ရေတမာ မွန်
ငယ်ငယ်က အမှားနဲ့အမှန်ရောထွေး အမှန်ရွေးပါ ဆိုတဲ့ပုစ္ဆာဖြေခဲ့ရတယ်။
တခါတရံ စာမေးပွဲမှာ အမှန် နဲ့ အမှား ဖြေကြရတယ်။
နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ် ဆန့်ကျင်ဘက်စကားလုံး ဖြေပါတဲ့။
တကယ့်အပြင်ကလူဘဝနဲ့ကျောင်းသားဘဝမှာ
မသိမမြင်ဘူးတဲ့ မသင်ထားရသော မေးခွန်းတချို့
ပါလာတာ သတိထားမိသေးတယ်။
အနာဂတ်ကို ပစ္စုပ္ပန်နဲ့ပုံဖော်လို့ရတယ် ဆိုတာ
လက်ခံပါသလား။
အဲ့ဒီအဖြေကို ဝိုင်းစဥ်းစားကြည့်ရအောင်။
ဘဝအရေးမှာ
အရေးမကြီးတာတွေကို အရေးတကြီးလုပ်မိတာများတယ်။
အရေးကြီးတာက ဘာ။
အရေးမကြီးတာက ဘာ။
ခွဲခြားသိဖို့ ပညာသင်ကြရတယ်။
မေးခွန်းတွေ ဖြေခဲ့ရတာက ကိုယ်သိတား ဖတ်ထားသမျှတွေကို ဒါသင်ဒါကျက်ဒါဖြေ ပုံစံခွက်အတိုင်း
တစ်ထပ်တည်းကျမှ မှန်တယ်လို့ ဆုံးဖြတ်ချက်ချခံခဲ့ရတယ်။
အတွေးအမြင်ပါသော အလားတူအဖြေမျိုးအတွက်
နေရာမပေးခဲ့ကြသောကြောင့်ကျောင်းပြင်ပ လူဘဝ
တိုက်ပွဲမှာ ကျရှုံးသူပိုများခဲ့ရတာပါ။
အမှားအမှန်ရောထွေးနေတာ ဖြေရတာရယ်
အမှားနဲ့အမှန်ရွေးရတာရယ်
ဆန်ကျင့်ဘက်စကားလုံးဖြေရတာရယ်
ဒီလေ့ကျင့်မှုတွေကို ပြန်အသုံးချဖို့လိုတယ်။
အဲ့ဒီလေ့ကျင့်မှုတွေက အသုံးဝင်လို့ပါ။
မကောင်းမှု ဆိုတာဘာလဲ
ကောင်းမှုဆိုတာ ဘာတွေလဲ
လောဘ ရဲ့ဆန့်ကျင်ဘက်က အလောဘ
ဒေါသ ရဲ့ဆန့်ကျင်ဘက်က အဒေါသ
မောဟ ရဲ့ ဆန့်ကျင်ဘက်က အမောဟ ။
ကြည့်စမ်း တဖြည်းဖြည်းနဲ့ ဘဝအရေးမှာ စိတ်အေးချမ်းစေသော အတွေးအမြင်အသိပညာတွေကို
ငယ်စဥ်ကတဲက အခြေခံသင်ကြားခဲ့ရတယ်နော်။
အတွေးကို အခြေခံသော အသိပညာဟာ လက်တွေ့
အသုံးချရလိုမှန်းယခုမှ သိတယ်။
တခါရံ အမှားအမှန်ရောထွေးနေလို့ ဝေခွဲမရတာ
မောဟ ချယ်လှယ်ခြင်းခံနေရတာကိုးဟု ယခုသိပြီ။
အလိုမကျမှုကြောင့်
မနာလိုစိတ်ကြောင့်
ကျရှံမှု့ကြောင့်
ဝမ်းနည်းပူဆွေးမှုတွေဖြစ်ရတဲ့တရာခံဟာ
လောဘ ဆိုတဲ့ အရာနဲ့
ဒေါသတို့ချယ်လှယ်နေတာကိုးဟု ယခု သိပြီ။
ပြုလုပ်သူ စိတ် စေခိုင်းသမျှ လုပ်ရရှာတာပါ။
ချယ်လှယ်သူက စိတ်။
မငြိမ်သက်တာက စိတ်။
စိတ် က ချယ်လှယ်တော့ ရုပ်က လှုပ်ရတယ်။
အိုဘုရား ဘုရား နာမ် နဲ့ ရုပ် ဇာတ်ရှုပ်သမျှ
ဘဝတွေမျိုးစုံ ဇာတ်ရုပ်မျိုးစုံနဲ့ ကကြိုးတွေ ရှုပ်ခဲ့ရတာပါလားနော်။
ဆန့်ကျင်မယ်။
နာမ် နဲ့ ရုပ်ကြားမှာ
ပညတ် နဲ့ ပရမတ်ကြား
အစပ်ကလေးတခုမှာ သတိနေပြီး ဆန့်ကျင်မယ်။
သတိ ဆိုတဲ့ ချည်ငင်လေးခိုပြီး အဲ့ဒီအစပ်လေးမှာ
သတိပဌာန်တရားနဲ့နေမယ်။
ဝိပဿနာ နဲ့နေမယ်။
ဘာဝနာ နဲ့နေမယ်။
ဘဝနေနည်းသိပြီမို့ အနာဂတ်ကို ပစ္စုပ္ပန်နဲ့ပုံဖော်လို့ရသွားပါပြီ။
အဖြေလည်းသိပြီမို့ သက်တမ်းရှိခိုက်
သတိတရားဖြင့် အာသဝကိုဖြတ်သန်းဖို့
ဆန့်ကျင်ကြပါစို့။
ရေတမာ မွန်
Keep Reading