Thats for U
ဒီနေ့က အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။ သူ့ရဲ့နောက်ဆုံးအချိန်ကို သူ့ရဲ့အချစ်ဆုံးမိသားစုဝင်တွေနဲ့အတူ ဖြတ်သန်းခဲ့တယ်။ ကျွန်တော့်ဘဝမှာ မီးခိုးငွေ့တွေကို အိမ်နားက မုန့်ဖုတ်စက်တွေကနေ ခဏခဏတွေခဲ့ဖူးပါတယ်။
အဲ့ဒိအချိန်တုန်းကတော့ ကောင်းကင်ပေါ်တက်သွားတဲ့ မီးခိုးငွေ့လေးတွေကို ကြည့်ရတာ ကျွန်တော့်အတွက် သိပ်လှတာပဲ။ ဒါပေမဲ့ ဒီနေ့တွေ့လိုက်ရတဲ့ မြင်ကွင်းတစ်ခုဖြစ်တဲ့ ခေါင်းတိုင်ကနေ မီးခိုးငွေ့တွေထွက်လာပြီး ကောင်းကင်ကို တက်သွားပုံကတော့ ကျွန်တော့်အတွက် ရင်နာစရာ အကောင်းဆုံးမြင်ကွင်းတစ်ခုပါပဲ။
ဪ…ကိုကို တကယ်မရှိတော့ဘူး….ရုတ်တရက်ကြီး…ကိုကို ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး….နေ့ထူးနေ့မြတ်တွေမှာ အင်္ကျီအဖြူ လက်ရှည်နဲ့ ဘောင်းဘီကိုမှ အသားရောင်၊ အနက်ရောင် စသည်ဖြင့် အရောင်ဖျော့ဖျော့လေးတွေ တွဲပြီး ဆင်တူဝတ်ရတာကြိုက်တဲ့ ကိုကို…
ကျွန်တော် ဒီနေ့ ကိုကို့ရဲ့ အသုဘကို ဘောင်းဘီ အသားရောင်နဲ့ အင်္ကျီ အဖြူလေးဝတ်ခဲ့တယ်လေ…ကိုကို့ကိုလည်း ကျွန်တော်နဲ့ဆင်တူပဲ ဝတ်ပေးထားတယ်…ကျွန်တော်တို့ ဆင်တူဝတ်တာ ဒါနောက်ဆုံးပဲပေါ့….မှတ်မှတ်ရရ ဒီလိုဆင်တူလေးကို ကိုကိုမထွက်သွားခင် (၁)လအလို 10 year anniversary မှာ အတူတူဝတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလေ။
အချို့လူတွေ ပြောကြတယ်…အချစ်ဆိုတာ အချိန်ကြာလာရင် လျော့ပါးသွားတတ်တယ်…တွဲတာအချိန်ကြာလာတဲ့ ချစ်သူနှစ်ဦးကြားမှာ အချစ်ဆိုတာထက် သံယောဇဉ်ပဲ ရှိတော့တယ်တို့ပေါ့…ဒီစကားတွေက ကျွန်တော့်အတွက်တော့ မမှန်ပါဘူး…
ကိုကိုနဲ့ တူတူရှိခဲ့တဲ့ ၁၀နှစ်တာလုံးမှာ နေ့ရက်တိုင်းဟာ မတူညီတဲ့ ရင်ခုန်မှုတွေနဲ့ မတူညီတဲ့ ခံစားချက်တွေ အပြည့်နဲ့ပါ…ကျွန်တော်တို့ တစ်ခါမှ ရန်မဖြစ်ဖူးဘူးလို့ ပြောရင် ယုံမလားတော့မသိဘူး…ကျွန်တော်စိတ်ကောက်တဲ့အခါ ကိုကိုက လိုက်ချော့ပြီး ရှင်းပြတယ်…ကိုကိုစိတ်တိုတဲ့အခါတော့ ကျွန်တော်က လိုက်ချော့တယ်လေ…balance relationship ပေါ့….
