Hnin
ကျွန်မတို့ လူသားတွေမှာ အတ္တစိတ်လည်း ရှိသလို၊ပရစိတ်လည်း ရှိကြပါတယ်။ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ကြည့်ပါ။သေချာလေးကြည့်မိရင် အတ္တစိတ်နှင့်ပရစိတ် ဒွန်တွဲနေတာကို တွေ့ရပါလိမ့်မယ်။ ပရစိတ် အပြည့်နှင့်အလုပ်လုပ်တဲ့သူတွေ ကြည့်မိရင် တကယ်လေးစားတယ်။ကိုယ်ကျိုးစွန့်နိုင်တယ်။
အတ္တစိတ်နှင့်ပရစိတ် ဒွန်တွဲနေတာလေး ဥပမာလေးတွေနှင့်ပြောပြပါ့မယ်။
... ကိုယ်က ပိုက်ဆံရှာပြီး ခရီးသွားဖို့ စုထားတယ်ဆိုပါစို့။ဒါပေမဲ့ ကြားထဲမှာ ဥပမာ..အခုလက်ရှိဖြစ်နေတဲ့ ရေဘေးလို ကိစ္စမျိုးတွေ့တယ်ဆိုရင် စိတ်ထဲမှာ ဘယ်လိုဖြစ်လာလဲဆိုတော့''ငါ့မှာ စုထားတဲ့ပိုက်ဆံရှိသေးတာဘဲ၊ ခရီးကနောက်မှသွားလို့ရပါတယ်၊လိုအပ်တဲ့နေရာ လှူလိုက်အုန်းမှပါ''ဆိုပြီး
စစုတုန်းက အတ္တစိတ် ငါစိတ်အပန်းဖြေ ဖို့ခရီးသွားမယ်ဆိုတဲ့ စိတ်ကနေ သူများတွေကို လှူလိုက်မယ်ဆိုတဲ့ ပရစိတ် ဖြစ်သွားတာဘဲ။
...နောက်ထပ်ဥပမာ တစ်ခုဆိုရင်...
ပိုက်ဆံကိစ္စလေးနှင့်ဘဲ ပြောရမယ်ဆိုရင်.ကိုယ်က တစ်လတစ်လ လှူဖို့ဆိုပြီး ပိုက်ဆံစုထားတယ်ဆိုပါစို့။ဒါပေမဲ့ ကြားထဲမှာ စျေးတန်လို့ ကိုယ့်အတွက်ဘဲ လိုအပ်တယ်ထင်တဲ့ ပစ္စည်းတစ်ခုတွေ့လာခဲ့ရင်''အယ်... ဒါလေးငါလိုနေတာဘဲ၊ ငါစုထားတဲ့ပိုက်ဆံလေးထဲက နည်းနည်းလောက်ယူသုံးလိုက်အုန်းမယ်'' ပရစိတ်ကနေ အတ္တဖက်ကို ရောက်သွားပြန်တယ်။
ကျွန်မအနေနှင့်ပြောရရင် အဲဒါ လူတိုင်းဖြစ်သင့်၊ဖြစ်နေတဲ့အရာလို့ထင်မိပါတယ်။ကျွန်မတို့ လူ့လောကကို မွေးတဲ့အချိန်ကနေ သေတဲ့အချိန်ထိတွေးကြည့်မိရင် အချိန်တွေက တစ်ခုပြီး၊တစ်ခု ဆက်တိုက်လာနေသလိုဘဲ။
.မွေးစကနေ ဆယ်တန်း၊တက္ကသိုလ်ပြီးတဲ့အချိန်အထိ မိဘလုပ်စာထိုင်စားခဲ့ကြတယ်။အဲဒိအချိန်ဆို အတ္တစိတ်လို့ပြောရမလား 'ကိုယ်ပျော်နေရရင်ပြီးရော မိဘက အဆင်ပြေလား၊အဆင်မပြေလား မတွေးကြဘူး။ကိုယ်တောင်းတဲ့အချိန် မိဘမပေးနိုင်ရင် ရန်ရှာတတ်ကြတယ်။''
.တက္ကသိုလ်တွေပြီးတော့ ကိုယ်တိုင်ရှာဖွေပြီး မိဘတွေ၊ကိုယ့်ထက်အငယ်တွေ ပံ့ပိုးရမဲ့ အချိန်တွေကျတော့ ပရအချိန်လို့ထင်မိတယ်။'ကိုယ်က ကြိုးစားပြီး ပိုက်ဆံတွေရှာ၊ မိဘတွေကိုထောက်ပံ၊ဆွေမျိုးတွေကိုထောက်ပံ့''၊
