ကိုလေး(Black_sheep)
ငါသိတဲ့ ဘ၀
ငါသိတဲ့ပတ်ဝန်းကျင်ဆိုတာ
အနှိမ့်အမြင့်အဆင့်အတန်းကို
တိုင်းတာတဲ့အခါ
အရိုင်း အယဥ် နှိုင်းယှဥ်တာထား
ပကာသနတွေကိုသာ
တံတိုင်းတင်ကာထားသတဲ့။
လူတွေရဲ့ကြား ခပ်ကြွားကြွားနဲ့
နေနိုင်သူမှ အနားတော်ခစားချင်ကြ
ငြီးငွေ့စရာ ဒီလောကမှာ
အဆင်အတန်း ဘာမှန်းမသိ
ကြီးပွားရာသာ ပျော်စရာထင်တာ
ဒီလူတွေကြားမှာ...
ငါတစ်ခုခုမှားနေပြီ။ ။
-ကိုလေး
Keep Reading