Luminous Pai
Facebook,Instagram,Tiktok စတဲ့ Social Media ဆော့ဖ်ဝဲလ် တွေနဲ့ မရင်းနှီးတဲ့ သူဆိုတာ 21ရာစုမှာ မရှိသလောက်ပါပဲ။
စျေးကွက်ထဲ မှာ အားလူးကြော် 200တန် ရှာမတွေ့နိင်တာထက်ကို ပိုသေချာပါတယ်။
Social Media က ကျနော်တို့ကို လူအများကြီးနဲ့ ဆက်သွယ်ဖို့၊ စိတ်ဝင်တစား ရှိတဲ့ အရာတွေနဲ့ အဆက်မပြတ်ဖို့၊ ကိုယ့်ရဲ့ Talent(အရည်အချင်း) တွေ လူအများကို ဖော်ထုတ်ပြဖို့ အတွက် များစွာအထောက်အကူဖြစ်စေတာအမှန်ပါ။
ဒါ့အပြင် ကိုယ့်ရဲ့ ကုန်ပစ္စည်း ရောင်းအားကောင်းဖို့အတွက် အများသိအောင် promote လုပ်နိုင်တဲ့ Tool တခုအနေနဲ့လဲ အသုံးပြုနိုင်ပါသေးတယ်။
ဒါပေမယ့် အရာရာတိုင်းက အကောင်းတွေချည်းတော့လဲ မဟုတ်ပါဘူး။
ရည်းစားထားရင်တောင် ကိုယ့်ချစ်သူ့ရဲ့ Dark side တွေကိုပါ လက်ခံပေးရသေးတာပဲမဟုတ်လား။
အလားတူ Social Media မှာလဲ Dark side တွေ ရှိပါတယ်။
အမှန်တိုင်းပြောရရင် ကျနော်ကိုယ်တိုင်လဲ Social Media Addiction ဖြစ်တဲ့ သူတယောက်ပါ။
အိပ်ယာထတာနဲ့ Facebook လေး သုံးလိုက်ရမှ၊ messenger က စာတွေ ဖတ်လိုက်ရမှ နေသာထိုင်သာရှိသွားတာမျိုးပါ။
အဲ့ကနေတဆင့် မသိလိုက်မသိဘာသာနဲ့ပဲ Social Media ကို စွဲလမ်းလာတယ်ပေါ့။
သင်ရော ဒီလိုပဲလား ?
သင့်အနေနဲ့ ဒီအကျင့်ကို ပြင်ဖို့အတွက် မနက်နိုးတာနဲ့ ဖုန်းစကိုင်မယ့်အစား သီချင်းမြူးမြူးလေးဖွင့်ပြီး တက်တက်ကြွကြွနဲ့ အိပ်ယာထပစ်လိုက်တာမျိုး။
Morning routine တခု တည်ဆောက်ပြီး လက်တွေ့ အသုံးချတာမျိုး။
စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး Detox လုပ်နိုင်ပါတယ်။
တကယ့်လက်တွေ့မှာ Social Mediaဟာ
ကျနော်တို့ရဲ့ ရုပ်ပိုင်း(physically)ရော
စိတ်ပိုင်း(mentally)မှာပါ သက်ရောက်မှုများစွာ ရှိပါတယ်။
Social Media အသုံးပြုခြင်း (စွဲလမ်းခြင်း)က ဘာကြောင့် သင့်ရဲ့ လူနေမှုဘဝကို ထိခိုက်စေနိုင်တာလဲ ?
အချက်လေးတွေနဲ့ ပြောပြပါမယ်။
၁။ မိမိကိုယ်ကို အဆက်မပြတ် နှိုင်းယှဥ်ခြင်း။
(1. The constant comparing yourself.)
