဲ့။
* အားလျှော့လိုက်ရင် ကိုယ်ဖြစ်ချင်တာတွေ မဖြစ်လာနိုင်တော့ပါဘူး။
* ဒါကြောင့် အားမလျှော့လိုက်ပါနဲ့၊ တစ်မျိုးမဟုတ်တစ်မျိုး ဆက်ကြိုးစားပါ။
* ကြိုးစားမှုဟာ အလကားဘယ်တော့မှဖြစ်မသွားပါဘူး။ ကြိုးစားမှုရဲ့နောက်မှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ပါတယ်။
မိမိကိုယ်ကို တန်ဖိုးရှိအောင် တိုးတက်ပြောင်းလဲနိုင်ပါစေခင်ဗျာ။
မိမိကိုယ်ကိုပြုပြင်ခြင်း (၁)
https://www.sarphat.com/articles/2684
ᏂᏗᏒᏬᏦᎥ ( April 8,2024 . 9:26 AM )
Keep Reading