Thar Htoo-Be Unique
မည်သို့သော
လက်တွဲဖော်ဆက်ဆံရေး- Romantic relationship
တွေမှာမဆို လူတစ်ယောက်ကို
ခဏလေးနဲ့တင်တွေ့ပြီး 'ချစ်တယ်'
ဆိုတဲ့အရာကိုပြောဖို့ တစ်ချို့လူတွေအတွက်က
လွယ်နေကောင်းလွယ်နေလိမ့်မယ်။
တစ်ချို့အတွက်တော့
ဒါဟာ ကလေး ကစားစရာမဟုတ်တဲ့
သေချာ ခေါင်းအေးအေးနဲ့
စဥ်းစားပြောရတဲ့အရာ
ဖြစ်နေနိုင်ပါတယ်...။
တစ်ဦးနဲ့တစ်ဦးထားရှိတဲ့တန်ဖိုးတွေ
မတူတဲ့အခါ အချစ်တစ်ခုတည်းအပေါ်မှာ
ခြေကုပ်ယူပြီး ပေါင်းစပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ
အများစုလက်ခံထားကြပါတယ်။
တကယ်တော့ 'အချစ်'
တစ်ခုတည်းနဲ့ မလုံလောက်ဘဲ
နှစ်ဦးပေါင်းစပ်ဖို့ အချစ်အပြင်
များစွာ လိုအပ်ချက်တွေ ရှိပါတယ်။
လူတစ်ဦးမှာဘယ်လောက်ပဲစိတ်ကောင်း
စေတနာကောင်းပါစေ၊ဥစ္စာပြည့်၀ပါစေ၊
စိတ်ထားပဲသာလွန်နေပါစေ၊
သူ့မှာ *အရည်အချင်း
မရှိနေဘူးဆိုရင် နောက်ဆက်တွဲ
ဘာမှဆက်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။
လိုရင်းပြောရမယ်ဆိုရင်
ဒီလူနဲ့လက်တွဲတဲ့အခါ
ကိုယ့်အတွက် အတူတူ 'တိုးတက်'
နိုင်ရဲ့လားဆိုတာက ကြီးမားတဲ့
စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။
အထူးသဖြင့် တစ်ဖက်လူက
အနည်းဆုံး ကိုယ်နဲ့တန်းတူ
ကမ္ဘာကြီးကိုမြင်နိုင်စွမ်း မရှိနေဘူး
ဆိုရင် ပိုမိုအဓိပ္ပာယ်ပြည့်၀တဲ့
အချိန်တွေကို ကုန်ဆုံးဖို့မဖြစ်နိုင်ပါဘူး။
တဖက်မှာလည်း ဒီလိုအမြင်ဟာ
အကြွင်းမဲ့ ချစ်ခြင်းမဟုတ်ဘူး
ဆိုတာလည်းသက်ရောက်စေပါလိမ့်မယ်။
မည်သို့ဆိုစေ၊ ဘ၀ဟာ
သာမန်နဲ့အချိန်ကုန်ဆုံးဖို့
ထိုက်တန်၏မတန်၏က သက်ဆိုင်ရာ
လူတစ်ဦးခြင်းဆီရဲ့ တန်ဖိုး၊ ယုံကြည်မှု၊
လက်ခံထားမှု၊ အမြင်ကျယ်ပေးနိုင်မှုတွေနဲ့
မူတည်နေနိုင်ပါတယ်။
အရေးကြီးသည်မှာ
'လက်တွဲ ပေါင်းစည်းခြင်း'
ဆိုတဲ့ခေါင်းစဥ်အောက်မှာ နှစ်ဦးသားရဲ့
တက်ညီလက်ညီ လုပ်ဆောင်နိုင်မှု-coworking
ရှိမှသာလျှင် ခိုင်မြဲတဲ့ အနာဂတ်ကို
ပုံဖော်သွားနိုင်မယ်ဆိုတာကို
အမှတ်ရသင့်ပါတယ်။
___
*အရည်အချင်း-ကိုယ်ရေကိုယ်သွေး၊ ဥာဏ်ပညာ၊
အမြော်အမြင်ရှိမှုကိုရည်ညွှန်းပါတယ်။
@followers
@TharHtooBeUnique
@BUNIQCoaching
Keep Reading