Sunní
ငါအခုရောက်နေတဲ့နေရာ•••
ငါလုပ်နေတဲ့အလုပ်•••
ငါကြိုးစားနေတဲ့အရာ•••
ဒါတွေအားလုံးဟာသေချာစဉ်းစားကြည့်ရင်
ဘာအတွက်ကြိုးစားနေမှန်းတောင်
ငါကိုယ်တိုင်ကတိတိကျကျမသိဘူး။
ငါ့ရဲ့ပတ်ဝန်းကျင်ဟာ လူအမျိုးမျိုးတို့ရဲ့
နိုင်၊စား၊ကူ၊ဖား မှုတွေနဲ့ ရုန်းကန်လုပ်ရှားမှုတွေ
အတ္တတရားတွေ အချင်းချင်းယှဉ်ပြိုင်မှုတွေကြောင့် ဆူညံနေခဲ့တာတောင်•••
ငါ့ရဲ့ကမ္ဘာမှာတော့ ဘာကိုမှရေရေရာရာမသိနိုင်ဘဲ
တိတ်ဆိတ်ပြီးမှောင်မိုက်တဲ့အခန်းငယ်တစ်ခုလိုဖြစ်နေတယ်။
တစ်ချက်တစ်ချက်လူတွေရဲ့နာနာကျင်ကျင်နဲ့
အော်ဟစ်အကူညီတောင်းနေတဲ့အသံကိုကြားနေရပေမယ့်•••
ငါမကူညီနိုင်ခဲ့ဘူး။
သူတို့ရဲ့နာကျင်ဆုံးရှုံးမှုတွေကို အားလုံးသိအောင်ဖော်ထုတ်ပြချင်ခဲ့ပေမယ့်•••
လောကကြီးရဲ့ပြောင်းပြန်အချိုးကျတဲ့ နိယာမအချို့ကြောင့်မမျှတမှုတွေကို
ထုတ်ဖော်မပြောနိုင်ဘဲ ကြောက်လန့်စွာနဲ့ ငါနှုတ်ပိတ်နေမိခဲ့တယ်။
လူတို့ရဲ့အကျင့်ပျက် လာဘ်စားမှု၊နိုင်ထက်စီးနင်းမှုတွေ၊ငွေ နဲ့ အတ္တတရားများကို ကိုးကွယ်နေကြတဲ့လောကကြီးမှာတော့ မျှတမှုဆိုတဲ့အရာဟာ In The Silence...
12.9.2024🎀
Sunní✨
Life goes on💌
Keep going and Paint your life🎨🖌️
Keep Reading