Author's Profile Photo

SarPhat Author

13/05/2024

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့…

1 min read
Personal Development
Business
Entrepreneurship
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့…'s photo


ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ လူတိုင်းအတွက် အတုယူဖွယ် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေရှိကို ရှိရပါမယ်။


၁။ အလုပ်အပေါ် တာဝန်ကျေမှု
သင်ဟာ ခေါင်းဆောင်ဖြစ်တဲ့အတွက် သင့်အဖွဲ့ဝင်တွေရဲ့ အလုပ်အပေါ် သဘောထားဟာ သင့်ပေါ်မူတည်ပြီး ပြောင်းလဲမှာပဲ ဖြစ်ပါတယ်။ သင်ဟာ အလုပ်အပေါ် စိတ်နှစ်နိုင်မှု တာဝန်ယူနိုင်မှု ကြိုးစားမှုတို့ကို ရှေ့ကလုပ်ပြမှာသာ သင့်ရဲ့လက်အောက်ငယ်သားတွေက သင့်အတိုင်း ကြိုးစားကြမှာပဲ ဖြစ်ပါတယ်။


၂။စီမံခန့်ခွဲနိုင်မှု
သင်ဟာ ခေါင်းဆောင်ဖြစ်နေပြီဖြစ်တဲ့အတွက် သင့်ရဲ့ တာဝန်က စီမံခန့်ခွဲမှုပဲ ဖြစ်ပါတယ်။ သင်ဟာ သင့်ရဲ့ အဖွဲ့ဝင်တွေကို တာဝန်ခန့်ခွဲပေးနိုင်ရမှာပဲ ဖြစ်ပါတယ်။ ဥပမာ : သင်ဟာ စားသောက်ဆိုင် ဖွင့်ထားတာပဲ ထားပါတော့။ ဒါဆို သင့်တာဝန်က ဘာဖြစ်မလဲ။ ဆိုင်အတွက် လိုအပ်တဲ့ အသေးအမွှား ဟင်းသီးဟင်းရွက်တွေ ဝယ်နေမှာလား။ ဒါမှမဟုတ် အရွက်တွေ ဝယ်ဖို့ကို အလုပ်သမားတစ်ယောက်ကို တာဝန်ထားပြီး သင်ကလုပ်ငန်းပြီးပြည့်စုံဖို့ အရေးကြီးတဲ့ လိုအပ်နေတဲ့ အစိတ်အပိုင်းတွေကို လိုက်ဖြည့်မလား။


၃။ကောင်းမွန်စွာ စကားပြောနိုင်မှု
သင်ဟာ ခေါင်းဆောင်ဖြစ်တဲ့အတွက် သင့်ရဲ့ညွှန်ကြားမှုတွေကို လက်အောက်ငယ်သားတွေ လိုက်နာကြဖို့ဆို ကောင်းမွန်စွာပြောကြားတတ်ဖို့ လိုပါတယ်။ စကားကြမ်းကြမ်းတမ်းတမ်းတွေကို ဘယ်သူမှ နှစ်သက်မှာ မဟုတ်ပါဘူး။ သင်က ချိုချိုသာသာ ပြောမှသာ သင့်ရဲ့ members တွေက လိုက်နာချင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချီးကျူးတတ်ဖို့ ကျေးဇူးတင်စကားပြောတတ်ဖို့လည်း လိုပါတယ်။ အင်္ဂလိပ်လိုဆိုရင် appreciate လုပ်တယ်လို့ ပြောပါတယ်။ သင်လည်း သင်လုပ်နိုင်တဲ့ တာဝန်တစ်ခုကို သင့်အထက်လူကြီးဆီက ချီးကျူးခံချင်သလို သူတို့လည်းသင့်ဆီက ချီးကျူးစကားကို ကြားချင်ကြပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတဇောက်ကန်းသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်လိုတာထက် မပိုပါနဲ့စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀)