My Life's Corner
လူတိုင်း လူတိုင်းက ဘဝကို အေးအေးလူလူဖြတ်သန်းချင်ကြတာပေါ့လေ။
အလုပ်မလုပ်ဘဲ ဖုန်းလေးနဲ့ အိပ်လိုက်စားလိုက်ပဲ နေချင်ကြတာပေါ့လေ။
ဒါပေမယ့်
နေချင်သလို နေလိုက်တဲ့သူနဲ့
နေချင်ပေမယ့်လဲ အောင့်အီး သည်းခံအလုပ်လုပ်နေတဲ့သူရဲ့ ဘဝတွေဟာ
နှစ်တွေကြာလာနဲ့အမျှ မိုးနဲ့မြေလို ကွာခြားသွားကြတယ်။
သင်ကေရာ ဘယ်ဘဝမျိုးကို ရနေပြီလဲ? ဘယ်လိုဘဝမျိုးကိုပဲ လိုချင်တာလဲ?
လေးလေးနက်နက် စဉ်းစားပါ။
သင့်ဘဝအတွက် တခြားသူမဟုတ် သင်ကိုယ်တိုင်ကပဲ တာဝန်ရှိတာပါ မိတ်ဆွေ။ စက္ကန့်နဲ့အမျှ ကုန်ဆုံးနေတဲ့ အချိန်တွေမှာ ကိုယ်ဘာတွေလုပ်ဖြစ်နေလဲ? ကိုယ်ဘယ်လိုလူတွေနဲ့ ပေါင်းသင်းနေလဲ? ဘယ်အရာတွေနဲ့ အချိန်ကုန်ဆုံးမိနေလဲ? ဒီအရာတွေကို ကိုယ့်ရဲ့အနာဂတ်ကို ဆုံးဖြတ်ပါလိမ့်မယ်။
ဆိုတော့
အချိန်မဖြုန်းပါနဲ့။
ရတဲ့အချိန်လေးမှာ သည်းခံပြီး ဖြစ်မြောက်အောင်လုပ်ပါ။
ပင်ပန်းမယ်၊ ခက်ခဲမယ်။ ဒီလိုပဲ ကိုယ့်ကြိုးစားမှုကလဲ အလကားမနေပါဘူး၊ တစ်နေ့အရာထင်လာပါလိမ့်မယ်။
ငယ်ရွယ်ချိန်မှာ ရုန်းကန်ကြိုးစားမှ ကြီးလာတဲ့အချိန် လွယ်ကူတဲ့ ဘဝကိုရမှာပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ငါ့မှာ အချိန်ရှိပါသေးတယ်ဆိုပြီး အလွယ်လမ်းနဲ့ ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းနေရင်တော့ ကြီးလာတဲ့အခါ ခက်ခဲတဲ့ ဘဝကိုပဲ ရလာမှာပေါ့။ ဟုတ်တယ်မလား?
ဒါတွေပြောနေတာ
စိတ်ဓာတ်ကျဖို့ ပြောနေတာလဲ မဟုတ်ပါဘူး။
ကိုယ့်အကြောင်းကို သိပြီး အချိန်မနှောင်းခင်
ပြောင်းလဲနိုင်အောင် သတိပေးရုံပါ။
ကိုယ်က အလုပ်တွေမရပ်မနားလုပ်နေပြီး
ကိုယ့်ဘေးကသူကတော့ social mediaလေး သုံး၊ TikTok လေးကြည့်ပြီး ရယ်လိုက်မောလိုက်နဲ့ အမြဲတမ်း အချိန်ဖြုန်းနေတာတွေ့ရင် ငါလဲ သူ့လို နေချင်လိုက်တာလို့ တွေးမယ့်အစား ကိုယ့်ကိုယ်ကို ငါအလုပ်ကြိုးစားလှချည်လားဆိုပြီး ဂုဏ်ယူလိုက်ပါ၊ ဘာလို့ဆို သင့်လို အလုပ်လုပ်နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။
လွယ်ကူနေမှဖြင့် လူတိုင်းအောင်နိုင်သူတွေပဲ ဖြစ်နေတော့မှာပေါ့၊ ခက်ခဲတာကို လုပ်မှ ဖြတ်ကျော်မှ အောင်မြင်မှုက သေချာတော့မှာပေါ့။ ဆိုတော့ ဘာအကြောင်းနဲ့ အဲ့လိုလူတွေကို အားကျနေတော့မှာလဲ မိတ်ဆွေ၊ အဲ့ဒီအစား အလုပ်ပိုလုပ်လိုက်ပါ။
အခုအချိန် ကြိုးစားပန်းစား ဘဝကိုဖြတ်သန်းနေတဲ့ သူများလည်း
ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အပြည့်အဝယုံကြည်ပါ။ ရလဒ်ကို မြင်ရဖို့ အရမ်းမလောပါနဲ့၊ အနည်းဆုံးတော့ သင်ကြိုးစားနေတာပဲမလား? ဒီအချိန်မှာ အမှန်ဆုံးနည်းလမ်းကတော့
ဘယ်တော့မှ မရပ်တန့်လိုက်ဖို့ပါပဲ။
Your hard work can be paid off.
Now you might be tired and feel fed up with trying hard and not seeing any huge difference. But believe me, the results are just hidden to appear in front of u with a big amount, taking a long time. They are building in your inner self. So, trust in yourself and never ever give up.
If you fail, you are not still a loser, you still can be a winner!
If you give up, the game is over—you're now a loser!
Get up and Keep Going!
Keep Reading