စမ်းကြယ်
ဟုတ်တယ်။ ဘောလ်ပင်ကိုကိုင်ပြီး စဉ်းစားကြည့်တော့ အကြောင်းအရာနှစ်ခုလောက် ပေါ်လာတယ်။ ဒါပေမယ့် ဝေဝေဝါးဝါးပါပဲ။ ဘောလ်ပင်ကြီးကိုင်ပြီး ငိုင်နေမိတယ်။ ဆေးပေါ့လိပ်ကို နှစ်ဖွာလောက် ကောက်ဖွာလိုက်တယ်။ သံယောစဉ် မပြတ်နိုင်ဖြစ်နေတဲ့ ဖေ့စ်ဘွတ်ခ် သုံးနေတာကို ရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော် ဒီစာကို ချရေးလိုက်တယ်။
နားကြပ်တပ်ပြီး ဖုန်းနဲ့သီချင်းနားထောင်ရင်း ရေးနေတာဆိုတော့ သီချင်းနှစ်ပုဒ်လောက်တော့ ပြီးသွားပြီ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အကြံတစ်ခု ရခဲ့တယ်။ အဆွေးသီချင်းတွေအစား အကြည်ဓာတ်ရမယ့် သီချင်းချိုချိုလေးတွေ နားထောင်ကြည့်မယ်ပေါ့။ ဒီတော့ တစ်သက်လုံး ဖန်တရာတေနေအောင် ကြိုက်ခဲ့တဲ့ သီချင်းတွေကို ဖုန်းထဲကနေ ဖျက်လိုက်တယ်။ အခုနောက်ပိုင်းနှစ်တွေမှာထွက်ခဲ့တဲ့ သီချင်းတွေထဲကနေမှ အဆွေးဓာတ်မပါတဲ့ သီချင်းတွေကို အတတ်နိုင်ဆုံးဒေါင်းပြီး နားထောင်ဖြစ်ခဲ့တယ်။
အကျင့်တစ်ခုကို အပြောင်းအလဲလုပ်ရတာ တကယ်တော့ မလွယ်လှဘူး။ သီချင်းသစ်တွေက နားထဲစွဲလာပေမယ့် အရင်တုန်းက ကြိုက်ခဲ့တဲ့ သီချင်းဟောင်းတွေလို အလွတ်တော့ မရသေးဘူး။ ပြီးတော့ သီချင်းအသစ်တွေကို လိုက်ညည်းတဲ့အခါ အရင်သီချင်းတွေတုန်းကလို နှလုံးသားထဲနစ်ဝင်အောင် ခံစားပြီး ဆိုစရာလည်း မလိုနေပြန်ဘူး။
ဆေးပေါ့လိပ်နှစ်ဖွာ ထပ်ဖွာလိုက်တယ်။ ပြီးတော့ မီးသတ်လိုက်တယ်။ သောက်နေရင်း တစ်ခုသတိထားမိတယ်။ အခုရေးနေတာ ဘာအကြောင်းလဲပေါ့။ အနီးစပ်ဆုံးအဖြေက စိတ်ထဲပေါ်လာတာတွေကို မှီသလောက် လိုက်ချရေးတာတွေ ဖြစ်နေတယ်။
ဒါပေမယ့် စိတ်က ပိုမြန်နေတယ်။ စိတ်အလျဉ်ကို
မှီအောင်လိုက်ရေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တာကို ရေးနေရင်း သိလာခဲ့တယ်။ နားကြပ်က နားထဲကို "ညားခါစ" ဆိုတဲ့ သီချင်းလေးကို ဖြတ်စီးစေတယ်။ "ကျားကျားက မိန်းမိန်းကို ဘယ်လောက်အထိ ချစ်တာလဲ" တဲ့။
