ရေတမာ မွန်
အရောင်းကိုယ်စားလှယ်ကြီးတစ်ဦးရဲ့စိတ်နေသဘောထားကို သိစေချင်ပါတယ်။
စျေးရောင်းတော့မယ်ဆိုရင်
အခြေနေကောင်းတွေရရှိဖို့ စိတ်ကောင်းရှိရမယ်။
စိတ်ကောင်းရှိသော စျေးသည် တစ်ယောက်ရဲ့ဆိုင်ကိုဝင်လာတဲ့ ဝယ်သူတစ်ယောက်ဟာ နောက်ထပ်သူ့မိတ်ဆွေတွေကို မိမိဆိုင်အကြောင်း မိမိအကြောင်းကို ထပ်ဆင့်ကြော်ငြာပေးလိမ့်မယ်။ အဲ့ဒါ ရလာဒ်ကောင်း။ ဒီတော့ အကြံပြုပါရစေ
" စိတ်ကောင်းရှိဖို့ ပထမ " ဟု မြင်သာသောနေရာတွင် ရေးထားသင့်တယ်။ကပ်ထား ချိတ်ထားသင့်တယ်နော်။
မိတ်ကောင်း လာစေချင်ရင် စိတ်ကောင်းနဲဲကြိုဆိုရမယ်။
မမှန်သောစကားမပြောဘူး
မေတ္တာနဲ့ယှဥ်သော စကားပြောရမယ်။
စျေးရောင်ကောင်းလိုပါက စိတ်ကောင်းအရင်ထားရမှာပါ။
စိတ်ကောင်းထားနေသ၍ အခြေနေကောင်းတွေကို သင်လက်တွေ့ခံစားရမှာပါ။
ပြုံးနေသောမျက်နှာပိုင်ရှင်ရောင်းတဲ့ဆိုင် နှင့် အမြဲတမ်းစူပုတ်နေသော မျက်နှာထား အကြောတင်းသူရဲ့ဆိုင် ထိုနှစ်ဆိုင်၌
စျေးတူ ပစ္စည်းတူနေရင် သင်ဘယ်ဆိုင်ကို ရွေးဝယ်မည်နည်း။
ဖော်ရွေတတ်တယ်ဆိုတာ မြူစွယ်နေတာမဟုတ်ဘူးနော်။
ဆင်းရဲသားလိုဟန်ဆောင်ပြီးလာဝယ်တတ်တဲ့ သူဌေးတွေ အများကြီးရှိတယ်။ အဝတ်အစားစုတ်ပေမဲ့ အထင်မသေးသင့်ဘူး။ ပုံမှန်အပြုံးနဲ့ ကြိုဆိုပါ။ ကားအကောင်းစားကြီး စီးလာသူကိုလည်း ဖားယားစရာမလိုဘူး ပုံမှန်အပြုံးဖြင့်ကြိုဆိုပါ။
ပြုံးသောမျက်နှာထားတတ်သူရဲ့ နှလုံးသားဖြူစင်မှုကိုစိတ်ကောင်းထားတတ်ခြင်းနဲ့ သက်သေပြပါ ။
စျေးရောင်းကောင်းချင်လို့ ဇွတ်အတင်ထိုးရောင်းစရာမလိုဘူး ဝယ်သူရဲ့ရွေးချယ်မှုကို အရင်ဦးစားပေးရမယ်။ သေသပ်စွာ ထုတ်ပိုးပေးပြီး ဝယ်သူရွေးချယ်မှု မှန်ကန်ကြောင်း ချီးမွန်းရမယ်။
အရောင်းကိုယ်စားလှယ်တစ်ယောက်ရဲ့
စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ပြောပြပါရစေ။
သူဌေးတစ်ဦးနဲ့ မိမိကုန်ပစ္စည်းအော်ဒါ အမှာစာရရှိဖို့ တနှစ်နီးပါးခန့် ကြိုးစားခဲ့ရသော အင်မတန်တော်သော အရောင်းကိုယ်စားလှယ် တစ်ဦးအကြောင်း ဖြစ်ပါတယ်။
တနေ့သောအခါမှာ ထိုအရောင်းကိုယ်စားလှယ် ထံသို့ဖုန်းဆက်လာသောအခါ သူကဖုန်းနံပါတ်ကို သေချာကြည့်လိုက်တယ်။ သူ အကြိမ်ကြိမ်ကြိုးစားပြီး တွေ့ခွင့်တောင်းသောသူဌေးကြီး ရဲ့ကုမ္မဏီဖုန်းဆိုတာ ချက်ချင်းမှတ်မိတာပေါ့။
တဖက်က သူဌေး ရဲ့ PA ပြောတာနားထောင်ပြီး ချိန်တဲ့ရက် အချိန်မှတ်သားတယ်။ အရောင်းကိုယ်စားလှယ် နဲ့ သူဌေးကြီ တို့တွေ့ကြရမည့်ရက်ကို ရောက်လာပါပြီ။
သာမာန်အဝတ်အစား ကို သပ်သပ်ရပ်ရပ်ဝတ်စားရင်း သူဌေးနဲ့တွေ့ဖို့ အခန်းဝက ဘဲလ် ကိုနှိပ်လိုက်တယ်။ ဝင်လာခဲ့ပါ ဆိုတဲ့အသံရယ် တံခါးက စေ့ယုံစေ့ထားတာ ဟု အောင်မြင်ခန့်ညားသောအသံကို ကြားရလို့ သူ ခပ်တန်းတန်းတော့ဖြစ်သွား၍ ဖြေးညှင်းစွာ သူဌေးကြီး ရဲ့ရုံးခန်းထဲဝင်သွားတယ်။
သူဌေးကသူအလုပ်ကိုဆက်လုပ်နေတယ် သူ့စားပွဲပေါ်က ဖိုင်တွေက
Unlock to read this premium article with 10 points.