Sandi Cho
လူတော်တော်များများက အချစ်ကြောင့်နာကျင်ရမှာ ကြောက်တတ်ကြတယ်။အဲဒါကြောင့် မနာကျင်ရအောင် ကိုယ့်ကိုယ်ကို အတ္တဆိုတဲ့ အကာအရံနဲ့ ကာကွယ်ထားလေ့ရှိကြတယ်။
နာကျင်မှုတွေ၊ခံစားရတာတွေက ကောင်းလားဆိုရင် ကောင်းတော့မကောင်းဘူးပေါ့။ဒါပေမယ့် နာကျင်မှုတွေက ယူတတ်ရင် ဆုလာဘ်တွေပါ။
အသည်းကွဲပြီးမှ ပိုလှလာတဲ့ ကောင်မလေးတို့၊အသည်းကွဲပြီးမှ ပိုတော်လာတဲ့ကောင်လေးတို့ မြင်ဖူးကြမယ်ထင်ပါတယ်။ဒါမှမဟုတ် ကိုယ်ကိုတိုင်လည်းဖြစ်ဖူးကြလိမ့်မယ်။
အသည်းကွဲခါစဆိုရင်ကတော့ အကုန်ခံစားရတာကြီးပါပဲ။သူကို အပြစ်တင်တာ၊ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ လုပ်မိကြတယ်။တကယ် အပြင်ပိုင်း တစ်ခုခုနဲ့ထိခိုက်သလိုကို နာကျင်ရပါတယ်။တစ်ချို့သူတွေကတော့ မေ့ပြစ်လိုက်ဖို့ ပြောကြလိမ့်မယ်။ဒါပေမယ့် အဲဒါက သူတို့ပြောသလောက်မလွယ်မှန်း ချိုလည်း ခံစားဖူးလို့သိပါတယ်။
ချိုအကြံပေးချင်တာကတော့ အပြည့်အ၀ခံစားပြစ်လိုက်ပါ။ကဗျာဆရာတွေဆိုရင် အဲအသဲကွဲတဲ့ချိန်က ကဗျာစပ်လို့ အကောင်းဆုံးအချိန်ပါပဲ။အဲဒါကြောင့် အသဲကွဲတာက အဆိုးကြီးပဲတော့မဟုတ်ပါဘူး။လူတွေအကြောင်းကို ပိုသိလာသလို ပိုသတိရှိလာစေတယ်။
အသဲကွဲပြီးလို့ ကိုယ်အဆင်ပြေလောက်မဲ့ အချိန်တစ်ခုယူပြီးရင်တော့ ကိုယ်ဘ၀ကိုယ် ပြန်တည့်မတ်ရပါမယ်။နာကျင်မှုတွေကိုထွေးပိုက်ရင်းနဲ့ဖြစ်ဖြစ်ပေါ့။အချိန်တွေကြာလာတာနဲ့အမျှ အဲနာကျင်မှုတွေဟာ တဖြည်းဖြည်းနဲ့ ခွန်အားတွေအဖြစ်ကို ပြောင်းလဲလာပြီးတော့ ကိုယ်တွေ့ကြုံခဲ့ရတဲ့အဖြစ်ပျက်တွေကလည်း ကံဆိုးတာမဟုတ်ပဲ ဆုလာဘ်တွေပဲဆိုတာ သိလာပါလိမ့်မယ်။
အဲဒါကြောင့် အသဲကွဲပြီး ကမ္ဘာပျက်မတတ်ဖြစ်မနေပါနဲ့တော့နော။ကွဲနေတဲ့အသဲကို တိပ်နဲ့ပြန်ကပ်ပြီး ကိုယ်ရခဲ့တဲ့ နာကျင်ခြင်းတွေကနေ ခွန်အားအဖြစ်ပြောင်းလိုက်ကြပါ။
Sandi Cho?
#SandiCho
#နာကျင်ခြင်းမှခွန်အားအဖြစ်
Keep Reading