စောမြတ်နွယ်
ဘာကိုမှ တွေးမနေဘဲ
အရာအားလုံးကို လွှတ်ချလိုက်ပါ။
နားကြပ်လေးတပ်ပြီး
သီချင်းနားထောင်ပါ။
ကောင်းကင်ပြာကြီးကို
မော့ကြည့်ပါ။
ငှက်ကလေးတွေရဲ့
တေးချင်းကို နားဆင်ပါ။
ပန်းလေးတွေရဲ့
အလှအပကို ခံစားပါ။
စာအုပ်ဖတ်ပါ။
ကိုယ့်စိတ်ကို
လွတ်လွတ်လပ်လပ်
ပေါ့ပေါ့ပါးပါး ထားပါ။
အဆင်မပြေခြင်းတွေဟာလဲ
အခိုက်အတန့်တစ်ခုပါပဲ။
ဘယ်အရာမှ
မတည်မြဲပါဘူး။
နေဝင်ပြီးရင်
ရောင်နီလာစမြဲမို့
သာယာတဲ့နေ့ရက်တွေကိုလဲ
ပိုင်ဆိုင်ရဦးမှာပါ။
ဘာပဲဖြစ်ဖြစ်
မနက်ဖြန်တွေမှာ
ဆက်ရှင်သန်ရဦးမှာမို့
ကိုယ့်ကိုယ်ကိုယ်
အနားပေးဖို့ မမေ့ပါနဲ့နော်။
#စောမြတ်နွယ်
19.9.2024
Keep Reading