SarPhat Author
မာနဆိုတဲ့အရာက စကားလုံးလေး၂လုံးတည်း ရှိတာဆိုပေမဲ့ အရမ်းကြောက်ဖို့ကောင်းတယ်။ သူငယ်ချင်း ၊ မောင်နှမ ၊ ချစ်သူရည်းစား ၊ ဘယ်လိုမျိုးခင်မင် ရင်းနှီးမှုတွေ မှာပဲ ဖြစ်ဖြစ် မာန ဆိုတဲ့အရာကို အဝင်မခံတာကောင်းတယ် ။ သူငယ်ချင်းတွေ အချင်းချင်းမှာလဲ မာနဆိုတာရှိလာတဲ့အခါ ၁ယောက်နဲ့၁ယောက်က "သူနှုတ်ဆက်မှ ငါနှုတ်ဆက်မယ် ၊ သူခေါ်််မှ ငါခေါ််််မယ်" အဲလိုမျိုးအတွေးတွေ ဝင်လာတယ် ။ အဲဒီကနေတဆင့် စိမ်းကားတဲ့ သူစိမ်းတွေ ဖြစ်သွားကြတယ် ။
မောင်နှမတွေမှာလဲ ငယ်စဉ် အချိန်မှာတော့ ဒီလိုကိစ္စတွေ မရှိပါဘူး ။ အသက်တွေကြီးလာပီး ကိုယ်တိုင် ငွေရှာလာနိုင်တဲ့အချိန်မှာတော့ ငယ်ငယ်ကနဲ့ မတူပဲ စိမ်းကားလာကြပါတယ် ။အဲဒီကနေမှ အိမ်ခွဲနေတဲ့အရွယ်ရောက်လာတဲ့ အချိန်မှာတော့ "သူတောင်ငါ့အိမ်မလာတာ ငါကဘာလို့သူ့အိမ် သွားရမှာလဲ ၊ သူတောင် အငယ်ဖြစ်ပြီးစမဆက်သွယ်တဲ့ဟာကို " စတဲ့ မာနတွေနဲ့ အချင်းချင်း စိမ်းကားသွားပါတယ်။
ချစ်သူရည်းစားတွေမှာလဲ မာနတွေမရှိခင်မှာ ပျော်််ဖို့ကောင်းပါတယ် ။ မာနရှိလာတဲ့အခါမှာတော့ "သူဘက်ကစပြီးစာပို့မှ ပြန်ပို့မယ် ၊သူဘက်က စပြီး ဖုန်းခေါ်််မှ ၊သူဘက်က အလျော့ပေးမှ" စသည်ဖြင့် မာနတွေ ကြောင့် ဝေးမှန်းမသိ ဝေးလာပါတယ် ၊တဖြည်းဖြည်း သွေးအေးလာတယ် ။ သွေးအေးမှုနောက်မှာတော့ လမ်းခွဲခြင်းဆိုတဲ့ ဆိုးဝါးတဲ့အရာက ရောက်လာပါတော့တယ်။
အဲဒါကြောင့်ဘယ်လို ဆက်ဆံရေးမျိုးပဲ ဖြစ်ဖြစ် တကယ်ခင်ရင် ၊ တကယ်ချစ်ရင်၊ တကယ်တန်ဖိုးထားရင် "မာန"ဆိုတဲ့အရာကို အဝင်မခံပါနဲ့။
30.5.2024 <Eaindra>
Keep Reading