ညဉ့်ယံ[ Nyint Yan ]
အလှတရားဆိုတဲ့ခေါင်းစဉ်အောက်မှာ စိတ်ပိုင်းဆိုင်ရာအလှတရား (အတွင်းစိတ်)နဲ့ ရုပ်ပိုင်းဆိုင်ရာအလှတရား( အပေါ်ယံ )ဆိုပြီး နှစ်မျိုးကွဲပြားနေပါတယ်။ခေါင်းစဉ်မှာပါတဲ့အတိုင်းပါပဲ။ ဒီနေ့တော့ ယံယံတို့တွေ အပေါ်ယံအလှတရားဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာအလှတရားအကြောင်းကို ပြောကြရအောင်.....
ယံယံတို့တွေထဲမှာ ငယ်ငယ်လေးကတည်းက ရုပ်ပိုင်းဆိုင်ရာ စိတ်မလုံမခြုံမှုတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့သူတွေများပါတယ်။ ကိုယ့်ထက်လှတဲ့သူတွေ၊ ကိုယ့်ထက်အသားဖြူတဲ့သူတွေကို မြင်တဲ့အခါ အားကျရပါတယ်။ အဲ့လိုအခြေအနေမျိုးတွေကို မသိမသာရှောင်လွှဲဖို့အတွက် အကောင်းဆုံးသော ဆင်ခြေဖြစ်တဲ့စာကြောင်းကတော့ "ရုပ်လှဖို့ထက် စိတ်လှဖို့က အရေးကြီးတယ်ဆိုတဲ့ စာကြောင်းပါပဲ"...
အရာရာတိုင်းမှာ အဆိုးနဲ့အကောင်းဒွန်တွဲနေတယ်ဆိုသလိုပဲ ထိုစာကြောင်းလေးဟာ စိတ်ပိုင်းဆိုင်ရာအလှတရားကို တစ်ဖက်ကချီးမွမ်းလိုက်သလို တစ်ဖက်မှာလည်း မိမိရဲ့ရုပ်ပိုင်းဆိုင်ရာအလှတရားနဲ့ ပတ်သတ်ပြီး သိမ်ငယ်စိတ်တွေဝင်လာနိုင်ပါတယ်....
အဲ့တော့ စိတ်လှဖို့မလိုဘူးလား။ လိုတာပေါ့။ စိတ်လှဖို့က အရမ်းအရေးကြီးတယ်။ လူတစ်ယောက်က စိတ်ထားမလှဘူးဆိုရင် အပြင်ပိုင်းလတ်ဆက်ပုံပေါ်ပြီး အတွင်းပုပ်နေတဲ့အသီးတစ်လုံးလိုပဲ ဘယ်သူ့အတွက်မှ အသုံးမဝင်တဲ့သူတစ်ဦး ဖြစ်နေမှာပါ...
တစ်ချိန်ထဲမှာပဲ ရုပ်လှဖို့ကလည်းအရေးကြီးနေပြန်ပါတယ်။ ဘယ်လောက်ပဲ စိတ်လှရုံနဲ့အဆင်ပြေတယ်ပြောပြော တကယ့်တကယ် ရုပ်ပိုင်းဆိုင်ရာလှတဲ့သူနဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိတဲ့သူ ယှဉ်လိုက်ရင် လှတဲ့သူကအခွင့်အရေးပိုရကြတာချည်းပါပဲ။ အဲ့တာက လှတဲ့သူတွေရဲ့အပြစ်မဟုတ်ပါဘူး။ ကိုယ့်အပြစ်ပါ....
ဒီနေရာမှာ မေးခွန်းရှိလာပါပြီ။ ဘာကြောင့်လဲ။ ဘာကြောင့် ရုပ်ပိုင်းဆိုင်ရာမလှရုံနဲ့ ငါ့အပြစ်ဖြစ်ရတာလဲ။ အဖြေကတော့ ရှင်းရှင်းလေးပါ။ ဘာလို့ မင်းအပြစ်ဖြစ်ရတာလဲဆိုရင် မင်းကိုယ်မင်းလှအောင်မနေသလို မင်းကိုယ်မင်း လှခွင့်မပေးလို့ပါ.......
ပထမဆုံးပြောချင်တာကတော့ လူတိုင်းဟာ လှပပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းဟာလှပပါတယ်။ မင်းရုပ်ဆိုးနေတယ်ဆိုတာဟာ မင်းကိုယ်တိုင်က ရုပ်ဆိုးခွင့်ပေးထားလို့ပါ။ လူတိုင်းမှာ မတူညီတဲ့အလှတရားတွေရှိပါတယ်။ လူတွေအားလုံးသာ တစ်ပုံစံထဲဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်အလှတရားဆိုတာကို သတ်မှတ်လို့ရမှာလဲ...
