Author's Profile Photo

WHY:ဘာကြောင့်လဲ

9/05/2024

ဂြိုလ်တုတွေ ကောင်ကင်းကနေပြုတ်မကျဘဲ ဘာလို့ကမ္ဘာကိုပတ်နေနိုင်တာလဲ

1 min read
Education
General Knowledge
ဂြိုလ်တုတွေ ကောင်ကင်းကနေပြုတ်မကျဘဲ ဘာလို့ကမ္ဘာကိုပတ်နေနိုင်တာလဲ's photo

ဂြိုလ်တု(satellite)ဆိုတာက ကမ္ဘာကိုလှည့်ပတ်နေပြီးတော့ မြေပြင်ဓာတ်ပုံရိုက်တာ၊ သတင်းအချက်အလက်တွေကိုဆက်သွယ်ပေးတာ စတဲ့လုပ်ငန်းတွေကိုလုပ်ပေးတဲ့ ယဉ်တစ်မျိုးပါ။
ကမ္ဘာကို လှည့်ပတ်နေတဲ့ ဂြိုလ်တုအရေအတွက် ထောင်ချီပြီးရှိပါတယ်။
➡️ ဂြိုလ်တုတွေက ဘာစွမ်းအင်မှပေးစရာမလိုဘဲနဲ့ ကမ္ဘာကိုဘယ်လိုလည်ပတ်နေတာလဲ။
➡️ မြေပြင်ပေါ် ဘာလို့ပြန်ကျမလာတာလဲ။
➡️ အာကာသထဲကိုရော ဘာလို့မလွင့်ထွက်သွားရတာလဲ။
ဒီမေးခွန်းတွေကို မဖြေခင်အရင်ဆုံး ဒီသဘောတရားကို အရင်သိဖို့လိုပါတယ်။
အကယ်၍ ကျွန်တော်တို့က ပစ္စည်းတစ်ခုကို လေထဲလွင့်ပစ်လိုက်မယ်ဆိုရင် ထိုပစ္စည်းက ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ပြန်ကျလာမှာပါ။ ထို့နည်းတူဘဲ ပစ္စည်းတစ်ခုကို အသာအယာလေး ပစ်လိုက်မယ် တစ်နည်း အလျင်(speed)နည်းနည်းနဲ့ ပစ်လိုက်မယ်ဆိုရင် အဲ့ပစ္စည်းက နီးနီးလေးမှာလာကျမှာပါ။
အကယ်၍ အလျင်(speed) များများနဲ့ပစ်လိုက်မယ်ဆိုရင်တော့ များရင်များသလောက် ခပ်ဝေးဝေးကိုသွားကျမှာပါ။ ဆိုတော့ တောင်ထိပ်တစ်ခုပေါ်ကနေ အမြောက်ကြီးဖြင့် အမြောက်ဆံကို အလျင်ခပ်များများနဲ့ ပစ်လိုက်မယ်ဆိုရင် အဲ့အမြောက်ဆံက ကမ္ဘာ့မျက်နှာပြင်တစ်လျှောက် လှည့်ပတ်သွားပြီးတော့ မူလနေရာကို ပြန်ရောက်လာမှာပါ။ တစ်နည်းအားဖြင့်အမြောက်ဆံ ကမ္ဘာကိုလှည့်ပတ်သွားတာပါ။
ဒါကိုတွေ့ရှိခဲ့တာက ရူပဗေဒပညာရှင် နယူတန် ပါ။ နယူတန်နိယာမလို့လည်းခေါ်ပါတယ်။ ဂြိုလ်တုတွေကလည်း ဒီသဘောတရားအတိုင်းပါဘဲ။ ကမ္ဘာနဲ့နီးတဲ့ ဂြိုလ်တုတွေက မြန်မြန်လည်ဖို့လိုပြီးတော့ ဝေးတဲ့ဂြိုလ်တုတွေကတော့ မလိုပါဘူး။
➡️ ဂြိုလ်တုတွေက ဘာစွမ်းအင်မှပေးစရာမလိုဘဲနဲ့ ကမ္ဘာကိုဘယ်လိုလည်ပတ်နေတာလဲ။