ဆက်ရေးမလို့ လုပ်နေတုန်းမှာ အိမ်ကို ပူတူးရောက်ချလာတယ်။ (ပူတူးဆိုတာက ကျွန်တော်တို့တိုက်ခန်းမှာ အချိန်တော်တော်များများ လာလာနေနေတဲ့ ကြောင်လေးပါ။) သူရောက်လာပြီးအော်နေတော့ နေ့လည်စာ ထကျွေးလိုက်ရတယ်။ ဗိုက်ပြည့်သွားတော့ ပူတူးကို ဧည့်ခန်းဆီ ခေါ်လာခဲ့တယ်။ ပြီးတော့ အိပ်ယာခင်းပေးပြီး ဧည့်ခန်းမှာ သိပ်လိုက်တယ်။ ဒါပေမယ့် ပူတူးက မအိပ်ဘဲ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်နေတယ်။
ဒီလိုတွေ ရေးနေချိန်မှာ သီချင်းက နှစ်ပုဒ်လောက် ပြီးသွားခဲ့ပြီ။ "ခမ်းနားမှု၊ ဖမ်းစားမှု၊ And I lose" ဆိုတဲ့သီချင်းကို အရင်နေ့တွေတုန်းက Gunners lose ဆိုပြီး Jewish sense နဲ့ ပေါက်ကရတွေးမိတာကို ရုတ်ခြည်း သတိရသွားတယ်။ (Arsenal ကို မမုန်းပါ။ ကာရန်တူတာကို ရုတ်တရက် တွေးမိသွားတာ။) ခနနားမှရမယ်။ လက်ကောက်ဝတ်က ကိုက်လာပြီ။ ( Grade 7 တုန်းက လက်ကောက်ဝတ် ကျိုးခဲ့ဖူးတယ်။)
ဒီအချိန်မှာ "မြန်မာ့ရှုခင်း၊ မြန်မာ့စိတ်ရင်း" သီချင်းခနနားထောင်ကြည့်တော့ ငယ်စဉ်ကလေးဘဝအရွယ်ကို ပြန်ရောက်သွားသလိုလို။ အဲဒီသီချင်းပြီးတော့ "ကမ္ဘာအဆက်ဆက်" သီချင်းထပ်လာတယ်။ စိတ်က ချရေးနေတာတွေထက် ရှေ့ကိုအများကြီးရောက်နေတာ ပိုသေချာလာခဲ့တယ်။ ကျွန်တော် ရေတစ်ခွက်လောက် ထသောက်ဖို့ လိုနေပြီ။
မီးဖိုချောင်မှာ ရေတစ်ခွက်ဝင်သောက်ပြီး ဧည့်ခန်းကို ပြန်ရောက်တော့ ပူတူးက အိပ်ပျော်နေပြီ။ သီချင်းက စကားပြောတွေပါတယ်။ "အခုနောက်ပိုင်း အန်တီမကြိုက်တာ သူမလုပ်ဘူး" တဲ့။ အဲ့ဒါကိုလည်း အရင်နေ့တွေတုန်းက "သူကြိုက်တာလည်း အန်တီမလုပ်ဘူး" ဆိုပြီး အခွီတွေတွေးမိသေးတာ သတိရသွားတယ်။
ဝရန်တာနားမှာ စာရေးနေတာဆိုတော့ ကားတွေသွားလာနေတာကို တချို့တဝက် မြင်နေရတယ်။ ဘာရယ်တော့ မဟုတ်..."ရန်ကုန်ဟာ ထီကွက်ပေါက်တဲ့ ကံထူးရှင်ပဲ" ဆိုတဲ့အတွေးလေး ဝင်လာတယ်။ အောင်ထက်ရဲ့ "မင်းဖြစ်နေလို့" ဆိုတဲ့ သီချင်းအလှည့်ရောက်ပြီ။
ခေတ်ဟောင်းလက်ကျန် Power house ဟာ ခေတ်အနေအထားအရ ပေါ့ပေါ့ပါးပါးဘက်ကိုလည်း ခွထိုင်ပေးနေရတာကို သတိထားမိတယ်။ ခေတ်နဲ့အမှီမလိုက်နိုင်တဲ့သူက တဖြည်းဖြည်းကျန်နေခဲ့မယ်ဆိုတာ Noki
Unlock to read this premium article with 10 points.