ရေတမာ မွန်
လုပ်သလောက်ပြော
ပြောသလောက်လုပ်ပြ
ကိုယ်ဘာလုပ်နေတယ်ဆိုတာ
ကိုယ်တိုင်သာ သိလို့
မူမှန်စွာလုပ်ပြရပါမယ်။
ပြပြီးပြောတဲ့ခေတ်ရောက်နေပါပြီ။
သတိပြုပါ။
ပြောပြတဲ့အလုပ်က လူတိုင်းလုပ်နိုင်တယ် လွယ်တာကိုး။
လုပ်ပြရင်းပြောမှ ယုံကြည်မှုက ခိုင်မာမယ်။
Personal development မှာ
Continual Improvement ရှိနေရပါမယ်။
Workplaces Network တည်ဆောက်ထားမှ
Quick Action and Excellent Service ကို
မိမိရဲ့Right choice customer အားပေးနိုင်မယ်။
သိပ်လွယ်ပါတယ် အဲ့ဒီလို စာစကားတွေပြောပြရတာ။
တကယ့် Market field မှာ Face to face လုပ်ရင်
အတွေ့အကြုံနဲ့ Current Saturation က စက္ကန့်နဲ့အမျှ
ပြောင်းလဲနေတယ်။ Follow up လုပ်နိုင်မှ အဆင်ပြေမှာပါ။
အင်မတန်သတိထား၍ ဝယ်သူစိတ်ကျေနပ်အောင် ရောင်းတတ်ရမယ်။
ရှင်းပြခြင်းကို လက်ခံကြသူရှိသလို မိမိကုန်ပစ္စည်းအကြောင်းအကုန်သိ၍
ရောက်လာသူလည်းရှိပါတယ်။
တကယ်ဝယ်မည့်သူနဲ့စုံစမ်းတဲ့သူကို သိချင်ရင် ထိုနှစ်ဦးရဲ့ မျက်လုံးကို
စာဖတ်တတ်ဖို့ အရေးကြီးဆုံးပါဘဲ။
တကယ်ဝယ်မည့်သူက ဖျတ်ကနဲကြည့် ဇတ်ကနဲကောက်ထည့်တတ်တဲ့ အမူအယာက အဖြေမှန်တစ်ခုပါ။100% buyerပါ။
မေးခွန်းတခု ပစ္စည်းတစ်ခုကိုင်လိုက်အမေးအမြန်းထူသူကြတော့60%buyerပါ။
ယိုကြည့်ဒီကြည့် ဘာမှမမေး ကိုင်ကြည့်လိုက်ပြန်ချလိုက် ဂဏာမငြိမ်သူကြတော့ 40% buyer ပါ။
အထူးသတိထားရမှာ ကိုယ့်ဆိုင်ထဲဝင်လာသူဟာ ဝယ်ယူကြမည့်သူဖြစ်လို့
သူ့ရဲ့ Action and Manner ကို လေးစားရပါ့မယ်။ စိတ်ဝင်စားရပါမယ်။ ပျူပျူငှာငှာ အပြုံးဖြင့် ကြိုဆိုပေးရပါမယ်။
လုပ်နေသမျှသာ ပြောပြပေးတာဖြစ်ပါတယ်။
အသိတစ်ခုတိုးတယ်ဆိုရင် မျှဝေပေးကြပါနော်။
ရေတမာ မွန်
Keep Reading