ချစ်သူဖြစ်တာက (၁၀)နှစ်ရှိပြီဆိုပေမဲ့ ကိုကိုနဲ့ ကျွန်တော်စတွေခဲ့၊ ခင်ခဲ့တာက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်တည်းကပါ….ကျွန်တော်တို့ အမျိုးသားကျောင်းကို ကိုကို (၁၀)တန်းနှစ်မှာ ပြောင်းလာခဲ့တယ်….ကျွန်တော်က (၉)တန်းပေါ့
မလိမ်တမ်း ဝန်ခံရရင် စတွေ့တည်းက ကိုကို့ကို ချစ်ခဲ့တာပါ…ကိုကိုရဲ့ မျက်နှာက ရှင်းသန့်နေပြီး မျက်ခုံးမွှေးထူထူ…ဆံပင်ကို သေသပ်နေအောင် ဖြီးထားပြီး…အရပ်ရှည်ရှည်နဲ့ ယောင်္ကျားပီသတဲ့ ခန္ဓာကိုယ်ပေါ့…..
ကျွန်တော်က ကျောင်းမှာဆို victim role လေ အမျိုးသားကျောင်းဆိုတော့ လူတွေရဲ့အစွဲအရ ယောင်္ကျားဆန်မှဆိုတဲ့ ဘောင်တွေရှိပါတယ်…ကျွန်တော့်ကို ငယ်ငယ်တည်းက လူတွေက အခြောက်အခြောက်ဆိုပြီး အနိုင်ကျင့်ကြတာ…ကိုကိုမလာခင်အထိပေါ့….
ကျွန်တော့်မှာ ပေါင်းမဲ့သူမရှိတော့ ကျွန်တော်မုန့်သွားဝယ်တိုင်း တစ်ယောက်တည်း ဖြစ်ဖြစ်နေတာကို ကိုကိုကသတိထားမိတယ်လို့ပြောပါတယ်…မုန့်စျေးတန်းက ကိုကို့တို့အဆောင်ရဲ့ဘေးမှာလေ..
တစ်ရက် ကျောင်းဆင်းချိန်မှာ အမေနဲ့ သွားစရာရှိတော့ ကျွန်တော်ပြေးထွက်ရင်း တောင့်တင်းမာကျောတဲ့ ရင်အုပ်တစ်ခုနဲ့ ဝင်တိုက်မိပါတယ်…နှာခေါင်းနာသွားလို့ ရုတ်တရက်ကြည့်လိုက်တော့…ကိုကိုဖြစ်နေတယ်…ကျွန်တော်ရင်တွေခုန်လာပြီး…ဘာမှမပြောနိုင်ဘဲ…ခေါင်းငုံ့ပြီး ထွက်ပြေးလာမိတယ်…
ဖြစ်ချင်တော့ ကျွန်တော်သင်တဲ့ guide ဆရာမနဲ့ ကိုကိုသင်တဲ့ guide ဆရာမက အတူတူပဲ…နောက်ပိုင်း ကိုကိုက အချိန်မလောက်လို့ ကျွန်တော်သင်မဲ့ အချိန်တွေမှာပါ စာလိုက်လုပ်ပါတယ်..ဒါနဲ့ပဲ ကျွန်တော်တို့ခင်သွားကြတယ်…
ဒါတင်ဘယ်ကမလဲ ကျောင်းမှာဆို ကိုကိုက ကျွန်တော့်ကို အခြောက်လို့ ခေါ်တဲ့လူတိုင်းကို ဆုံးမပြီး ဒါဟာ ခြောက်တာမဟုတ်ဘူး..ပျော့ပျောင်းတာ..soft boy နူးညံ့တဲ့ကောင်လေးကွ…မင်းတို့မှာ မရှိတဲ့ အရာကွလို့ အမြဲပြောပြီး ကျွန်တော့်ရဲ့ Hero လုပ်ပေးပါတယ်
ကိုကို့ရဲ့ အကြည့်တွေကို ကျွန်တော်ကြိုက်တယ်…အရည်လဲ့နေတဲ့ မျက်လုံးလှလှလေး၊ သပ်ရပ်နေတဲ့ ဆံပင်ပုံစံနဲ့ မျက်ခုံးထူထူကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးပေါ့…guide ဆရာမအချိန်ဆို ကျွန်တော် အမြဲတက်ကြွနေပါတယ်…ဒါဟာအချစ်ဆိုတာ ကျွန်တော်မသိသေးပါဘူး…