ကျွန်တော်တို့က ဂြိုလ်တုတွေကို ဒုံးပျံထဲထည့်ပြီးတော့ ကမ္ဘာ့လေထုအပြင်ဘက် ရောက်အောင်လွှတ်တင်လိုက်ပါတယ်။ ကမ္ဘာ့အပြင်ဘက် မိမိသတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်းထဲရောက်သည်နှင့် တစ်ပြိုင်နက် ဒုံးပျံထဲကနေ ဂြိုလ်တုကို အလျင်(speed)ပမာဏတစ်ခုနဲ့ တွန်းထုတ်လိုက်ပါတယ်။
ဒုံးပျံကနေ တွန်းထုတ်လိုက်တဲ့ စွမ်းအင်(အလျင်) ကြောင့်ဘဲ ဂြိုလ်တုကဆက်လက်ရွေးလျားနေပါတယ်။ ဒီအရွေ့ကို အဟုန်(momentum)လို့ခေါ်ပါတယ်။ အဟုန်ဆိုတာကတော့ ဝတ္ထုရဲ့ ဒြပ်ထု(mass) နဲ့ အလျင်(speed)ကို မြှောက်ခြင်းပါ။ ဒါကြောင့် ဂြိုလ်တုအပေါ်မှာ ကမ္ဘာ့ဆွဲအား နဲ့ အဟုန် သက်ရောက်နေပါပြီ။
ဂြိုလ်တုက သူ့ရဲ့စက်ဝိုင်းပုံစံပတ်လမ်းကြောင်းအတိုင်းမသွေမတိမ်း လည်နေနိုင်တာက ကမ္ဘာ့ဆွဲအားနဲ့ အဟုန် က မျှခြေ(equilibrium)အခြေနေမှာရှိနေလို့ပါ။
ကမ္ဘာ့မျက်နှာပြင်မှ အမြင့်ဘယ်လောက်မှာဂြိုလ်တုကိုလည်ပတ်စေမယ်၊ အဲ့အမြင့်မှာ ကမ္ဘာဆွဲအား(gravity) ပမာဏ ဘယ်လောက်ရှိမယ်၊ အဟုန် ဘယ်လောက်နဲ့လည်ခိုင်မယ်၊ ဒီလောက် အဟုန် ပမာဏရဖို့ ဒုံးပျံကနေ ဂြိုလ်တုကို ဘယ်လောက်အလျင်နဲ့တွန်းထုတ်ရမယ်၊ စတာတွေကို သေချာတွက်ချက်ရမှာပါ။
အခုလို အားလုံးက 'မျှခြေ'အခြေနေမှာ ရှိနေမယ်ဆိုရင်တော့ ဂြိုလ်တုက သူ့ပတ်လမ်းကြောင်းအတိုင်း နှစ်ပေါင်းရာနဲ့ချီ လည်ပတ်နေမှာပါ။ ဘယ်တော့မှပြုတ်ကျလာမှာမဟုတ်ပါဘူး။

⛔သတိပြုစရာများ
➡️ ဂြိုလ်တု ကမ္ဘာကိုလည်ပတ်နေတဲ့ အလျင် ကဂြိုလ်တုမှာပါတဲ့ အင်ဂျင်ရဲ့ တွန်းကန်မှုကြောင့်လို့ ထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ သူ့ရဲ့အလျင်က ဒုံးပျံကနေ ခွဲထွက်စဉ်က ရခဲ့တဲ့ အလျင် ပါဘဲ။ ထို'အလျင်'က ဘယ်တော့မှ နှေးသွားမှာမဟုတ်ပါဘူး။
➡️ ယခု ဂြိုတ်တုပတ်လမ်းစနစ်မှာ ကမ္ဘာ့ဆွဲအား(gravity) ဘဲပါဝင်ပါတယ်။ လေထုဖိအား(atmospheric pressure) မပါဝင်ပါဘူး။ တကယ်လို့ သူပါခဲ့မယ်ဆိုရင် ဂြိုလ်တုမြေပြင်ပေါ် ပြန်မကျအောင်ကိုဘဲ စွမ်းအင်အမြောက်အများ လိုအပ်ပါတယ်။ အဲ့တာကြောင့်လည်း ဂြိုလ်တုကို လေထုထဲမှာမထားဘဲ လေထုအပြင်ဘက်ကို ထုတ်ထားတာပါ။
➡️ ဂြိုလ်တုတွေက ကမ္ဘာပေါ်ကို သဘာဝအလျောက် ဘယ်လိုမှ ပြုတ်မကျနိုင်ပါဘူး။ ကျတယ် ဆိုတာကလည်း ကျတာမဟုတ်ပါဘူး တမင်သက်သက် ချခဲ့တာပါ။ ကမ္ဘာ့အပြင်ဘက် အာကာသ သန့်ရှင်းရေးအတွက် မသုံးတော့တဲ့ ဂြိုတ်တုတွေကို ပြုတ်ကျလာအောင် အင်ဂျင်တပ်ထားပြီးတော့ လုပ်လိုက်တာပါ။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?