Luminous Pai
ဟုတ်ကဲ့။ Content Fees ကတော့ ဒီလောက်ပါခင်ဗျ။
ဘယ်နှစ်ရက်အတွင်း အပြီးရေးပေးပါမယ်။
ဘာအကြောင်းအရာများ ရေးချင်တာလဲဗျ။
ဒါကတော့ ကျနော်တို့ မြင်တွေ့နေကျ Client နဲ့ freelancer ကြားက မေးလေ့ရှိတဲ့ မေးခွန်းတွေဖြစ်ပါတယ်။
“ Client ရဖို့ကလဲ ခက်လိုက်တာ ” လို့ freelancer တွေ ငြီးငြူတာလဲ မကြာခဏကြားဖူးမှာပါ။
တကယ်တော့ Freelance လုပ်သူတိုင်း ကြုံနေရတဲ့ အခက်အခဲတခုမို့ အထူးအဆန်းတော့ မဟုတ်ပါဘူး။
မရခင်ကတော့ ခက်နေပါလိမ့်မယ်။
(Client ရအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အကြောင်းကို Content တပုဒ်နဲ့ မျှဝေပေးမှာမို့ follow ထားလို့ရပါတယ်။)
တကယ်တော့ အဲ့ထက်ပိုခက်တာက ရှိနေတဲ့Clientနဲ့ ရေရှည်လက်တွဲသွားနိုင်ဖို့ပါ။
သင့်ရဲ့ Clientကို အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး စိတ်ကျေနပ်အောင် ထားဖို့ အရေးကြီးပါတယ်။
Client စိတ်ကျေနပ်ဖို့ဆိုရင် လုပ်ငန်းမစခင်ကတည်းက လုပ်ငန်းလိုအပ်ချက်အရ ကြိုတင်မေးရမယ့် မေးခွန်းလေးတွေ လဲ ရှိပါတယ်။
ဆိုတော့ ကိုယ့်ရဲ့ Client နဲ့ ရေရှည်လက်တွဲနိုင်စေဖို့ ဘယ်လိုမေးခွန်းတွေ မေးမလဲ ?
1. 𝐖𝐡𝐚𝐭 𝐦𝐚𝐤𝐞𝐬 𝐲𝐨𝐮𝐫 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐮𝐧𝐢𝐪𝐮𝐞 ?
၁။ သင့်ရဲ့ business က ဘာတွေ ထူးခြားလဲ ?
ပြောရရင် ဒါကို သေချာသိမှ သင့်အနေနဲ့ ဘာကို အဓိက ထားရေးမလဲဆိုတဲ့ Main Point တခုကိုရမှာပါ။
ရလာတဲ့ Main Point က တဆင့် Pain Point ရှာပြီး Gain Point တခုဖြစ်အောင် ဖန်တီးရမှာပါ။
အလွယ်လေးပဲမလား။
တကယ်တော့ သင်က Client ရဲ့ Unique selling point က ဘာလဲ ဆိုတာ အရင်ဆုံး နားလည်အောင် လုပ်ဖို့ လိုပါတယ်။
မြင်သာအောင် ပြောရရင် ကိုယ်ရေးတဲ့ productက ဘာတွေအားသာလဲဆိုတာ မသိဘဲ ရေးတော့
ဘာကိုရောင်းချင်၊ Promote လုပ်ချင်မှန်း မသိ၊ customer pain point ကို ထောက်မပြနိုင်ဘဲ ဖရိုဖရဲ ဖြစ်ကုန်ရော။
ဒါကြောင့် Client ရဲ့ Business နဲ့ပတ်သက်ပြီး ကိုယ်သိလိုတဲ့ မေးခွန်းတွေကို အရင်ဆုံးမေးဖို့လိုပါတယ်။
2. 𝐖𝐡𝐨 𝐢𝐬 𝐲𝐨𝐮𝐫 𝐓𝐚𝐫𝐠𝐞𝐭 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞?
၂။ ဘယ်သူတွေကို ပစ်မှတ်ထား ရောင်းချချင်တာလဲ ?
ဒီနေရာမှာ သားကောင်ကို ဖမ်းမိဖို့ မုဆိုးက ပစ်မှတ်ကို သေချာချိန်တဲ့ သဘောနဲ့ ဆင်တူပါတယ်။
ဥပမာဆိုပါစို့။
- သင်က မုဆိုး (writer)၊
- Clientက သင့်
Unlock to read this premium article with 10 points.