နောက်တော့ ကိုကိုဆယ်တန်းအောင်သွားခဲ့တယ် D 5 လုံးတောင်ပါတယ်လေ…ကိုကိုက သိပ်တော်ပါတယ်…ကျွန်တော် ဆယ်တန်းရောက်တဲ့အခါ guide ဆရာမရဲ့ လမ်းညွှန်မှုကြောင့် ကိုကို့ကို စာကူလုပ်ပေးဖို့ အကူအညီတောင်းခဲ့တယ်
ကိုကိုက ချမ်းသာတဲ့ သူဌေးသားပေမဲ့ မညီးမညူနဲ့ ကျွန်တော့်အိမ်ကို နေ့တိုင်း စာလာပြပေးတယ်…ကျွန်တော်စာပိုရလာတယ်ပေါ့…တစ်ခါတလေမှာ ကိုကိုက ကျွန်တော်ကြိုက်တဲ့ ကိတ်မုန့်လေးတွေ ဝယ်လာတယ်….The best cake in the universe ပဲ။
ကျွန်တော် ဆယ်တန်းမှာ D 2 လုံးနဲ့အောင်ပါတယ်…အဲ့ဒိအချိန်မှာ ကိုကိုက ရန်ကုန်စီးပွားရေးတက္ကသိုလ် ပထမနှစ်ကျောင်းသားကြီး ဖြစ်နေပါပြီ…ဆေးလိုင်းအမှတ်မီတာကို မယူဘဲ စီးပွားရေး စိတ်ဝင်စားတယ်ဆိုပြီး ကိုကိုက စီးပွားရေး မေဂျာယူလိုက်တယ်တဲ့
YU (Yangon University ) ဆိုတော့ သိတဲ့အတိုင်း အချောအလှတွေ အများသား ဘာရယ်မဟုတ် ကိုကိုရည်းစားရသွားမှာ စိုးရိမ်မိတယ်…နောက်တော့ ကျွန်တော် sexual orientation ဆိုတာကို စစ်ကြည့်လိုက်တယ်…
ကျွန်တော်က gay ဆိုတာကို လက်ခံပါတယ်…ဒါပေမဲ့ ကျွန်တော်ယောင်္ကျားတိုင်းကို မကြိုက်ဘူး..ကိုကို့ကိုပဲ ကြိုက်တာပါ…ကိုကို တက္ကသိုလ်တက်တဲ့ အချိန်ကစပြီး မတွေ့တာရတာက ပိုများလာတော့ ကျွန်တော်နဲ့ကိုကို ဝေးကွာသွားမှာ ကြောက်မိတယ်
ကိုကိုနဲ့ နီးချင်လို့ ကျွန်တော်က YU (Yangon University) မှာ English major ယူလိုက်ပါတယ်…ပထမနှစ်ဆိုတော့ RC2 လှိုင် campus မှာ တတ်ရတယ် ဒီတော့ကိုကိုနဲ့ ဝေးကွာနေသေးတာပေါ့
ဒါပေမဲ့ ကိုကိုက RC2 ထဲကို ခဏခဏလာပါတယ်….ကျွန်တော့်ကို လာကြည့်တာတဲ့လေ…ဖြစ်ချင်တော့ ကျွန်တော့် သူငယ်ချင်းမိန်းကလေးတစ်ယောက်က ကိုကို့ကို ကြိုက်မိသွားတယ်….ကိုကိုစိတ်ဝင်စားမှာ ကျွန်တော်စိုးရိမ်ခဲ့တယ်
သူငယ်ချင်းက ကျွန်တော့်ကို အောင်သွယ်ခိုင်းတယ်..ကျွန်တော် ဘယ်လိုလို့ လုပ်နိုင်မလဲ ကျွန်တော့် နှလုံးသားကို ခွဲနေသလိုပါပဲ။ နောက်ပိုင်း ကိုကိုတို့ အနေနီးတော့ ကြိုက်မလို ဖြစ်သွားခဲ့တယ်
ကျွန်တော့်မှာ ကမ္ဘာပျက်သွားသလိုကို ခံစားခဲ့ရတာ…စိတ်ညစ်ညစ်နဲ့ ကျွန်တော် bar သွားထိုင်လိုက်မိတယ်…အရက်တွေ အများကြီးသောက်တယ်…အဲ့ဒိနေ့က ကျွန်တော့်ကို ကိုကိုက ဖုန်းခေါ်တာ မကိုင်လို့ စိတ်ပူပြီး ဖုန်းတွေ အလီလီခေါ်ပါတယ် ကျွန်တော်မကိုင်ဖြစ်ပါဘူး
နောက်တော့ ဘယ်ကနေ သတင်းရလဲမသိဘူး bar ထဲမှာ ကျွန်တော် အခြားကောင်လေးတစ်ယောက်နဲ့ နမ်းနေတဲ့အချိန် ကျွန်တော့်ကို ကိုကိုဆွဲခေါ်ထုတ်သွားပါတယ်….
