Author's Profile Photo

အက္ခရာ - Haruki

9/04/2024

မိမိကိုယ်ကို ပြုပြင်ခြင်း (၃)

4 mins read
Life Style
Personal Development
18 Again
မိမိကိုယ်ကို ပြုပြင်ခြင်း (၃)'s photo

အပိုင်း ၃ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၃ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။

၁။ သတိရနေရင် ခံစားရတတ်ပါတယ်

* ကိုယ့်ကိုမလိုအပ်လို့ အပြောအဆိုမလုပ်သူကို သံယောဇဉ်တွယ်ကာ သတိရနေရင် ကိုယ်ပဲ စိတ်ခံစားရပါမယ်။

* ကိုယ့်ကိုမလိုအပ်လို့ အသုံးမပြုသူကို အလေးထားကာ သတိရနေရင် ကိုယ်ပဲ စိတ်ခံစားရတတ်ပါတယ်။

* ကိုယ့်ကိုမလိုအပ်လို့ ဂရုမစိုက်သူကို ဂရုစိုက်ကာ သတိရနေရင် ကိုယ်ပဲ စိတ်ခံစားရပါမယ်။

* ကိုယ့်ကိုမလိုအပ်လို့ ထားခဲ့သူကို ဖက်တွယ်ကာ သတိရနေရင် ကိုယ်ပဲ စိတ်ခံစားရတတ်ပါတယ်။

* ကိုယ့်ကိုမလိုအပ်လို့ အဆက်အသွယ်ဖြတ်ထားသူကို ခင်တွယ်ကာ သတိရနေရင် ကိုယ်ပဲ စိတ်ခံစားရတတ်ပါတယ်။

* ကိုယ့်ကိုမလိုအပ်လို့ သစ္စာဖောက်သွားသူကို မေတ္တာထားကာ သတိရနေရင် ကိုယ်ပဲစိတ်ခံစားရတတ်ပါတယ်။

* ကိုယ့်ကိုမလိုအပ်လို့ ပုံစံတွေပြောင်းလဲသွားသူကို ဆက် လက်ကာ သတိရနေရင် ကိုယ်ပဲစိတ်ခံစားရတတ်ပါတယ်။

၂။ ကိုယ်က ဘာတွေပေးနိုင်ပြီလဲ

* ကိုယ်က ပညာပေးနိုင်သူဆိုရင် ပညာလိုအပ်နေသူတွေကိုပေးပါ။ ပညာလိုနေသူတွေ ကိုယ့်အနားရောက်လာပါလိမ့်မယ်။

* ကိုယ်က အလုပ်အကိုင် စီးပွားဥစ္စာပေးနိုင်ရင်အလုပ်အကိုင် စီးပွားဥစ္စာ လိုအပ်နေသူတွေကိုပေးပါ။ အလုပ်အကိုင် စီးပွားဥစ္စာလိုအပ်နေသူတွေ ကိုယ့်အနားရောက်လာပါလိမ့်မယ်။

* ကိုယ်က တရားဓမ္မမျှဝေပေးနိုင်ရင် တရားဓမ္မလိုအပ်နေသူတွေကို မျှဝေပေးပါ။ တရားဓမ္မလိုအပ်နေသူတွေ ကိုယ့်အနားရောက်လာပါလိမ့်မယ်။

* လိုအပ်နေတာတွေကို လိုအပ်နေသူဆီသို့ ကိုယ့်ဆီကဘာမှမပေးနိုင်ရင် ကိုယ့်အနား ဘယ်သူမှရောက်မလာနိုင်ပါဘူး။

* လိုအပ်နေတာတွေကို လိုအပ်နေသူဆီသို့ ကိုယ့်ဆီက များများပေးနိုင်မှ ကိုယ့်အနား လိုအပ်နေသူတွေ များများရောက်လာပါလိမ့်မယ်။ များများပေးနိုင်အောင် ကြိုးစားလုပ်ဆောင်ပါ။

၃။ ဘယ်သူနဲ့မှ အတိုက်အခံမလုပ်ပါနဲ့

* ဘယ်မှာပဲနေနေ ဘယ်မှာပဲလုပ်လုပ် ဘယ်သူနဲ့မှ အတိုက်အခံမဖြစ်ရအောင် အတတ်နိုင်ဆုံး သည်းခံမှုတရားကို လက်ကိုင်ထားကာ ဆင်ခြင်နေထိုင်တတ်ဖို့လိုပါတယ်။

