Luminous Pai
အဖွားရဲ့ မေတ္တာတုန်းလေးကလဲ
အဖွားကို သိပ်ချစ်ပါတယ်ဗျ 🤍
အဖွား ဘဝရဲ့ ဆွိမမ်မိုရီတွေထဲက တခုအဖြစ် ထာဝရ ရှိသွားမယ်လို့ ကျနော် ယုံတယ်။
ဒီနေ့ အဖွား မွေးနေ့အတွက်ဆိုပြီး အချစ်ဆုံးသူငယ်ချင်းနဲ့ ဘက်ထရီဘီးစီးရင်း ဖော့ကန် City Martကို ခရီးနှင်တယ်။
သူငယ်ချင်းဆိုတာ ဘဝရဲ့ အရေးကြီးဆုံး အခိုက်အတန့်တွေမှာ အမြဲအတူရှိနေတတ်တယ်မလား။
သူငယ်ချင်းနဲ့ City Mart ဝင်ပြီး Seasonမှာ မွေးနေ့ကိတ်ယူတယ်။
ပုဝါစတထည်နဲ့ အရုပ်တချို့ထပ်ဝယ်ရင်း ဘတ်စ်ကား စီးပြီး အိမ်ပြန်တယ်။
ညမိုးချုပ်တော့ မွေးနေ့ကိတ်အပေါ် ဖယောင်းတိုင်စိုက် မီးရှို့ပြီး
အဖွားအတွက် စပရိုက်မွေးနေ့လေး လုပ်ပေးတယ်။
တကယ်တော့ ကျနော်ဟာ အဖွားရဲ့ မေတ္တာတုန်းလေးပါ။
အဲ့ မေတ္တာတုန်းလေးကပဲ အဖွားဘဝရဲ့ ပထမဆုံး မွေးနေ့ပွဲလေး ဖန်တီးပေးခဲ့တယ်လေ။
ငယ်ငယ်က ကျနော့်ကို ဆိုဆုံးမပြီး ရိုက်ခဲ့တဲ့ အဖွားရဲ့လက်တွေက အခုတော့ မွေးနေ့ကိတ်ခွဲဖို့ ဓားဘယ်လိုကိုင်ရမလဲ ဆုံးဖြတ်နေရပြီမလား။
တကယ်တော့ အဖွားနဲ့ ကျနော့်ကြားက ရဲရဲရင့်ရင့် ချမပြဖြစ်ခဲ့တဲ့ မေတ္တာတွေကို ဒီနေ့ ထုတ်ပြခွင့်ရလိုက်သလိုပါပဲ။
ကျနော် ပျော်တယ်။
ကျနော် သဘောပေါက်လိုက်တယ်။
ဘဝရဲ့ ရှင်သန်နေရတဲ့ လက်ကျန်အချိန်လေးမှာ ကိုယ့်အနီးနားက လူတွေကို တန်ဖိုးထား ဂရုစိုက်ပေးဖို့ လိုအပ်တယ်ဆိုတာ။
မေတ္တာဟာ တန်ခိုးစွမ်းအား အကြီးဆုံးပဲ။
#crdpic
#luminouswithpai
#september12
#sweetmemories
#happybirthday
#9_58pm
#storytelling
#grandma
Keep Reading