ရှင်မင်းပုံ
အတ္တစိတ်ဆိုတာကို ကျွန်မတို့ သဘောတရားကျကျ တွေးကြည့်ရမယ်ဆို “ကိုယ့်ကိုယ်ကို အလွန်ချစ်ခင်အလေးပေးခြင်း၊ တခြားသူတွေထက် ပိုမိုထင်ရှားလိုစိတ် နဲ့ ကိုယ့်ကိုယ်ကို အလွန်အရေးကြီးတဲ့ သူတစ်ယောက်အဖြစ် မှတ်ယူလိုခြင်း” လို့ ဆိုရပါမယ်။
အတ္တစိတ်က ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်စိတ် ကိုယ့်ခံစားချက် ကိုယ့်ထင်မြင်ယူဆချက်ကိုသာ ရှေ့တန်းတင်တဲ့ စိတ်ဖြစ်ပါတယ်။ အတ္တစိတ်အလွန်များတဲ့ သူတွေက ဘဝနေထိုင်မှုမှာ အခြားသူများနဲ့ လူမှုဆက်ဆံရေးကိုပါ ပျက်ပြားစေနိုင်ပြီး စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
အတ္တကြီးသူတော်တော်များက သူတို့ ကိုယ်ပိုင်ထင်မြင်ချက်များကသာ အမှန်လို့ ထင်မြင်တတ်ပြီးအရာရာတိုင်းကို သူတို့စိတ်နဲ့သာ ကြည့်တတ်ကြပါတယ်။ အတ္တစိတ်ရဲ့ အဆုံးစွန်အနေအထားကို ရောက်လာတဲ့အခါ အမြဲတမ်း သောကဖြစ်နေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို့စိတ်နဲ့သူတို့ ပူလောင်နေတတ်ကြလို့ ဖြစ်ပါတယ်။
သူတို့က အခြားသူများထက် အခွင့်အရေးကို ပိုမိုရချင်တဲ့စိတ်ကြောင့် အမြဲလိုအင်ဆန္ဒပြည့်ဝတယ်ဆိုတာကို မရှိပဲ အမြဲအလိုလောဘကြီးနေတတ်ကြပါတယ်။ တခါတလေမှာ တစ်ဖက်လူကို မကောင်းကြံစည်သည်အထိ ပြုမှုတတ်ကြပါသေးတယ်။
အတ္တကြီးသူတွေက သူတို့အမှားကို ဝေဖန်ထောက်ပြပေးရင်လည်း လက်မခံချင်ကြပါဘူး။ဘာလို့လဲဆိုတော့ သူတို့လုပ်နေတာ တွေးနေတာတွေက အမြဲတမ်းအမှန်ရှိနေတယ်လို့ ယုံကြည်မှုလွန်ကဲနေကြလို့ ဖြစ်ပါတယ်။ သူတို့ကိုပြုပြင် အကြံဉာဏ်ပေးတဲ့သူများကိုလည်း ဒေါသကြီးစွာငြင်းပယ်တတ်ကြပါတယ်။
အခြားသူများနဲ
Unlock to read this premium article with 10 points.