SarPhat Author
Python ဆိုတာ သက်တမ်းအနှစ် ၃၀ အထိ အသက်ရှင်နိုင်တဲ့ စပါးအုံးမြွေကြီးပဲဖြစ်ပါတယ်။
ငိငိ ထင်ထားတဲ့အဖြေမဟုတ်လို့ ဒီဘဲဘာလဲဟ ဆိုပြီး တွေးလိုက်တယ်မလား …
ဟုတ်ပါတယ် Python လို့ပြောလိုက်ရင် မြွေလို့ကိုမမြင်နိုင်လောက်တဲ့ အထိ Python Programming Language က ကြီးစိုးနေတဲ့ခေတ်မှာ ကျွန်တော်တို့ရောက်ရှိနေပါတယ်။
ဘယ်လောက်တောင်ကြီးစိုးနေလဲဆိုရင် Google မှာ Python လို့ရှာရင်တောင် Welcome to Python.org ဆိုပြီး ပေါ်လာတာပါ မြွေကြီးအရင်မပေါ်လာပါဘူး…
ဆိုတော့ ဘာလို့ ဒီ Python က နာမည်ကြီးတာလဲ ထုံးစံအတိုင်း စူးစမ်းလေ့လာကြရအောင်လား။
ကျွန်တော်ထင်တဲ့ပထမဆုံးအချက်ကိုပြောရရင် Beginner တွေအတွက်အရမ်းအဆင်ပြေတာကြောင့်ပဲ။
ဘာလို့လဲဆိုတော့ Python ရဲ့ သင်ယူနိုင်မှု Level ဟာ Rating 5 stars ပဲ။
ပြောချင်တာကအရမ်းလွယ်တယ်။
ဥပမာ print(“Hello World”) တစ်ကြောင်းနဲ့ Hello World ဆိုတဲ့ String ကို Output ထုတ်ပေးနိုင်တာမျိုး…
လူကြိုက်များတဲ့ နောက်တစ်ချက်က ဒီကောင်က ပါလေရာငပိချက်…
Programmer တော်တော်များများက Python ဆိုတာနဲ့ Machine Learning / Artificial Intelligence ကို ပြေးမြင်လောက်တဲ့အထိ ML/AI အပိုင်းမှာ ဒီကောင်ပါတယ်။
Web အပိုင်းမှာဆိုရင်လည်း Django Framework ဆိုနာမည်ကြီး Flask နဲ့ Bottle လည်းချန်ထားလို့မရ…
Graphical User Interface ဆိုတဲ့ GUI အပိုင်းမှာလည်း ဒီကောင်က Tkinter ဆိုတဲ့ Library သုံးပြီး Code သုံးကြောင်းနဲ့တင် Desktop App တစ်ခုပေါ်လာအောင်လုပ်နိုင်တာကိုက အထင်ကြီးစရာပဲ…
Game Development မှာဆိုရင်လည်း Pygame ရှိသလို Unity မှာလည်း Python သုံးလို့ရသေးတယ်…
Android အပိုင်းဆိုလည်း Kivy ရှိပေမဲ့ UI အပိုင်းတော့အားနည်းတယ်ထင်မိ …
ပြောချင်တာက ဒီကောင်နာမည်ကြီးလာတယ်ဆိုတာ ပါလေရာငပိချက်ဖြစ်နေလို့ပဲ…
နောက်တစ်ချက်က Less code, More work …
ရှယ်သဘောကျတဲ့အချက်ပေါ့ List comprehension လိုမျိုး တစ်ကြောင်းတည်းနဲ့ အကုန်ရေးတာမျိုးတွေတင်မက တခြား Language တွေနဲ့ယှဉ်ရင် Code နည်းနည်းလေးနဲ့ အလုပ်ပိုပြီးတော့ Productive ဖြစ်တာတွေကြောင့်လည်းပါတယ်…
ဒါပေမဲ့ လုံးဝပြည့်စုံနေတဲ့သူတော့ဘယ်ရှိမလဲလေ…
သူ့မှာလည်းအားနည်းချက်လေးတွေရှိတယ်
Program တွေကို Execute လုပ်တဲ့အခါ နှေးတယ်…
ဘာလို့လဲဆိုတော့ ဒီကောင်က Complier အစား Interpreter ကိုသုံးတယ်။
နောက်ပြီး High-Level Programming ဖြစ်တယ်..
