ဂလယ်ရီဝိုင် (မာရိတ်)
ဒီကနေ့မှာတော့ ကျွန်မကကျောင်းသားတွေရဲ့ အဖြစ်များဆုံးပြဿနာကို ဖြေရှင်းဖို့နည်းလမ်းလေးတစ်ခုမျှဝေပေးချင်ပါတယ်။ဒါကတော့တခြားမဟုတ်ပါဘူး။ စာသင်ချိန်မှာ အိပ်ငိုက်တတ်တာပါ။အိပ်ချိန်မမှန်လို့အိပ်ငိုက်တာက သာမာန်ရိုးကျဖြစ်ပေမယ့်အိပ်ချိန်ပြည့်ဝပါလျက် အမြဲတမ်းအိပ်ငိုက်နေတတ်ခြင်းကတော့ စဥ်းစားစရာအတွေးတစ်ခုဖြစ်လာပါတယ်။
အဲလိုဖြစ်ရခြင်းဟာ တကယ်တော့ လန်းဆန်းတက်ကြွမှုအားနည်းခြင်းနှင့်အတွေးအာရုံများ သင်ယူလေ့လာမှုတွင်မရှိဘဲ စိတ်များ ပျံ့လွင့်နေသောကြောင့်ဖြစ်ပါတယ်။မိမိကိုယ်တိုင်သာ သင်ယူလေ့လာမှုကို စိတ်ပါဝင်စားမှုအပြည့်ရှိစွာဂရုတစိုက်နားထောင်နေမယ်ဆိုလျှင် အိပ်ချင်တဲ့စိတ် ဖြစ်လာမှာမဟုတ်ပါ။
ဥပမာလေးတစ်ခုနှင့် နမူနာပြပါစေ
သင်က ပန်းချီဝါသနာပါသူဆိုပါစို့။စာသင်ချိန်မှာ ဆရာမက ပန်းချီဆွဲတာနှင့်ပတ်သက်တဲ့ နည်းလမ်းလေးတွေ သိမှတ်စရာတွေကို ပြောပြမယ်ဆိုရင်အဲအချိန်မှာ သင်စိတ်ဝင်တစားနှင့် နားထောင်နေလိမ့်မည်။ဘာဖြစ်လို့လဲဆို ပန်းချီကသင့်ဝါသနာပါသည့်အရာဖြစ်သောကြောင့်စိတ်ပါလက်ပါ နားထောင်နေခြင်းဖြစ်ပါတယ်။
ထို့နည်းတူစွာပင် စာသင်ရာမှာလည်း မိမိနှစ်သက်သည့်အကြောင်းအရာတခုကို သိရှိရသလိုမျိုး ဂရုတစိုက်နားထောင်မည်ဆိုပါက အိပ်ငိုက်တတ်ခြင်းကို ဖြစ်ပေါ်စေမည်မဟုတ်ပါ။ ပြီးတော့ စာသင်ချိန်မှာ ရေသောက်ပေးပါ။ရေဓာတ်အားနည်းခြင်းကလည်း သင်ရဲ့လန်းဆန်းတက်ကြွမှုကို လျော့ကျစေနိုင်တဲ့အတွက်ဖြစ်ပါတယ်။
ဖတ်ရှုသူ တစ်ဦးတစ်ယောက်ချင်းစီကို
လေးစားတန်ဖိုးထားပါလျက်
ဂလယ်ရီဝိုင် ( မာရိတ် )
Keep Reading