ရေတမာ မွန်
တကယ့်ချမ်းသာအစစ်ကို လိုချင်ရင်
ရင်းနှီးသင့် ရင်းနှီးထိုက်သော
တန်ဘိုးမဖြတ်နိုင်သော
အရင်းအနှီး နှစ်မျိုးရှိတယ်။
ခန္ဓာကိုယ်ကိုရင်းနှီးပါ။
စိတ်ကို ရင်းနှီးပါ။
ခန္ဓာကိုယ်ရဲ့ဆာနာရောဂါဟာ နေ့တဒူဝနှိပ်စက်နေတယ်။
စိတ်ရဲ့ အလိုကျခြင်း အလိုမကျခြင်းဟာလည်း
အချိန်နဲ့အမျှ စေ့ဆော်နေတယ်။
လူဟာ စိတ်အကျဥ်းသားဖြစ်နေတာ သတိထားမိပါလိမ့်မယ်။
ဟုတ်ပြီ။
စိတ်ကို ဘာဝနာ နဲ့ထိမ်းလို့ရတယ်။
ခန္ဓာကို သီလနဲ့ထိမ်းလို့ရတယ်။
မငြိမ်သက်ခြင်းကို ငြိမ်သက်မှုက နိုင်တယ်။
မငြိမ်းချမ်းခြင်းကို ငြိမ်းချမ်းခြင်းက နိုင်တယ်။
စိတ်ခန္ဓာကို သတိတရားက နိုင်တယ်။
သီလနဲ့ခန္ဓာ
စိတ်နဲ့ဘာဝနာ
အတွဲလိုက် ချည်နှောင်ပူးကပ်ထားရင်
တောင်းတခြင်းနဲ့ကြောင်းကြခြင်းတွေ နေရာမရတော့ဘူး။
တကယ်ရင်းနှီရမှာက
သီလ ဘာဝနာ ဖြစ်ပါတယ်။
အားစိုက်ရမှာ ခန္ဓာ က သီလ၌ အားစိုက်ရမယ်။
စိတ်က ဘာဝနာ ၌ အားစိုက်ရမယ်။
လက်ဖျောက်တစ်ချက်တီးခိုက် အချိန်ရတဲ့ ပို့သမေတ္တာစိတ်ကလေး
အကျိုးကြီးမားပုံကို နားလည်သိရှိသူတွေများပါတယ်။
သိယုံသိထားပြီး လက်တွေ့မကျင့်တာဆိုးတယ်။
မဆိုးနဲ့ ဆိုးရင် မိုက်ပြီ မိုက်ပြီဆိုတာ ဥာဏ်အလင်းကွယ်တာကို
ပြောတာ။ သိပ်မမိုက်ပါနဲ့။ စိတ်အလိုလိုက်ခဲ့သမျှ မိုက်နောင်တနဲ့
အသိဥာဏ်မပွင့်လင်း အမှောင်မခွင်းနိုင်ခဲ့ကြတာ စဥ်းစားရမယ်။
ခန္ဓာလိုအပ်ချက်တွေ နေ့တဒူဝ လုပ်ပေးနေရတာတွေ အလွန်များတယ်နော်။ ခန္ဓာကိုယ်အကျိုးပြုတာတွေက သူလိုကိုယ်လိုသဘောမျှသာပါ။ ဒိထက်ပိုကောင်းတဲ့ အရာတစ်ခုရှိပါတယ်။
သီလ ဆောက်တည်ရမယ်။ ကိုယ်စောင့်ရှောက်ထားတဲ့သီလလေး
မကျိုးပေါက်တာသိနေရမယ်။ ကံငါးပါးလုံနေသမျှ ခန္ဓာအရင်းအနှီးရဲ့အကျိုးအမြတ်ဟု သိရမယ်။မေတ္တာကြီးမားတဲ့လူဟာ
အထက်တန်းစားလူ။
အတ္တ နဲ့ ပရ ချိန်ခွင်လျှာညှိတတ်မှ လူဖြစ်ကျိုးနပ်မယ်။
သီလစောင့်တာ အများအတွက်ဖြစ်ရမယ်။
ကိုယ့်အတွက်ဆိုတာ ထက် အများအတွက်စိတ်အကြည်ဓာတ်လေးမွေးနေရမယ်။
အဲ့ဒီလို
ရှယ်ကောင်းတဲ့အတွေးနဲ့ပျော်နေလိုက်စမ်းပါ။
တော်လွန်းတဲ့မဟာလူသားများရဲ့ ပြောပြုတွေးခြင်းဟာ
အမြားအကြိုးလိုလားတယျ။
ငွေမကုန်တဲ့ အရင်းအနှီးနှစ်မျိုးအကြောင်း သိသွားတဲ့အချိန်ကစလို့
ဘဝအနေအထားတဆင့်တက်လှမ်းနိုင်ပါစေ။
ရေတမာ မွန်
#SarPhat
#ရေတမာ မွန်
#follower
Keep Reading