High-Level Programming ဆိုတာဘာလဲဆိုရင် လူတွေစဉ်းစားတဲ့ပုံနဲ့အနီးစပ်ဆုံးတူတဲ့ Code တွေဖြစ်နေတာကိုပြောချင်တာ အဲ့အတွက် Computer က အလုပ်ပိုလုပ်ရတာကြောင့် Cလိုမျိုး Lower-Level Language တွေနဲ့ယှဉ်ရင်နှေးတာ..
ပြီးတော့ Dynamically Typed Language ဖြစ်တဲ့အတွက် Statically-Typed ဖြစ်တဲ့ C, C++ or Java တွေလို ဒါကြီးက String ပါ ဒါကြီးက Boolean ပါ ဒါကြီးက Int ပါဆိုပြီး ကြေညာစရာမလိုဘူး…
ဒါကကောင်းတာပေါ့ ကျွန်တော်တို့ အများကြီးရေးစရာမလိုတော့ဘူး
သို့သော် ကျွန်တော်တို့ကောင်းပေမဲ့ ကျွန်တော်တို့ Computer က ရှယ်လောင်နေရပြီ…
ကျွန်တော်တို့အစားသူက ပိုလုပ်ပေးရတာကိုး…
ဒါကြောင့် Executes လုပ်တဲ့အခါ နှေးတယ်…
ဒါပေမဲ့ နိုးဘစ်ဒီး ( No Big Deal ) And ဝီဒုန့်ခဲ ( We don’t care )
ဘာလို့လဲဆိုတော့ 0.001 second နဲ့ 0.01 second နဲ့ အဲ့လောက်ကြီးကွာတာမှမဟုတ်တာ
So , Why do we need to care ?
နောက်တစ်ခု အားနည်းချက်ပဲပြောရမလား အားသာချက်ပဲပြောရမလားပေါ့ဒါကတော့ Dynamic Typing ဖြစ်နေတဲ့ Python ဟာ တူညီတဲ့ Variable တစ်ခုကို နှစ်ခါပေးမိရင် အပေါ်ကပထမဖန်တီးထားတဲ့ Variable က Auto Destroy ဖြစ်ပြီး ဒုတိယပေးထားတဲ့ဟာကို အတည်ယူတယ်…
ဒီမှာ လောင်ရတာက အပေါ်က ပေးထားတဲ့ Var name ကို မေ့ပြီး အောက်မှာ ထပ်ပေးလိုက်တဲ့အခါ Error ထတက်ပါလေရော …
သို့သော်လည်း ဒါဟာဖြစ်တောင့်ဖြစ်ခဲမို့လို့ (No Big Deal) ပါပဲ..
ဖြစ်လည်း ပြန်ရှာကြပေါ့🙄
အဲ့တော့ ခြုံကြည့်ရင် သင်ဟာ Beginner လား
ဒါဆို Python အရင်သင် ( ကျွန်တော့်လာမေးရင်ဘာလာမေးမေး Python သင်ပဲပြောလွှတ်နေတော့ အကျင့်ပါနေတာ ဆောတီး )
ဒီတစ်ခါတော့ စတာမဟုတ်ဘူး တကယ်… Programming ကို စလေ့လာမယ်ဆိုရင် အသင့်တော်ဆုံးက Python သင်တာပါပဲ ….
ခက်လည်းမခက်ဘူး ပျော်ဖို့လည်းကောင်းတယ် Code လေးတွေရေးရတာ ( ကျွန်တော်ဂျင်းထည့်နေကျစကား )
စတာပါ စတာပါ..
Ok ပြောချင်တာကတော့ အပေါ်မှာပြောထားတဲ့အတိုင်းပါပဲ
Python ကပါလေရာငပိချက် ဆိုတော့ သင်သာ Programming language ကိုစလေ့လာတော့မယ်ဆိုရင် python ကိုသာစပီးလေ့လာလိုက်ပါလို့ အကြံပြုရင်း စာလေးကို အဆုံးသတ်လိုက်ပါတယ်ဗျာ…
Keep Reading