Author's Profile Photo

မြ (စံကားဝါမြေ)

8/05/2024

International Languagesတွေ လေ့လာဖို့အတွက် အကောင်းဆုံး APKလေးတစ်ခု *Busuu*

1 min read
Software Development
Education
International Languagesတွေ လေ့လာဖို့အတွက် အကောင်းဆုံး APKလေးတစ်ခု *Busuu*'s photo

❖ ဒီနေ့မှာတော့ မြက စာဖတ်သူလေးတွေအတွက် မိမိအမျိုးဘာသာစကားတင်မဟုတ်ဘဲ နိုင်ငံခြားဘာသာစကားတွေပါ တတ်မြောက်ထားမှ လူရာဝင်နိုင်မယ့် ခေတ်ကြီးမှာ နိုင်ငံခြားဘာသာစကားတွေ လေ့လာဖို့အတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံး APKလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။


➠ အဲဒါလေးက ဘယ်APKလေး ဖြစ်မလဲဆိုတော့....
*Busuu* ပါရှင်။


❐ Busuu APKကို စတင်ပြီး အသုံးပြုတော့မယ်ဆိုရင် Free APKနဲ့ Premium APKဆိုပြီး (၂)မျိုးရှိပါတယ်ရှင်။


❐ မြကတော့ Free APKကိုပဲ ကြော်ငြာကြည့်ပြီးတော့ လေ့လာပါတယ်ရှင်။ (Premium APK မဝယ်နိုင်သေးလို့ပါရှင်)


❐ Busuuကို Downloadဆွဲပြီးပြီဆိုရင် ပထမဦးဆုံး

◆ G-mail Accountထည့်၊
◆ အမည်ထည့်၊
◆ Passwordထည့်ပြီးရင် စတင်လေ့လာလို့ရပါပြီရှင်။


❐ Busuuမှာ လေ့လာလို့ရတဲ့ ဘာသာစကားလေးတွေကတော့.....

1. English
2. Chinese
3. Korean
4. Japanese
5. Spanish
6. French
7. German
8. Italian
9. Polish
10. Turkish
11. Russian
12. Arabic
13. Dutch
14. Portuguese

ဆိုပြီးတော့ ဘာသာစကား(၁၄)မျိုးတောင်မှ APKလေး တစ်ခုထဲမှာ လေ့လာလို့ရတယ်နော်။


❐ ဒါ့အပြင် နောက်ထပ် အခွင့်အရေးလေးကတော့ ဒီဘာသာစကား(၁၄)မျိုးလုံးကို တစ်ခါတည်း အချိန်ရလျှင် ရသလို အကောင့်တစ်ကောင့်ထဲရှိရုံနဲ့ လေ့လာလို့ရပါတယ်နော်။ (မြဆိုရင် တစ်ခါထဲ Englishနဲ့ Chineseတွဲပြီး လေ့လာဖြစ်ပါတယ်ရှင်။)


❐ ဒီအချက်တွေအပြင် နေ့စဉ် အချိန်ဇယားလေးဆွဲကာ Study Planလေးချပြီး လေ့လာလို့လည်း ရပါသေးတယ်ရှင်။


❐ Study Planအပြင် Weekly Challengeတွေလည်း ရှိသေးတယ်နော်။


❐ နောက်ထပ် နိုင်ငံတကာက Native Speakersတွေနဲ့လည်း Friendsလုပ်လို့ရသလို သူများရဲ့ Practiceလေးကို Correctပေးရင်လည်း မိမိက (2) Stars ရနိုင်တဲ့ အစီအစဉ်လေးလည်း ပါဝင်သေးပါတယ်နော်။


❐ ဒီအချက်တွေအပြင် သူက Levelအလိုက် သင်ခန်းစာလေးတွေ ခွဲပေးထားတာ ဖြစ်တဲ့အတွက် မိမိကြိုက်နှစ်သက်ရာ Levelကနေ စတင်လေ့လာလို့လည်း ရသေးတယ်နော်။


❐ နောက်ထပ် အထူးပြောကြားချင်တာလေးတစ်ခုကတော့ မိမိက A1 Level ကို လေ့လာနေတယ် ဆိုပါစို့။ အဲဒီ A1 Levelရဲ့ သင်ခန်းစာတွေအကုန် လေ့လာပြီးရင်တော့ Testဖြေရပါတယ်ရှင်။


❐ အဲဒီTestမှာ အောင်မှတ်ရတာနဲ့ (3) Minutes အတွင်းမှာပဲ Certificateကိုလည်း G-mailကနေတစ်ဆင့် ပို့ပေးပါတယ်ရှင်။


➠ ကဲ.... အဲဒါဆိုရင် လိုင်းသုံးပြီး ဖုန်းကြည့်နေမယ့်အစား Busuu APKလေးထဲကနေ ဘာသာစကားလေးတွေ လေ့လာရင်းနဲ့ Certificateလေးတွေ ထုတ်ယူလိုက်ကြရအောင်....။

တစ်နေ့ကို နာရီ‌ဝက်လေးပဲ အချိန်ပေးပြီး လေ့လာမယ်ဆိုရင်တောင်မှ အတော်လေးကို တိုးတက်ထူးခြားလာပါလိမ့်မယ်ရှင်။ 


  • ဘာသာစကားတွေ လေ့လာရတာ ဝါသနာပါတဲ့ စာဖတ်သူလေးတွေအတွက် ဖုန်းထဲမှာ မရှိမဖြစ် ထည့်ထားသင့်တဲ့ APKလေးတစ်ခုဖြစ်ပါတယ်ရှင်။


Busuu APKရဲ့ Play Store Links လေးကိုလည်း ချပေးထားပါတယ်ရှင်။ အလွယ်တကူ သွားရောက် Downloadဆွဲပြီး လေ့လာနိုင်ကြပါစေရှင်။




Check out "Busuu: Learn Languages"


https://play.google.com/store/apps/details?id=com.busuu.android.enc



စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
8.5.2024(Wednesday)

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။