Lailar
အရင်တုန်းက အိမ်မှာ လုပ်နေကျ အလုပ်တစ်ခုရှိတယ်။အဲ့တာက ညခင်း ရာသီဥတုကောင်းရင် အိမ်က မီးတွေအကုန်မှိတ်ပြီး ကြယ်တွေ လတွေကိုကြည့်ကြတဲ့ကိစ္စ။
တစ်အိမ်လုံးကို မရမက မီးမှိတ်ခိုင်းပြီး ဟိုဟိုဒီဒီ လက်ညိုးထိုး လိုက်ပြောပြခဲ့တဲ့ လမှာဘယ်လိုမျက်နှာပြင်ရှိတယ်၊ ဆွဲအားကဘယ်လောက်၊ ကမ္ဘာနဲ့ဘယ်လောက်ဝေးတယ်၊ ကြယ်တွေနဲ့ ကြယ်တွေရဲ့နာမည်တွေ၊ သီအိုရီတွေ၊ ရာသီခွင်တွေ၊ ဂြိုလ်တွေ၊ ဂြိုလ်တုတွေ။သိသမျှ တတ်သမျှ အကုန်လုံးကိုအပြုံးတွေဝေဝေဆာဆာနဲ့ မျှဝေခဲ့ဖူးတယ်။အိမ်ကလူတွေက ပြောတယ် နင်ကအရူးတဲ့။
မတောင်းတဲ့ဆု ပြည့်နေပြီမလား။
မီးမှိတ်စရာမလိုတော့ဘူးလေ။
အရူးလေးရဲ့ ဆုတောင်းကတော့ ဒီလိုဖြစ်လာဖို့ မဟုတ်ခဲ့ပါဘူးလေ။
"Turn off the phone,
Go outside,
And enjoy the night sky"
Lai💙
[16.9.24]
Keep Reading