ကိုကိုက ကားထဲမှာ စိတ်တိုတဲ့လေသံနဲ့မေးတယ်…မင်းဘာလို့လုပ်တာလဲ…..ကျွန်တော် အရမ်းမူးနေတော့ ဘာမှမပြောနိုင်ဘဲ ကိုကို့ရဲ့ နူးအိနေတဲ့ နှုတ်ခမ်းကို ရှိုက်နမ်းမိလိုက်ပါတယ်
I love you Ko Ko
Wanna say again I love you ကိုကို
အဲ့ဒိနောက် ဘာဆက်ဖြစ်မှန်း မသိတော့ပါဘူး…နောက်နေ့နိုးလာတော့ ကျွန်တော်တစ်ယောက် ကိုကို့ရဲ့လှည်းတန်းတိုက်ခန်းထဲက ကုတင်ပေါ်မှာ ရောက်နေတာပဲ…ကျွန်တော် မျက်လုံးဖွင့်လိုက်တဲ့အချိန် ကျွန်တော့်ပါးပြင်ကို နမ်းလိုက်ပြီး I love u babe တဲ့…ဝမ်းသာလွန်းလို့ ကျွန်တော်မျက်ရည်တောင်ကျမိပါတယ်
ကျွန်တော်တို့ အဲ့ဒိနေ့ကစပြီး I like u တောင် မပြောလိုက်ရဘဲ I love u ဆိုတဲ့ အဆင့်ကို ရောက်ခဲ့ကြပါတယ်။ ကိုကိုပြောတာကတော့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ ဆံပင်လေးတွေ အမြဲပျော့အိပြီး နဖူးပေါ်ကျနေတဲ့ ကျွန်တော့်ကို စတွေ့ကတည်းက နမ်းချင်ခဲ့တာတဲ့..ပျော်လိုက်ရတာဆိုတာ
အချစ်ခရီးလမ်း အစကတော့ ကျွန်တော်တို့ နှစ်ယောက်အတွက် မခက်ခဲခဲ့ပါဘူး….ဘွဲ့ရပြီးနောက်ပိုင်း ကိုကိုက မိဘစီးပွားရေးဖြစ်တဲ့ စိန်ဆိုင်မှာ ဆက်လုပ်တယ်…ကျွန်တော်ကတော့ International school မှာ အလုပ်ဝင်လုပ်ဖြစ်တယ်ပေါ့….
