မောင်ဇင်(မှိုင်းဌာနီ)
ငါဟာ လူငယ်ဖြစ်တယ်။
အေး... လွတ်လပ်မှုအစွန်းရောက်တော့မဟုတ်ဘူး။
ငါဟာ လူတော်လူကောင်းကြီး မဖြစ်ခဲ့ဘူးဆိုရင်တောင်မှ
စားတဲ့ထမင်းစေ့တိုင်းဟာ သန့်စေရမယ်။
ငါဟာ ကျန်းမာရေးအရ ပါချူပါချဲ့ ဆိုရင်တောင်
ကျန်းမာရေးကောင်းပြီး အဆံလွတ်နေသူတွေနဲ့ဉီးနှောက်မပါ
လာတဲ့သူတွေထက် အရာရာ သာစေရမယ်။
ငါဟာ ချစ်မေတ္တာကို အိုင်တွေ့တိုင်းခြေမဆေးတတ်လို့
တစ်ကယ်မြတ်နိုးပြီး သစ္စာရှိမယ့် ကြင်သူကိုပဲ မျှော် မှန်းတယ်။
ငါဟာ ပညာအစစ်ကိုပြီးပြည့်စုံစွာတတ်မြောက်ပြီးခဲ့ရင်
တစ်ချိန်မှာ နောက်မျိုးဆက်တွေအတွက် အဖြူအစိမ်းဝတ်စုံရှင် တစ်စုံသောမီးတိုင်ကောင်းတစ်လက်ဖြစ်စေရမယ်။
ငါဟာ ဒီစကားတွေရေးလို့ ရွာပြင်ထွက်ရမယ်ဆိုရင်တောင်မှ ဘဝကို ရိုးရှင်းဖြောင့်မတ်စွာနဲ့ပဲ ရှင်သန်ဖြတ်သန်းမယ်။
ခုတစ်လောစာရေးတာနည်းသွားခဲ့လို့ စာဖတ်သူများကိုအနူးအညွတ်တောင်းပန်ပါသည်။
ဖောင်တိန်ဖြင့်ရှင်သန်မည့်
မောင်ဇင်(မှိုင်းဌာနီ) ၁၇.၉.၂၄
Keep Reading