* အတိုက်အခံဖြစ်နေရင် အကောင်းဘက်ကို ဦးမတည်နိုင်ပါဘူး။ အတိုက်အခံမဖြစ်မှ အကောင်းဘက်ကို ဦးတည်ပါမယ်။

* အတိုက်အခံဖြစ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ကာ မအေးချမ်းနိုင်ပါဘူး။ အတိုက်အခံမဖြစ်မှ အေးချမ်းပါ မယ်။

* အတိုက်အခံဖြစ်ရင် ကိုယ့်ဘဝ မတိုးတက်နိုင်ပါဘူး။ အတိုက်အခံမဖြစ်မှ ကိုယ့်ဘဝ တိုးတက်ပါမယ်။

* အတိုက်အခံဖြစ်ရင် ကိုယ့်အတွက် ဘေးရန်များပါတယ်။ အတိုက်အခံမဖြစ်မှ ကိုယ့်အတွက် ဘေးရန်ရှင်းပါမယ်။

၄။ အသေးဖွဲ့ကအစ သတိပြုပါ

* ဘဝမှာ အသေးဖွဲ့ကိစ္စလေးတွေကို မလေးမစား သတိမထားပဲ မနေပါနဲ့။ မလေးမစား သတိမထားရင် မထင်မှတ်ထားတာတွေ အများကြီး ဖြစ်တတ်ပါတယ်။

* အသေးအဖွဲ့ကိစ္စလေးတွေဟာ ဒုက္ခကြီးကြီးဖြစ်ရခြင်းရဲ့ အကြောင်းတရားတွေပါ။

* တစ်ယောက်နဲ့တစ်ယောက် သံသယတွေဖြစ်တာဟာ အသေးဖွဲ့ကိစ္စလေးတွေက အစပြုလို့ ဖြစ်ကြရတာ များပါတယ်။

* တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲရတာဟာအသေးအဖွဲ့ကိစ္စလေးတွေက အစပြုလို့ ဖြစ်ကြရတာ များပါတယ်။

* တစ်ယောက်နဲ့တစ်ယောက် ပြန်မတွေ့ချင်တော့တာဟာ အသေးအဖွဲကိစ္စလေးတွေက အစပြုလို့ ဖြစ်ကြရတာ များပါတယ်။

* မိသားစုတွေ ပြိုကွဲတာဟာ အသေးအဖွဲ့ကိစ္စလေးတွေက အစပြုလို့ ဖြစ်ကြရတာ များပါတယ်။

* အလုပ်တိုင်းမှာ အချင်းချင်း ကျောခိုင်းသွားရတာဟာ အသေးအဖွဲ့ကိစ္စလေးတွေက အစပြုလို့ ဖြစ်ကြရတာ များပါတယ်။

* နေရာတိုင်းမှာ အဆင်မပြေတာဟာ အသေးအဖွဲ့ကိစ္စလေးတွေက အစပြုလို့ ဖြစ်ကြရတာ များပါတယ်။

* အသေးအဖွဲကိစ္စလေးတွေဟာ တစ်ခါတလေကြီးမားတဲ့ ဆိုးကျိုးတွေကိုဖြစ်စေတတ်ပါတယ်။ဒါကြောင့်အသေးအဖွဲ့ကိစ္စလေးတွေကအစ အမှားမရှိအောင် သတိဆောင်ပါ။

၅။ မာနမကြီးအောင် သတိဆောင်

* မာနကြီးခြင်းဟာ ဘဝကျရှုံးဖို့အတွက် အဓိက အကြောင်းအရင်းတစ်ခုပါ။

* မာနကြီးနေရင် အများက ရှောင်ဖယ်သွားတတ်ကြသလို ဘယ်သူမှလည်း အပေါင်းအဖော် မလုပ်ကြတော့ပါဘူး။

* မာနကြီးနေရင် မိဘ၊ဆရာသမား၊ညီအစ်ကိုမောင် နှမတွေနဲ့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။

* မာနကြီးနေရင် မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။

* မာနကြီးနေရင် အထက်လူကြီးတွေနဲ့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။

* မာနကြီးနေရင် အောက်လူငယ်တွေနဲ့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။

* မာနကြီးနေရင် အားလုံးနဲ့ အဆင်မပြေသလို အလုပ်လည်းမဖြစ်ပါဘူး။ မာနမကြီးမှ အားလုံးနဲ့အဆင်ပြေသလို အလုပ်လည်း ဖြစ်တတ်ပါတယ်။

