Author's Profile Photo

SarPhat Author

13/12/2023

IT ဘာသာရပ် အတွက် မဲဆွယ်မှု

2 mins read
Software Development
Startup
Entrepreneurship
IT ဘာသာရပ် အတွက် မဲဆွယ်မှု's photo

တခြားဘာသာရပ်တွေနဲ့ယှဉ်ရင် ဘာကြောင့် IT ဘာသာရပ်တွေကို ရွေးချယ်သင့်တာလဲ?

မြန်မာနိုင်ငံကလူငယ်တော်တော်များများက ကျောင်းပြီးဘွဲ့ရ ၊ တစ်လနှစ်သိန်းနဲ့ လုပ်ငန်းခွင်ဝင် ၊ မလောက်မငနဲ့ ရည်မှန်းချက်သေသေချာချာ ရေရေရာရာမရှိပဲ လမ်းပျောက်ကြရတဲ့အခြေအနေမျိုးနဲ့ကြုံနေရတယ်။ ( ဆေးကျောင်းတို့ဘာတို့လို အသက်မွေးဝမ်းကျောင်းဆိုင်ရာ Major များ
မပါဝင်ပါ )

ကြာလာတော့ လူငယ်တွေဟာ ‘’ WTH , ငါတို့ ဒီလို တစ်လနှစ်သိန်းလောက်နဲ့ ဘဝတစ်ခုလုံးနေသွားရမှာလား ‘’ဆိုပြီး အတွေးဝင်လာတဲ့ အချိန်ရှိလာမယ်ထင်တယ်။အဲ့ဒီအချိန်မှာ ဒီစာလေးကိုဖတ်သင့်ပါတယ်။

ဟုတ်ပီ … ကျွန်တော်တို့ ရောက်နေတဲ့ခေတ်က ၂၁ ရာစု…
ပြောရမယ်ဆိုရင် နည်းပညာတွေဆက်တိုက်ထွန်းကားနေတဲ့အချိန် …
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ဒီနည်းပညာတွေနဲ့ ကင်းလွတ်တဲ့သူတွေဆိုလို့ ရှေးလူကြီးတွေပဲရှိမယ်…
အနီးစပ်ဆုံးပြောရရင် ကျွန်တော်တို့ အခုသုံးနေတဲ့ Facebook Platform ဟာလည်း ဇူဇူရဲ့ Social Media အတွက် ဖန်တီးထားတဲ့နည်းပညာတစ်ခုပဲ …
ဝဲလ်ကမ်းတူမိုဘိုင်းလိဂျန့်ဟာလည်း မွန်တွန်ရဲ့ Entertainment အတွက် ဖန်တီးပေးထားတဲ့ နည်းပညာတစ်ခုပဲ …
ကျွန်တော်တို့ သုံးနေတဲ့ Android တွေ iOS တွေ တစ်နှစ်ထက်တစ်နှစ် Version တွေ အများကြီး သစ်ဆန်းလာကြတယ် …
နောက်ပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့ လူတွေဟာ နည်းပညာကိုသုံးပြီး လူသားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း စီးပွားရှာနိုင်လာကြတယ်။

အနီးဆုံးဥပမာပြရရင် မုန့်ထွက်စားရမှာပျင်းတဲ့ လူတစ်စုအတွက် Food Delivery Service တွေ ဖြစ်တည်လာတာပါပဲ …

အဲ့တော့သွယ်ဝိုက်မနေတော့ဘူး မဲဆွယ်မှာဆိုတော့ ကောင်းတဲ့အချက်တွေပဲရွေးပြောတော့မယ် … :3

များပြားလှတဲ့ Career ပေါင်း တစ်သောင်းနဲ့မှ ခြောက်ထောင်
— — — — — — — — — — — — — — — — — — — — — — — — — — — — — — —
တကယ်တော့ တစ်သောင်းခြောက်ထောင်မရှိဘူး..အတိသယဝုတ္တိ သုံးထားတာ..
ဒါပေမဲ့ တကယ်အများကြီးရှိတယ်။
Front-end Development အပိုင်းမှာဆိုရင် Front-end Designer/Front-end Developer ရှိမယ်။
Back-end အပိုင်းဆိုရင် Mobile Developer ရှိမယ်။
Full-stack Developer / Software Developer / WordPress Developer / Ruby on Rails Developer / Python Developer ရှိမယ်။
System တွေဘက်မှာဆိုရင် System Engineer / System Administrator / Business System Analyst တွေရှိမယ်။
Data တွေကို ကြိုက်ရင် Database Administrator / Data Architect / Data Modeler / Data Analyst / Data Scientist / Cloud Architect တွေရှိမယ်။
တခြားနယ်ပယ်အသီးသီးတွေမှာ ရွေးချယ်နိုင်တဲ့ Career တွေ အများကြီးမှ အများကြီးကျန်သေးတယ်…စာအရမ်းရှည်သွားမှာစိုးလို့ ဒီလောက်ပဲထည့်ရေးတော့မယ်။

ခင်ဗျားတို့လည်းကျော်ဖတ်နေမယ်ဆိုတာ ကျွန်တော်သိတယ် :’)

