Saung Haymarn Ri - ဆောင်းဟေမာန်ရီ
အမြဲတမ်းပြုံးနေပါ ကလေး။
မင်းကိုယ်တိုင် ပျော်ပျော်နေကြည့်ပါ။
သူများတွေမင်းကိုမြင်ရုံနဲ့ ပျော်ရွှင်သွားစေတဲ့သူတစ်ယောက်ဖြစ်လာအောင်နေကြည့်ပါ။
မင်းနဲ့စကားပြောလိုက်တဲ့သူတိုင်း မျက်နှာမှာအပြုံးတစ်ခုရသွားလောက်စေတဲ့သူ။
အပျော်တွေကို ကူးစေတဲ့သူလေးအဖြစ်ပေါ့။
မင်းကိုယ်တိုင်က မိုင်တွေပြီးပူဆွေးနေရင်
မြင်ရသူလည်း ရင်ထဲကောင်းမကောင်းသလို
စိတ်မချမ်းမသာဖြစ်ရတယ်။
ဘဝကြီးကတိုတောင်းပါတယ်။
အပျော်တွေကိုဘဲ မင်းဘဝအတွက်သယ်သွားပြီး မင်းကိုမပျော်စေတဲ့အရာတွေကို အတိတ်မှာထားခဲ့ပါ။ လက်ရှိမင်းအနားမှာရှိနေတဲ့အရာတွေ၊ မင်းကိုချစ်ပေးကြတဲ့လူတွေနဲ့သာ ပျော်အောင်နေပါ။
ပျော်ရွှင်မှုပျောက်ဆုံးနေတာကြာပြီလို့ပြောကြတဲ့ လူတွေရဲ့အားနည်းချက်တစ်ခုက မခံစားတတ်တာပါဘဲ။
ပျော်ရွှင်မှုဆိုတာ လုပ်ယူလို့မရဘူး။
ခံစားရတာ .. ခံစားယူရတာပါ။
မယုံရင် ခံစားကြည့်ပါ။
ပျောက်ဆုံးနေတာကြာပြီဆိုတဲ့ အဲ့ဒီပျော်ရွှင်မှုက မင်းအနားမှာဘဲရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။
ဒါကြောင့်ပျော်ပျော်နေပါနော်။
နေ့ရက်တိုင်းမှာ ပြုံးပျော်ရပါစေကွယ်။
-ဆောင်းဟေမာန်ရီ-
Tg channel - https://t.me/saunghaymarnri
Keep Reading