Author's Profile Photo

SarPhat Author

8/05/2024

"ကျောင်းစာကြောင့် ပညာရေးကို မထိခိုက်စေနဲ့" Don't Let Schoolwork affect your Education !!!

1 min read
Life Style
Education
18 Again
"ကျောင်းစာကြောင့် ပညာရေးကို မထိခိုက်စေနဲ့"

Don't Let Schoolwork affect your Education !!!'s photo


ဒါက မြန်မာနိုင်ငံမှာတင်မကဘူး အနောက်နိုင်ငံတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပဲပဲ ကျောင်းပညာရေးကို ကမ္ဘာကြီးထင်နေကြတဲ့ ပြဿနာဆိုရင်လည်း မမှားဘူး ဒီလိုပြောလို့ ကျွန်တော်က ​ကျောင်းပညာရေးကို ဘလိမ်းချင်လို့ ပြောတာမဟုတ်ဘူး ပညာရေးဆိုတာ ဘယ်လိုအရာမျိုးလည်းဆိုတာကိုပဲ သိစေချင်တာ

ကမ္ဘာပေါ်မှာ ပညာရပ်အမျိုးမျိုးရှိတာ ကျွန်တော်မပြောလည်း ခင်ဗျားသိပြီးသား ဖြစ်မှာပါ ပညာရပ်တိုင်းက လေးစားမှုရသင့်ပေမယ့် အသုံးဝင်မှု၊မဝင်မှု အကျိုးပြုမှု မပြုမှုပေါ်မှာ မူတည်ပြီး တန်ဖိုးအနိမ့်အမြင့် ကွဲပြားသွားတယ် အသုံးချတဲ့သူအပေါ်မှာလည်း မူတည်ပါသေးတယ် ဒီလောကကြီးမှာအသက်ရှင်ရပ်တည်နိုင်ဖို့ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်မျိုးမျိုးကိုတော့ လူတိုင်းတတ်မြောက်ထားရလိမ့်မယ် တတ်လည်း တတ်မြောက်ထားသင့်တယ် ဒါကိုသိထားရင်ရပြီ ကျောင်းစာကမှ တကယ့်ပညာရေးလို့ထင်နေတဲ့သူတွေ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ထင်လို့ထင်မိနေမှန်း သတိမထားမိတဲ့သူတွေက အခုခေတ်မှာ ဒုနဲ့ဒေး အများကြီးပဲ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို ပိုဆိုး ပညာတတ်ဘွဲ့မရရင် ဘောင်မဝင်တော့မလို အနေအထား ဖြစ်နေတယ် ကျောင်းစာတတ်တာကို မကောင်းပြောတာမဟုတ်ဘူး ပညာတတ်ဘွဲ့ရ ပိုကောင်းတာပေါ့ ကျွန်တော်ပြောချင်တာက ပညာရေးရဲ့ သဘောတရားကိုပဲ လူတိုင်းမှာ တတ်ကျွမ်းတဲ့ အရာတစ်ခုခု ရှိကိုရှိတယ် အဲ့ဒါကို ရှာဖွေပြီး ခင်ဗျားရဲ့ ပညာရေးကို ကိုယ်တိုင်ဖန်တီးယူလို့ရတယ် ခင်ဗျားဟာ အခြေခံလူတန်းစားတစ်ယောက် ဆင်းရဲတဲ့သူတစ်ယောက် ဖြစ်နေရင်တောင် ဒီစာကို ဖတ်နိုင်ဖို့အတွက် ခင်ဗျား တတ်နိုင်သေးရင် ကံကောင်းနေသေးတယ် ခင်ဗျားထက် အခြေအနေအများကြီး ပိုဆိုးတဲ့သူတွေကို ခင်ဗျားတတ်ကျွမ်းတဲ့ပညာနဲ့ ဒီ့ထက်ပိုကြိုးစားပြီး ပိုအောင်မြင်အောင်လုပ်ပြီး ကူညီလို့ရနိုင်သေးတယ် ဆယ်တန်းအောင် ဘွဲ့ရပြီး ပိုက်ဆံရှိမှ မဟုတ်ဘူး ပြင်ပလောကမှာရှိတဲ့ တကယ်အသုံးဝင်တဲ့ ပညာရပ်တွေကို တတ်မြောက်အောင်လုပ်ပြီး ဒါမှမဟုတ် ခင်ဗျားကိုယ်ပိုင်ကျွမ်းကျင်တဲ့ ပညာရပ်ကို အသုံးချပြီး နေလို့ရတယ် နည်းနည်းတော့ ပိုပြီးပင်ပန်းလိမ့်မယ့် ဒါပေမယ့် ခင်ဗျားပိုပြီး ကြံ့ခိုင်လာလိမ့်မယ်။

နောက်ပြီး ပညာသင်နေတဲ့ကျောင်းသားတွေအနေနဲ့ ခင်ဗျားတို့ရဲ့ ပညာရပ်တွေကို ကြက်တူရွေးနှုတ်တိုက်သလိုမျိုး မသင်ပါနဲ့ လုပ်ငန်းမှာ အသုံးချလို့ရအောင်သင်ကြပါ ကိုယ်ကိုယ်တိုင် ပြင်ပကနေ အများကြီးလေ့လာသင့်ရင် လေ့လာပါ လေ့လာရဖို့လည်း များပါတယ် တစ်ခါတလေကျရင် ခင်ဗျားမလိုဘူးလို့ ထင်တာတွေလည်း မှတ်စရာရှိလာလိမ့်မယ် ခေါင်းထဲထည့်ဖို့ မပျင်းပါနဲ့ တချို့အရာလေးတွေက အခြေအနေနဲ့ အချိန်အခါကိုက်ရင် သူ့ဟာနဲ့သူ အသုံးဝင်လာတတ်တယ်။ အမြဲတမ်းစာကြမ်းပိုး လုပ်နေစရာလည်း မလိုဘူး အလုပ်ကသင်တယ် ဆိုတာမှာ ကိုယ်က သိပြီးကျွမ်းပြီးသားဆိုရင် ပိုတတ်လွယ်မှာ ဖြစ်တဲ့အတွက် အမြဲလေ့လာနေရင် ကိုကောင်းမယ်။ ကျောင်းတတ်ရင်းနဲ့လည်း တခြားပြင်ပကနေ တတ်သင့်တာတွေ လိုအပ်မယ့်အရာတွေ နဲ့အသက်မွေးဝမ်းကျောင်းပညာရပ်တချို့ကိုလည်း တတ်ထား သိထားပြီး ခင်ဗျားကိုယ်ခင်ဗျား improve လုပ်နိုင်ရင်တော့ ပိုကောင်းတယ်။ ကျောင်းစာတွေလုပ်ရင်းနဲ့ခင်ဗျားတို့ရဲ့ တကယ့်ပညာရေးကို မထိခိုက်စေချင်ဘူး ခင်ဗျားတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းတီးစေချင်ဘူး။ ကျွန်တော်ပြောချင်တာတွေကို ခင်ဗျား ချင့်ချိန်ပြီး နားလည်နိုင်လိမ့်မယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ လိုတာတွေ မလိုတာတွေကိုလည်း ခင်ဗျားဘာသာ ခွဲခြားနိုင်မယ်လို့ မျှော်လင့်မိတယ်။




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)