ပြာလဲ့ရီဝေ
နိုင်ငံနေရာအနှံ ဒုက္ခကိုယ်စီတွေ ခံစားနေကြရတယ်။ အခုဆို လူက တစ်ခါတစ်ခါ ကြောင်ကြောင်ငိုင်ငိုင်လိုလို ၊ ကိုယ်နှစ်သက်တဲ့ fb post တစ်ခုကို like လုပ်ဖို့၊ love ပေးဖို့ နှိပ်ဖို့ ဟန်ပြင်ရာမှာ
တခြားသူတွေရဲ့ ဒုက္ခအခက်အခဲတွေကို တွေးမိပြီး လက်တွန့်သွားတယ်။ ဒီလိုနဲ့ အဲ့ post ကို ကျော်ဆွဲပစ်လိုက်တော့တယ်။ Guilty ပေါ့။ Guilty ခံစားနေရတာလို့ထင်တယ်။ Guilty က မကောင်းဘူးလား။
လူတစ်ယောက် ရောင့်ရဲဖို့ တင်းတိမ်နိုင်ဖို့က Gratitude လိုတယ်လို့ ထင်မိတယ်။ သေးသေးမွှားမွှားလေးကစ Gratitude ထားတက်ရင် နေရတာ ကျေနပ်နိုင်သေးစေမယ်ပေါ့။ အားဆက်တင်းထားနိုင်မယ်ပေါ့။ Gratitude တွေချည်း ဇွတ်ထားနေရင် ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြုရာကျလွန်းမယ်လို့လည်း ထင်မိတယ်။ ဒါ့ကြောင့် Guilty ခံစားရတယ်ဆိုတာ စာနာစိတ် ၊ ကိုယ်ချင်းစာစိတ် ရှိတာကို ဖော်ပြခြင်း တစ်မျိုးလို့ တွေးမိတယ်။
ကိုယ်ချင်းစာစိတ် ၊ စာနာစိတ်ရှိတဲ့အတွက် ဖြစ်လာတဲ့ Guilty ကလည်း ပြင်းထန်လွန်းရင် ဘေးဖြစ်နိုင်တာပေါ့လေ။
ဒီတော့ Gratitude နဲ့ Guilty ကို မျှမျှတတ ခံစားနေရာပေးထားရမယ်လို့ ထင်မိတယ်။
Gratitude ကိုလည်း လွတ်မလွှတ်ဘဲ ထားပြီး
ကိုယ်ချင်းစာနာစိတ်ရဲ့ Guilty လည်း ငွေ့ငွေ့ရှိနေနိုင်ပါတယ်။
Keep Reading