Author's Profile Photo

သင်္ကေတ

13/04/2024

စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့..... (အပိုင်း ၁)

1 min read
Life Style
Personal Development
18 Again
စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့.....
(အပိုင်း ၁)'s photo

ဒီဆောင်းပါးလေးကတော့ ကျွန်မကိုယ်တိုင် အတွေ့အကြုံလေးကို ပြောပြပေးချင်တာပါ။

ကျွန်မငယ်ငယ်က စာဖတ်ရတာဝါသနာပါတဲ့လူလဲမဟုတ်သလို စာရေးရတာကိုလဲ ဝါသနာမပါခဲ့ဘူး၊ သာမန်ကလေးတွေလိုပဲ ဆော့ကစားခြင်းဖြင့်ပဲ အချိန်ကုန်ဆုံးခဲ့တယ်၊
ကျွန်မ ကျောင်းတက်တဲ့အရွယ်မှာလဲ ကျောင်းမှာ သင်တာတွေရေး၊ကျက်၊မှတ်၊ဖြေ အဲ့လိုနဲ့ပဲ အတန်းတွေတက်လာခဲ့တယ်၊
‌ဒီလိုနဲ့ ကျွန်မ Grade-10 ရောက်တဲ့အချိန်မှာ Covid (19) ရောဂါနှင့် နိုင်ငံရေး အခြေနေတွေအမျိုးမျိုးကြောင့် ကျောင်းပညာရေး တစ်ခန်းရပ်ခဲ့ရတယ်၊ Internet Line တွေလဲ ပြတ်တောက်သွားခဲ့သေးတယ်၊ အဲ့ချိန်ထိ ကျွန်မ ဖုန်းဖြင့် ဂိမ်းဆော့နေတုန်း မှတ်မှတ်ရရ ကျွန်မ ဖုန်းထဲ ရှိနေတဲ့ဂိမ်းက offline ဖြစ်‌နေရင် ဆော့ရ‌အောင်ဆိုပြီး Download လုပ်ထားတဲ့
ဂိမ်းလေး Brain Test ဂိမ်းလေးတစ်ခု၊ အဲ့လိုနဲ့ နောက်ပိုင်းကျ Internet တွေ ပြန်သုံးလို့‌‌တော့ ရလာခဲ့တယ်၊ ကျွန်မတို့ ကိုယ်နိုင်ငံမှာ ကိုယ်နေပြီး Facebook သုံးချင်ရင် Location ပြောင်းပြီးမှ သုံးလို့ရလာတော့တယ်၊ အထူးအဆန်း VPN ဆိုပြီး ပေါ်လာတာပဲ။ အဲ့အချိန်မှာမှ ကျွန်မရဲ့စာဖတ်ခြင်း အစီအစဉ်က စတင်ခဲ့ပါတယ်။

စာရှည်သွားမည်စိုးသဖြင့် နောက်တစ်ပိုင်းဖြင့်လာပါမည်။

April 12 Friday 2024
@Ag
အတွေးစုများ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)