* ဒါကြောင့် ဘဝအတွက် ကောင်းကျိုးလည်းမပေး၊ အဆင်လည်းမပြေ၊ အလုပ်လည်းမဖြစ်တဲ့ မာနမကြီးအောင် သတိဆောင်ပါ။

၆။ အခွင့်အရေးပဲလို့ မှတ်သားပါ

* အောင်မြင်သူတိုင်း ရှုံးနိမ့်ဖူးပါတယ်။ ရှုံးနိမ့်ခြင်းဟာ အောင်မြင်ဖို့အတွက် နောက်ထပ်လှေကားထစ်ကိုတက်ဖို့ အခွင့်အရေးပါပဲ။

* အောင်မြင်သူတိုင်း လဲကျဖူးပါတယ်။ လဲကျခြင်းဟာ အောင်မြင်ဖို့အတွက် နောက်ထပ်လှေကားထစ်ကိုတက်ဖို့ အခွင့်အရေးပါပဲ။

* အောင်မြင်သူတိုင်း စိတ်ဓာတ်ကျဖူးပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ အောင်မြင်ဖို့အတွက် နောက်ထပ်လှေကားထစ်ကိုတက်ဖို့ အခွင့်အရေးပါပဲ။

* အောင်မြင်သူတိုင်း မှားဖူးပါတယ်။ မှားခြင်းဟာ အောင်မြင်ဖို့အတွက် နောက်ထပ်လှေကားထစ်ကိုတက်ဖို့ အခွင့်အရေးပါပဲ။

* အောင်မြင်သူတိုင်း အခက်အခဲရှိဖူးပါတယ်။ အခက်အခဲရှိခြင်းဟာ အောင်မြင်ဖို့အတွက် နောက်ထပ်လှေကားထစ်ကိုတက်ဖို့ အခွင့်အရေးပါပဲ။

၇။ ကိုယ့်အတွက်ဆိုတာ သိပြီလား

* လိမ္မာရင် ကိုယ့်အတွက်ပါ၊ မလိမ္မာဘဲ နေမှာလား။

* ယဉ်ကျေးရင် ကိုယ့်အတွက်ပါ၊ မယဉ်ကျေးဘဲ နေမှာလား။

* ရိုးသားရင် ကိုယ့်အတွက်ပါ၊ မရိုးသားဘဲ နေမှာလား။

* ကြိုးစားရင် ကိုယ့်အတွက်ပါ၊ မကြိုးစားဘဲ နေမှာလား။

* သည်းခံရင် ကိုယ့်အတွက်ပါ၊ သည်းမခံဘဲ နေမှာလား။

* စိတ်ကောင်းထားရင် ကိုယ့်အတွက်ပါ၊ စိတ်ကောင်းမထားဘဲ နေမှာလား။

* လမ်းမှန်လျှောက်ရင် ကိုယ့်အတွက်ပါ၊ လမ်းမှန်မလျှောက်ဘဲ နေမှာလား။

* ကျေးဇူးသိတတ်ရင် ကိုယ့်အတွက်ပါ၊ ကျေးဇူးမသိတတ်ဘဲ နေမှာလား။

* အကျင့်စာရိတ္တကောင်းရင် ကိုယ့်အတွက်ပါ၊ အကျင့်စာရိတ္တမကောင်းဘဲ နေမှာလား။

* အကောင်းမြင်တတ်ရင် ကိုယ့်အတွက်ပါ ၊ အကောင်းမမြင်ဘဲ နေမှာလား။

* ကုသိုလ်တရားတွေပြုလုပ်ရင် ကိုယ့်အတွက်ပါ၊ ကုသိုလ်တရားတွေ မပြုလုပ်ဘဲနေမှာလား။

၈။ ဘယ်သူတွေကို တန်ဖိုးထားရမလဲ

* ဘဝမှာ ကြိုးစားရုန်းကန်နေရင်း တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ဓာတ်ခွန်အားပေးမယ့်သူဆိုတာရှားပါတယ်။

* ဘဝမှာ အခက်ခဲတွေနဲ့ အဆင်မပြေတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ရင်ဆိုင်ဖြေရှင်းကူညီပေးမယ့်သူဆိုတာ ရှားပါတယ်။

* ဘဝမှာ မှားတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ အမှန်ပြုပြင်ပေးမယ့်သူဆိုတာ ရှားပါတယ်။

* ဘဝမှာ ကျရှုံးတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ အားပေးမယ့်သူဆိုတာ ရှားပါတယ်။

* ဘဝမှာ လမ်းပျောက်တဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ လမ်းညွှန်ပေးမယ့်သူဆိုတာ ရှားပါတယ်။

