ရေတမာ မွန်
အလွယ် နဲ့အခက် နှစ်မျိုးရွေးချယ်ရမယ်ဆို
သင်ဘယ်အရာရွေးမှာလဲ။
ခက်တယ် ဘာတွေခက်လည်းဆိုတော့
ကိုယ့်အမှားကိုယ်သိဖို့
ကိုယ့်အပြစ်ကိုယ်ရှာရတာခက်တယ်။
ပိုခက်တာက ပြုပြင်ရတာ ဖြစ်တယ်။
လွယ်လွန်းတယ် ဘာတွေလွယ်လွန်းတာလည်းဆိုရင်တော့ သိကြတဲ့အတိုင်းပါ။
တပါးသူရဲ့အပြစ်ကိုရှာကြံ၍ပြောနေကြတာ
သူသူငါငါနော်။
ဒါဆို ခက်တာလုပ်မလား
လွယ်တာလုပ်မလား စဉ်းစားကြရမှာပါ။
လွယ်တာမလုပ်ဘူး ခက်တာလုပ်မည့်သူ
လက်ညိုးထောင် ဆိုရင် စာရေးသူနဲ့အတူ
စာဖတ်သူ အတူတူလက်ညိုးထောင်ကြမယ်။
သဘောတူတယ်ဆို ဆက်ဆွေးနွေးလို့ရပြီဗျ။
နောက်တခုထပ်ဆွေးနွေးကြမယ်နော်
ကိုယ့်ထက်သာတဲ့သူကို ချီးမွန်းစကားပြောတာ
နှုတ်ဆွံ့နေတတ်တယ်။
နှုတ်ဖြားက ဝမ်းမြောက်စကားကို နှလုံးသားထဲက မြစ်ဖျားခံ၍ လှိုက်လှိုက်လှဲလှဲချီးမွန်းစကား
ပြောတတ်ဖို့ အင်မတန်ခက်တယ်။
မနာလိုခြင်းအကြည့်နဲ့မုသားချိုမချိပြုံးဟန်ဆောင်တတ်တဲ့နှလုံးသားရှိရင် ချီးမွန်းစကား
ဆွံ့အတတ်တယ် သတိထားရမယ်နော်။
သင့်ရဲ့ပျော်ရွှင်မှုတွေကို တိတ်တဆိတ်ခိုးယူသွားတဲ့ မနာဝန်တိုခြင်းနေရာမှာ ချီးမွန်းစကားမုဒိတာဖြင့် အစားထိုးတတ်ရမယ်။
ဒီအလုပ်က ခက်တယ်ဗျ။
ခက်တာကို လုပ်မှ အာဂလူ ။
အထက်တန်းရောက်ဖို့အခက်တွေကို အချက်ကျကျလုပ်နိုင်မှ အာဂလူ ဖြစ်မယ်။
အတူတူ အထက်တန်းကို တက်လှမ်းကြမယ်။
အခြေနေဆိုးတွေကို အနေအထားကောင်းရသည်အထိ သတိတရားရှိရှိနဲ့သည်းခံမယ်။
ပေးသောလက်ပိုင်ရှင်ဖြစ်အောင်ကျင့်မယ်။
ဒီလို အထက်တန်းစားအဆင့်နဲ့ဘဝကို
ပျော်ရွှင်စွာဖြတ်သန်းကြမယ် အတူတူ။
ဘဝအရေးစိတ်အေးရဖို့ အခက်ချေ ရမက်ပြေရင်း အထက်တန်းစားဘဝကို ရအောင် ရောက်အောင် ခက်တာတွေ အတူတူလုပ်ကြမယ် ရုန်းကန်ကြမယ် မိတ်ဆွေနဲ့အတူတူ။
ရေတမာ မွန်
Keep Reading