Maru
"အမေ သမီးတော့ လိမ်ခံထိပြီထင်တယ်" ထမင်းစားနေရင်းပြောလာသော အလတ်မလေး၏ စကားသံဖြစ်သည်။ အလတ်မလေးကအခုတလော online ကနေပစ္စည်းတွေကို တဆင့်ခံပြန်ရောင်းနေတဲ့(reseller)အလုပ်ကိုလုပ်နေတာပါ။ အခုတော့သူ့ဆီကထွက်လာတဲ့စကားက သမီးတော့အလိမ်ခံထိပြီထင်ပါရဲ့တဲ့။ သူ့စကားအတိုင်းပဲ သူအလိမ်ခံထိပြီး အိမ်ကပိုက်ဆံစိုက်လျော်ရပါတော့တယ်။
ဖြစ်ပုံကတော့
သူခုရက်ပိုင်း ပစ္စည်းတွေအော်ဒါရပါတယ်။ ဝယ်သူတွေကမှာယူပြီးတာနဲ့ ပိုက်ဆံကိုတန်းလွှဲရပါတယ်။ ဝယ်သူဆီကနေပိုက်ဆံရတာနဲ့ အလတ်မလေးက သူနဲ့တွဲလုပ်တဲ့ ဒိုင်အစ်မကိုပိုက်ဆံပြန်လွှဲပြီး ပစ္စည်းမှာပေးရတာပါ။ အဲတာနဲ့အလတ်မလေးက ဝယ်သူ ၂ယောက်ဆီကပိုက်ဆံရတာနဲ့ ဒိုင်အစ်မကိုပိုက်ဆံလွှဲ ပစ္စည်းမှာပါတယ်။ အလတ်မလေး ပစ္စည်းမှာပြီး ၂ရက်လောက်မှာပဲ သူတို့ရဲ့အလုပ်gpထဲမှာ ဒိုင်အစ်မက လူလိမ်ဆိုပြီးပြောကြပါတော့တယ်။ပို့စ် တင်ခတွေ ဘာညာအကုန်မရှင်းပေးဘူးစသဖြင့်ပေါ့...။ အဲလိုပြောနေတဲ့သူတွေကို ဒိုင်အစ်မက gpကနေအကုန်ထုတ်ပလိုက်ပါတယ်။ အဲလိုတွေဖြစ်တော့ အလတ်မလေးက စိတ်ပူပြီး ဒိုင်အစ်မကို ပစ္စည်းကအချိန်မှီပို့ပေးတယ်မလားလို့သွားမေးတော့ ဒိုင်အစ်မက "စိတ်မပူပါနဲ့ညီမလေး စိတ်အေးအေးနဲ့နေ အစ်မပို့
Unlock to read this premium article with 10 points.