Toxic အဖြစ်ဆုံးတခုပါပဲ။
ပြောရရင် ကိုယ့်ဘဝကို မရောင့်ရဲနိုင်တော့ဘဲ သူများဘဝကြီးကို အားကျနေတာ။
ကျနော်တို့ နေ့တဓူဝ မြင်တွေ့နေရတဲ့ နယူးဖိစ် တိုင်းကို ကြည့်လိုက်ပါ။
ဘယ်သူက စိတ်ပျက်စရာကောင်းတဲ့ လုပ်ငန်းခွင်က ပြဿနာတွေ၊ အဆင်မပြေမှုတွေ အကြောင်း တင်ထားတာရှိလဲဆိုပြီး ရှာကြည့်ပါ။
မရှိသလောက်ကို ရှားပါတယ်။
အင်စတာဂရမ်နဲ့ ဖေ့စ်ဘုတ်မှာ ဘယ်လောက် ဇိမ်ကျနေကြောင်း၊ ဘယ်လို Shopping တွေထွက်၊ ဘာပစ္စည်းတွေ ဝယ်နေ
ကြောင်း၊ ရည်းစားက ဘယ်လိုချစ်ကြောင်း စတဲ့ ပျော်စရာ အကြောင်းတွေပဲ တင်ပါတယ်။ တကယ့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကျော်တော့ ဘယ်သူမှမတင်ကြပါဘူး။
တကယ်တော့ Social Media ဟာ တကယ့်လက်တွေ့ မဆန်သလို အမြဲတမ်း အမှန်တွေချည်းလဲ မဟုတ်ပါဘူး။
ဥပမာ - သင်တင်လိုက်တဲ့ ပုံကို React ပေးတာနည်းပြီး သူငယ်ချင်းပုံတွေကျ React တွေ ထောင်နဲ့ချီနေတဲ့ အခါမျိုးဆို
ငါက သူတို့လောက်မလှလို့လား ?
သူကျ Like အများကြီး ရတယ်။ ငါကျ နည်းနည်းလေး။
ငါက ရုပ်ဆိုးလို့လား ?
စတဲ့ ကိုယ့်ကိုကိုယ် သံသယအတွေးတွေနဲ့ ထုနှက်နေတတ်ပါတယ်။
ကျနော်တို့ သိရမှာက လူတိုင်းမှာ သူ့ပြဿနာနဲ့သူ ရှိပြီးသားပါ။
ဘယ်သူကမှ ထုတ်ပြမှာမဟုတ်ပါဘူး။
သူတို့အဆင်ပြေနေကြောင်းပဲ တင်ကြပါတယ်။ သူတို့အခက်အခဲတွေကို မတင်ပြပါဘူး။
ရည်းစားလေးက ဘယ်လိုဂရုစိုက်ကြောင်း၊ ချစ်ကြောင်းတွေပဲ တင်ပါတယ်။
ပြစ်ထားလို့၊ ဖောက်ပြန်သွားလို့ ငိုခဲ့တာတွေ ဘယ်သူမှပြောမှာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်တိုင်သိဖို့လိုပါတယ်။
Social Media က ကိုယ့်အတွက် Toxic ဖြစ်နိုင်တာ ဂရုပြုပါ။
၂။ အသိအမှတ်ပြုခံရဖို့ ရှာဖွေခြင်း။
(2. Searching for validation.)
ကျနော်တို့ Post တခု တင်လိုက်ပြီ ဆိုပါစို့။
ဘယ်သူကမှ ကျနော်တို့ Post ကို Reactလဲမပေး၊ အဖက်လဲမလုပ်။
ဟာသ Vd ရှဲရင်လဲ haha မပေးဘူး ဆိုရင်။
မကြာပါဘူး။ ကျနော်တို့ အဲ့ Post ကို Move to trash or Delete လုပ်ပစ်လိုက်ကြတာပဲ။
ဒါက ကျနော်တို့ Share လိုက်တဲ့ Post ကို လူတိုင်း အသိအမှတ်ပြုတာ ခံချင်တဲ့ စိတ်ကြောင့် ဖြစ်တယ်။
Searching for Validation ပေါ့။
ဥပမာ - သင် တင်လိုက်တဲ့ Content တပုဒ်ကို လူတွေအရမ်းသဘောကျတယ်။ Like တွေပေး။ share တွေ လုပ်ကြမယ်။
နောက်တခေါက်တင်တဲ့ အခါကျ ထင်ထားသလောက် Like မရဘူး။ share တဲ့ သူလဲ မရှိဘူးဆိုရင် ကျနော်တို့က အရှုံးသမားတယောက်လို ခံစားသွားရတတ်ပါတယ်။ အားလဲပျက်သွားတယ်ပေါ့။
Social Media မှာ အပြိုင်အဆိုင်တွေ သိပ်များပြီး တနေ့ထက် တနေ့ ကိုယ့်ကို လူတွေ အသိအမှတ်ပြုဖို့နဲ့ Reactions တွေရဖို့ပဲ ကြိုးစားနေကြတာများပါတယ်။
တကယ့် လက်တွေ့ ဘဝရဲ့ ပျော်ရွှင်မှု ကို Social Media လို့ထင်ယောင်ထင်မှားဖြစ်လာပြီး ရှာဖွေနေမိတတ်ပါတယ်။
Remember ! It's not about Searching for validation.
🔰အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။
Telegram - https://t.me/luminouswithpai
Website - https://luminouswithpai.wordpress.com/blog/
Facebook - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk
#luminouswithpai
#socialpsychology
#socialmedia
Keep Reading