နီမိုးနန်
ဂျူး ရဲ့ အမှတ်တရ ကိုဖတ်အပြီး ဆို့နင့်ခံစားလိုက်ရတာ။
စုစုထွေးရေ၊ ချစ်တတ်လိုက်တာ။
မောင့်ဆီက အချစ်လဲ ရချင်ပါရက်နဲ့။
စုစုထွေးရဲ့ မောင် ကို
ကျမရဲ့ မောင် ကို အစားထိုး တွေးမိတာပေါ့၊
စုစုထွေးဟာ ကျမဖြစ်သွားပါရဲ့ ကျမရဲ့မောင်ရေ။
အချစ်ဆိုတာ ပြဖို့ ခံစားရဖို့ ဆရာမ ဂျူး သုံးသွားတဒ့ စကားလုံးတွေ ကျမ ငှါးလိုက်လို့ရော
ကျမရဲ့ မောင့်ကိုချစ်တာတွေ ပြလို့ ရပါ့မလား။
လွမ်းပါသည်မောင်၊
အချစ်ဆိုတာ လွမ်းဖို့ ကောင်းလှပါတဲ့အရာပါ မောင်။
မောင်ဆိုတာ အချစ်က ပေါက်ဖွားလာတဲ့ နာမ်စား ဆိုတာ ကျမ သိလိုက်ပါသည် မောင်။
Keep Reading