မင်းတို့က ရုပ်ဆိုးနေတာမဟုတ်ပါဘူး။ သူများတွေလိုပဲ မတူညီတဲ့အလှတရားတွေ ရှိနေရုံပါ။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကိုလှတယ်ဆိုတဲ့ စိတ်သွင်းပါ။ ကိုယ့်ကိုယ်ကိုမှ လှတယ်လို့မမြင်ဖူးဆိုရင် မင်းကိုဘယ်သူကမှလှတယ်လို့ မြင်မှာမဟုတ်ပါဘူး။ အမှန်တော့ အလှတရားဆိုတာက ကိုယ်ကိုယ်တိုင်ပေါ်ပဲ မူတည်ပါတယ်။ မင်းကိုယ်မင်းလှတယ်လို့ မြင်မယ်။ မင်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို လှလှပပလေးဆက်ဆံပေးမယ်။ ပြုမူပေးမယ်ဆိုရင် မင်းအမြင်မှာတင်မဟုတ်ပဲ အခြားသူတွေရဲ့အမြင်မှာပါ မင်းကလှလာမှာပါ...
မှန်ရှေ့ကိုသွားလိုက်ပါ။ ကိုယ့်ပုံကို မှန်ထဲမှာမြင်တဲ့အခါတိုင်း အားနည်းချက်တွေချည်းတွေးမြင်နေမယ့်အစား အားသာချက်တွေကို မြင်ယောင်ကြည့်ပါ။ အလှစံချိန်စံညွှန်းဆိုတာ လူတွေက သတ်မှတ်တာပါ။ မင်းကိုမင်း သူများသတ်မှတ်ထားတဲ့ပုံစံခွက်ထဲမဝင်လို့ စိတ်ပျက်အားငယ်နေမယ့်အစား ကိုယ့်ပုံစံအတိုင်းနေပါ။ ကိုယ့်ကိုယ်ကို အားပေးပါ။ ကိုယ့်ကိုယ်ကို လှတယ်လို့မြင်ပေးပါ....
လူတစ်ယောက်မှာ ခေါင်းတစ်လုံး၊ခြေနှစ်ချောင်း၊လက်နှစ်ချောင်းပါရမယ်ဆိုတာက ယေဘုယျသတ်မှတ်ချက်တစ်ခုပါပဲ။ တစ်ခါတစ်လေမှာ ယံယံတို့ဟာ မျက်နှာပေါ်ကရုပ်ရည်တင်မဟုတ်ပဲ ခန္ဓာကိုယ်တည်ဆောက်ပုံတွေပါ ကွဲပြားတက်ပါတယ်။ ဒါပေမယ့် အဲ့တာနဲ့ပတ်သတ်ပြီး ဝမ်းနည်းနေစရာမလိုပါဘူး။ တစ်ခုပဲမှတ်ထားပေးပါ။ အလှအပစံနှုန်းဆိုတာ ပုံသေကားချပ်တစ်ခုမဟုတ်ပါဘူး။ မင်းနဲ့ပဲ သတ်ဆိုင်တာပါ။ အခြားသူတွေသတ်မှတ်ထားတဲ့ အလှအပစံနှုန်းနဲ့မကိုက်ညီလို့ ဝမ်းနည်းနေမဲ့အစား ကိုယ့်ကိုယ်ကို လှအောင်မြင်ပြီး လှအောင်နေဖို့ပဲ အရေးကြီးတာပါ...
ထပ်ပြောပါ့မယ်။ အပြင်ပိုင်းအလှတရားက အရေးကြီးပါတယ်။ အဲ့အရေးကြီးပါတယ်ဆိုတဲ့အလှတရားက မင်းတို့နဲ့ပဲသက်ဆိုင်နေပါတယ်။ မင်းတို့ကိုယ်မင်းတို့လှတယ်လို့ မြင်တယ်၊ လှအောင်နေမယ်ဆိုရင်တော့ မင်းတို့က လှပတဲ့သူတစ်ဦးဖြစ်နေမှာပါ။ မင်းတို့ကိုယ်မင်းတို့ သူများနဲ့ကွဲပြားနေရုံလေးနဲ့ ရုပ်ဆိုးတယ်လို့မြင်နေမယ်၊ ရုပ်ဆိုးတဲ့သူတစ်ယောက်လိုပြုမူနေမယ်ဆိုရင်တော့ အမြဲတမ်းရုပ်ဆိုးနေမှာပါပဲ....
လှအောင်နေလိုက်ပါ။ လူတိုင်းကလှပြီးသားပါ။ ကိုယ့်ကိုယ်ကို ဘယ်လောက်ထိလှတယ်ဆိုတာကို မြင်အောင်ကြည့်ပါ။ မင်းကလှပပြီးသားပါ.....
နောက်ဆုံးပြောချင်တာကတော့ မင်းတို့ရဲ့အလှတရားကို မင်းတို့ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။ အဲ့အခါကြရင် မင်းတို့ဘယ်လောက်ထိလှတယ်ဆိုတာကို မင်းတို့ကိုယ်တိုင် မြင်လာပါလိမ့်မယ်...
အားလုံးပဲ မွှေးရနံ့သင်းပြီးလှပတဲ့ပန်းလေးတွေအဖြစ်ပွင့်လန်းနိုင်ပါစေလို့ ဆန္ဒပြုလျက်......
#ညဉ့်ယံ
Keep Reading