လိုရင်းပြောရရင် ရွေးစရာ Career တွေ အများကြီးရှိသလို ရှေ့လျှောက်အရမ်း Demand ဖြစ်လာမဲ့အလုပ်တွေကြီးပဲ ပျောက်ကွယ်သွားမဲ့အလုပ်မပါဘူး။
အားနည်းချက်တော့ရှိတယ်။
ဒီအလုပ်တွေဟာ Demand အရမ်းများပေမဲ့ Stress လည်းအများကြီးပိတယ်..သို့သော် ပိုက်ဆံ ရှယ်ရတယ်။ ( ရှယ်ကို ရတာ တကယ်ရှယ်ပဲ )
ပိုက်ဆံကို အများကြီးရသော်ငြားလည်း အချိန်တွေကိုအရမ်းပေးရတယ် ခေါင်းစားရတယ် Stress ပိရတယ်။ အဲ့တော့ ပိုက်ဆံအများကြီးရတာ တစ်ချက်တည်းကြည့်ပြီး IT နယ်ပယ်ထဲဝင်လာမယ်ဆိုရင်တော့ ကိုယ့်စိတ်ကို ပြင်ဆင်ပြီးမှလာခဲ့ပါ။
အရှေ့မှာ ၃ရက်လောက်မအိပ်ရသေးတဲ့ Programmer တွေက ကြိုဆိုနေပါလိမ့်မယ်။

စလေ့လာတဲ့အခါ ကိုယ်ဘာကိုသင်နေရတယ်ဆိုတာကွဲကွဲပြားပြားသိနိုင်တယ်။
နားရှုပ်သွားမယ်ဆိုတာသိတယ်..ပြန်ရှင်းပြမယ်။

IT ဘာသာရပ်တော်တော်များများရဲ့ 90% လောက်က Practical တွေကြီးပဲ… အလွယ်ဆုံး Language လေးနဲ့ ဥပမာပြရရင် HTML မှာ ကျွန်တော်တို့ သူ့ Format နဲ့ Coding လေးရေး ၊ ပြီးရင် (.html) format နဲ့ save ၊ ပြီးရင် အဲ့ File ကို ပြန်ဖွင့်တဲ့ အခါ ကျွန်တော်တို့ရေးထားတာကို ချက်ချင်းပြန်မြင်ရတယ်။
အဲ့တော့ ကျွန်တော်တို့ဘာလုပ်နေတယ်ဆိုတာကျွန်တော်တို့ ကိုယ်တိုင်ကွဲကွဲပြားပြားသိနိုင်တယ်။
စာကျက်စရာမလိုဘူး…လက်တွေ့ ဝိုက် ရုံပဲဆိုတော့ ပိုပြီး သင်ရတာအဆင်ပြေစေမယ်။ ( Theory , Concept တွေကိုလည်း ပစ်ထားလို့တော့မရဘူး )

နောက်တစ်ချက်က Work Style က Flexible ဖြစ်တယ်။
မနက် ၉ ည ၆ ရုံးမတက်ချင်ဘူး…ရတယ် Freelancer လုပ် ၊ Project တွေသွားလျှောက် Work From Home နဲ့သာသာယာယာပဲ ။
မဟုတ်ဘူး ရုံးတက်ချင်တယ် … သွားလေ သွားလျှောက် Full-time အလုပ်တွေလည်း တစ်ပုံကြီး။
ကိုယ်ပိုင် Startup ပဲလုပ်ချင်တာ… ဒါလည်းရသေးတယ်…ရှေ့လျှောက် E-commerce တစ်ခေတ်ထဦးမှာ Website နဲ့ Design အပိုင်း Service ပေးတဲ့ Company ထောင်ဦးမလား… လူတွေအတွက်အကျိုးရှိ အသုံးတည့်မဲ့ App လေးတစ်ခုရေးပြီး Earning လုပ်မလား…အဆင်ပြေတယ်။
သုံးမျိုးလုံးအကုန်လုပ်မယ်ဆိုရင်တော့ သင်ဟာ စောင် FA ကောင်မှန်းသိသာသွားပါပြီ
( စတာပါစတာပါ )

အခုဆိုရင် Web Service / Cloud Service တွေဟာ လာမဲ့နှစ်နှစ် သုံးနှစ်အတွင်း Trend ဖြစ်လာတော့မယ်။နောက် ၁၀နှစ်အတွင်း AI ကလည်း ကြီးစိုးတော့မယ်။
နည်းပညာတွေဒီ့ထက်ကြီးစိုးလာတဲ့အခါ ကိုယ်ဟာသူများတွေနဲ့ရင်ဘောင်မတန်းနိုင်ရင် နောက်ကောက်ကျနေခဲ့မှာပါပဲ။
ကိုယ်နဲ့သက်တူရွယ်တူတွေထဲကိုမှ သူများတွေက IT Startup တစ်ခုစခဲ့ပြီးလို့ အောင်မြင်နေတဲ့အချိန်…လုပ်ငန်းခွင်မှာ Senior ဖြစ်နေတဲ့အချိန်…
အဲ့အချိန်ကျမှကိုယ်ဟာ HTML စသင်နေတုန်းဆိုရင်တော့ ကိုယ့်အဖြစ်ကိုယ်တွေးကြည့်စေချင်ပါတယ်။
ပြီးတော့အခုအချိန်မှာ စပြီးလေ့လာဖို့ နောက်မကျသေးပါဘူး။
ကျွန်တော်အရမ်းကြိုက်တဲ့ စကားလေးတစ်ခွန်းရှိတယ်။
“ကိုယ့်ကိုကိုယ်အရမ်းနောက်ကျနေပြီလို့ထင်တဲ့အချိန်ဟာ ကိုယ့်အတွက် စလုပ်ဖို့ အစောဆုံးအချိန်ပါပဲ” တဲ့။

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။