* ဘဝမှာ တိုက်ခိုက်ခံရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ အနားမှာရပ်တည်ပေးမယ့်သူဆိုတာ ရှားပါတယ်။

* ဒါကြောင့် စိတ်ခွန်အားပေးတဲ့သူ၊ ကူညီပေးတဲ့သူ၊ အမှန်ပြုပြင်ပေးသူ၊ အားပေးသူ၊ လမ်းညွှန်ပေးသူ၊ အနားမှာရပ်တည်ပေးသူတွေဟာ ဘဝအတွက် တကယ့်ကို ကျေးဇူးကြီးမားပြီး လေးလေးနက်နက် တန်ဖိုးထားရမယ့်သူတွေပါ။

၉။ ပြောသင့်တဲ့စကား မပြောသင့်တဲ့စကား

* စကားဆိုတာ ပြောတိုင်းမကောင်းပါဘူး။ စည်းလွတ်ဘောင်လွတ် မပြောပါနဲ့။ ပြောသင့်တဲ့စကားလား မပြောသင့်တဲ့စကားလား သေသေချာချာ စဉ်းစားဖို့ လိုအပ်ပါတယ်။

* အများကို ထိခိုက်စေမယ့်စကားမျိုးဆိုရင် မပြောတာကောင်းပါတယ်။ အများကို အကျိုးရှိစေမယ့်စကားမျိုးဆိုရင် ပြောတာကောင်းပါတယ်။

* အများကို မညီမညွတ် ကွဲပြားစေမယ့်စကားမျိုးဆိုရင် မပြောတာကောင်းပါတယ်။ အများကို ညီညီညွတ်ညွတ် စည်းစည်းရုံးရုံးဖြစ်စေမယ့် စကားမျိုးဆိုရင် ပြောတာကောင်းပါတယ်။

* အများကို ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲမယ့်စကားမျိုးဆိုရင် မပြောတာကောင်းပါတယ်။ အများကို ကိုယ်ချမ်းသာစိတ်ချမ်းသာမယ့်စကားမျိုးဆိုရင် ပြောတာကောင်းပါတယ်။

* အများကို အကုသိုလ်ဖြစ်စေမယ့်စကားမျိုးဆိုရင် မပြောတာကောင်းပါတယ်။ အများကို ကုသိုလ်ဖြစ်စေမယ့်စကားမျိုးဆိုရင် ပြောတာကောင်းပါတယ်။

၁၀။ တချို့စကား မယုံစားပါနဲ့

* တချို့လူတွေပြောတဲ့စကားတွေကို တကယ်ယုံစားလို့မရပါဘူး။ ပြောချင်သလို ပြောတတ်ကြပါတယ်။

* တချို့လူတွေပြောတဲ့စကားတွေကို တကယ်ယုံစားလို့မရပါဘူး။ ရှေ့မှာတစ်မျိုး နောက်မှာတစ်မျိုး ပြောတတ်ကြပါတယ်။

* တချို့လူတွေပြောတဲ့စကားတွေကို တကယ်ယုံစားလို့မရပါဘူး။ သူတို့အကျိုးစီးပွားအတွက်ပဲ ကြည့်ပြောတတ်ကြပါတယ်။

* တချို့လူတွေပြောတဲ့စကား တကယ်ယုံစားလို့မရပါဘူး။ မျှော်လင့်ချက်တွေအများကြီး ပေးတတ်ကြပါတယ်။

* တချို့လူတွေပြောတဲ့စကား တကယ်ယုံစားလို့မရပါဘူး။ သူတို့ပြောတဲ့စကား သူတို့ကိုယ်တိုင် မေ့တတ်ကြပါတယ်။

* တချို့လူတွေပြောတဲ့စကားတွေကို တကယ်ယုံစားလို့မရပါဘူး။ လိုရာလှည့်ပတ်ဆွဲ ပြောတတ်ပါတယ်။

* တချို့လူတွေပြောတဲ့စကားတွေကို တကယ်ယုံစားလို့မရပါ။ မုသားစကား သုံးချင်သလိုသုံးတတ်ကြပါတယ်။

မိမိကိုယ်ကို တန်ဖိုးရှိအောင် ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။

  • မိမိကိုယ်ကို ပြုပြင်ခြင်း (၁)

https://sarphat.com/posts?id=2684

  • မိမိကိုယ်ကို ပြုပြင်ခြင်း (၂)

https://sarphat.com/posts?id=2753

ᏂᏗᏒᏬᏦᎥ ( April, 9 . 7:51 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)