NYO-ညို
ညို..ညို့အနာဂတ်ကိုညိုမသိပါဘူး။
ညိုလုပ်နိုင်တာက..ညိုပျော်နေဖို့ဘဲလေ..
ပြဿနာတွေရဲ့ဖြေရှင်းချက်တွေက အတိတ်မှာမရှိဘဲ ယခုဖြစ်ပျက်နေတယ့်ပစ္စုပ္ပန်မှာသာရှိတာမို့ ညိုတို့ အခုပျော်နေဖို့လိုပါတယ်။
အနောက်ကိုပြန်လှည့်ပြီး တွေးငေးမောမေ့ပြီး နောင်တတပွေ့နဲ့နေဖို့ကတော့ မဖြစ်သေးလေ။
ဟုတ်ရဲ့မလား
မီးတွေလင်းနေပါတယ်။
ဒါပေမယ့် ညိုတော့မမြင်ရဘူး။
ရှေ့မှာဘယ်လိုဆက်ရှိမယ်မမြင်ရပါဘူး
ညဘက်ညယံ ကောင်းကင်ကိုငေးရသလိုဘဲပေါ့။
မီးတွေထိန်ထိန်လင်းနေပါရက် ညိုတို့ဟာ ကောင်းကင်ကြီးကိုတော့အသေအချာမမြင်ရဘူးလေ။
အနာဂတ်တွေပေါ့..။
/ညို/
Keep Reading