. အသက်အရွယ်တစ်ခုရောက်လာလို့ အိမ်ထောင်ရက်သားကျတော့လည်း ကိုယ်မွေးထားတဲ့ သား၊သမီးတွေကို အရွယ်တစ်ခုရောက်အောင်ပြုစုပေးရတဲ့အချိန်ဟာလည်း ပရအချိန်ဘဲလို့ထင်မိတယ်။'သူတို့လေးတွေ လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးရတယ်၊သူတို့လေးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးရတယ်။သူတို့ လူတစ်လုံး၊သူတစ်လုံးဖြစ်အောင် ကြိုးစားရတယ်။
..ဘဝရဲ့နောက်ဆုံးအချိန်၊ဘဝရဲ့နေဝင်ချိန်လို့ပြောရမလား၊အဲဒိအချိန်ကျတော့ အတ္တအချိန်ဖြစ်သင့်ပါတယ်။ကိုယ့်ကျန်းမာရေး၊ကိုယ့်စိတ်ချမ်းသာမှုကိုဘဲ အဓိကဦးစားပေးသင့်ပါတယ်။သားသမီးတွေကို စိတ်ပူနေတာထက် ကိုယ့်ကိုယ်ကို ပိုစိတ်ပူနေသင့်ပါတယ်။(မိဘတွေဘဲ ကိုယ့်သားသမီးကို မပူတဲ့မိဘရှိမလားလို့ မေးရင် ဟုတ်ပါတယ်ရှင်၊မိဘတိုင်းဟာ သားသမီးတွေ အရွယ်ရောက်လာတာတောင် သူတို့မျက်စိထဲ ကလေးတွေလိုပါဘဲ။)။ဒါပေမဲ့ လက်ခံထားရမဲ့ အမှန်တရားတစ်ခုက ''ကိုယ်သေတိုင်း ဘယ်သားသမီးကမှလိုက်မသေဘူးနော''။
ကျွန်မတို့လူတွေလေ တစ်ခါတစ်လေကျတော့ သူများအတွက်၊သူများတွေက ဘယ်လိုတွေဆိုပြီး ဝေဖန်ထောက်ပြနေကြရတာ ပင်ပန်းပါတယ်။တစ်ရက်လောက် တိတ်ဆိတ်တဲ့နေရာလေးသွားပြီး ကိုယ့်ကိုယ့်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။
.ငါ့ရဲ့ အားနည်းချက်၊ငါ့ရဲ့အားသာချက်၊ငါဘာတွေရှေ့ဆက်လုပ်ဆောင်ရမယ်၊ငါဘာတွေ ရှောင်ကြည်ရမယ်၊ကိုယ့်ကိုယ်ကို သုံးသပ်ဝေဖန်ခြင်းက ကိုယ့်ဘဝအတွက် အကောင်းဆုံး motivation speed ပါဘဲ။
ကျွန်မတို့ ရှေ့လျှောက်ရမဲ့ဘဝတွေမှာ အတ္တနှင့်ပရစိတ်က အမြဲဒွန်တွဲလာနေမှာဘဲ။အရေးကြီးတာက အတ္တစိတ်လည်း အမြဲရှေ့တန်းမတင်သင့်သလို၊ပရစိတ်လည်း မလွန်ကဲစေချင်ပါဘူး။ သူ့အချိန်နှင့်သူ ရှိနေပါတယ်။အဲဒိအချိန်တွေကို သေချာလေး ဂရုတစိုက်ကြည့်ရင်း အတ္တနှင့်လုပ်ရမဲ့အချိန်မှာ အတ္တကို ရှေ့တန်းတင်လိုက်ပါ။ပရနှင့်လုပ်ဆောင်ရမဲ့အချိန်မှာ ပရစိတ်ကို ရှေ့တန်းတင်လိုက်ပါ။
Hnin(18.9.24)9:40Pm
Keep Reading