ကိုကိုက ညနေကျောင်းဆင်းချိန်ရောက်ရင် ကျောင်းရှေ့ကို ကားအမည်းရောင်လေးနဲ့ ရောက်လာပြီး …အချစ်ကျောင်းဆရာလေးရေ တက်ပါကွာ..ဆိုပြီး မှန်လေးချပြီး လှမ်းခေါ်တယ်
အချိန်တွေ သိပ်ကိုမြန်တယ် ပတ်ဝန်းကျင်ကလည်း ရိပ်မိလာတော့ ကိုကို အသက် ၂၆၊ ကျွန်တော် အသက် ၂၅ နှစ်လည်းရောက်ရော ကိုကိုက ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး သူ့မိဘတွေဆီ ခေါ်သွားကာ…သားနဲ့ ညီနဲ့က..ချစ်သူတွေပါဆိုပြီး…ဖွင့်ပြောလိုက်တယ်
ကိုကို့မိသားစုက ကိုကို့ကို သိပ်ချစ်ကြတော့ ကြည်ကြည်ဖြူဖြူနဲ့ပဲ သားကြိုက်ရာရွေးချယ်ပါ သားငယ်နဲ့ သဘောတူပါတယ်တဲ့…ကျွန်တော့် မိဘတွေကို သွားပြောတဲ့အချိန်ကျတော့ ဖေဖေက စိတ်တိုပြီး ကျွန်တော့်ကို ထထိုးတယ်။ ဒါကို ကိုကိုက ကာလိုက်တော့ ကိုကို့ရဲ့ မျက်နှာကိုထိုးမိသွားတယ်
ဖေဖေလက်မခံပေမဲ့ ကျွန်တော်တို့ နှစ်ယောက် beach လေးတစ်ခုမှာ အတူတူလက်ထပ်လိုက်ကြတယ်…ကိုကိုက အဖြူရောင် ဝမ်းဆက်လေးနဲ့ .. Do you want to marry me တဲ့..ကျွန်တော်က အားရပါးရ I do ပေါ့
ဖေဖေကလည်း အစကသဘောမတူပေမဲ့ ကျွန်တော်တို့ရဲ့ အချစ်ဟာ စစ်မှန်ကြောင်း တဖြည်းဖြည်း သိလာတဲ့အခါ ကျွန်တော်တို့ ၂ယောက်ကို လက်ခံလာတယ်… သိပ်ပျော်ခဲ့ရတဲ့ အချိန်တွေပေါ့….ကျွန်တော်တို့ နှစ်ယောက်တည်းနေတဲ့ အိမ်လေးမှာ ခွေးလေး baby ကိုပါ မွေးထားလိုက်တယ်…
မိသားစုဘဝလေးတစ်ခုလိုပဲ….ကျွန်တော်ဟင်းချက်ရင် ကိုကိုက ပန်းကန်ဆေးတယ် မနက်ဆို အလုပ်သွားတယ် ကိုကိုက လိုက်ပို့တယ်၊ ညနေဆို baby လေးနဲ့ဆော့ကြတယ်၊ ညဆို ကိုကိုရင်ခွင်ထဲမှာ ကျွန်တော်ကဝင်ပြီး ရုပ်ရှင်ကြည့်တယ်….ပျော်စရာအချိန်တွေပါ
အဲ့သည့်နေ့ ချစ်သူသက်တမ်း (10) နှစ် ပြည့်တဲ့နေ့မှာ ကျွန်တော် ချက်ပြုတ်ပြင်ဆင်စရာတွေ ရှိနေတာနဲ့ အလုပ်မသွားဘဲ အိမ်မှာနေရင်း ပြင်ဆင်နေခဲ့တယ်…ကိုကိုက အလုပ် meeting အရေးကြီးလို့ဆိုပြီး ကားအမြန်မောင်းထွက်သွားခဲ့တယ်…
ကိုကို ကားမောင်းထွက်သွားတာကြည့်ပြီး ကျွန်တော် စိတ်ပူသွားပေမဲ့ ဘာမှမဖြစ်ပါဘူးဆိုပြီးပဲ နေလိုက်တယ်…နောက်တစ်နာရီလောက်ကြာတော့ ကိုကို့ဖုန်း ကျွန်တော့်ဆီဝင်လာတယ်…ကိုကိုဆုံးပြီးတဲ့
အချိန်တွေကုန်တာ သိပ်ကိုမြန်သလို အမှတ်တရတွေကလည်း သိပ်ကိုမြန်ပါတယ်…လက်ရှိမိုးတွေရွာနေသလို…ဒီအိုဟောင်းနေတဲ့ ဇရပ်ကြီးက ကျွန်တော့်အတွက်တော့ ကိုကို့ကို ပိုသတိရအောင် လုပ်နေသလိုပါပဲ….အခုထိ ကိုကို့အုတ်ဂူကို ကျွန်တော်ကြည့်လို့ မဝသေးပေ။
Keep Reading