Aung Thu Ya Kyaw
အိမ်ခြံမြေ လောကကို အိမ်ခြံမြေ အကြောင်းနားလည်ချင်လို့ လေ့လာဝင်ရောက်ခဲ့တယ် ဆိုပေမယ့် တစ်ချို့ အတွက်ကတော့ အကျိုးဆောင် လုပ်ပြီးတော့ ဝင်ငွေ ရှာချင်လို့ ဆိုတာနဲ့ ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အကျိုးဆောင် တစ်ယောက် မလုပ်ခင် မဖြစ်မနေ သိရမဲ့ အချက် (၅) ချက်အကြောင်းကို ပြောပြပေးသွားပါ့မယ်။
နည်းနည်းရှည်သွားနိုင်တာကြောင့် #share ထားပြီး ပြန်ဖတ်နိုင်ပါတယ်။
(၁) ကိုယ့်ရဲ့ ဝင်ငွေကို လအလိုက် တိုင်းတာခြင်း
အကျိုးဆောင် တစ်ယောက်အဖြစ် ရပ်တည်ပြီဆိုရင် တော်တော်များများက ဝင်ထမ်း လုပ်ဖူးတဲ့ သူတွေ များပါတယ်။ ဝန်းထမ်း ဆိုတာက တစ်လတစ်လ ဝင်ငွေ ဆိုပြီး ရှိပါတယ်။ တစ်လ နဲ့ တစ်လ လကုန်ဖို့ သာ စောင့်နေပြီးတော့ လကုန်ရင် ဘာဝယ်မယ် ဘာစားမယ် ဘယ်သွားမယ် ဆိုတဲ့ စိတ်ကူးနဲ့ ဖြတ်သန်း ခဲ့ကြတာဖြစ်ပါတယ်။ ဘယ်လ ရောက်ရင် ဘယ်လောက်ရမယ် ဆိုတာကလည်း ကြိုတင်ခန့်မှန်းလို့ရတာကြောင့် ငွေလိုလို့ တစ်ခြားသူစီက ချေးချင်ရင်တောင် ကြိမ်းသေပေးရဲတယ် ဆိုတဲ့ စိတ်နဲ့ ယူရဲပါတယ်။
သို့သော် အကျိုးဆောင် စလုပ်ပြီဆိုရင် ကိုယ်ပိုင်လုပ်ငန်း ဖြစ်တာကြောင့် လစဉ်ပုံမှန်ဝင်ငွေ မရတဲ့ အပြင် လကုန်မှာတောင် ပိုကြောက်ရပါတယ်။ ဘာကြောင့်လဲ ဆိုရင် လကုန်ပြီဆိုတာနဲ့ ပေးစရာရှိတဲ့ အကြွေးတွေ၊ အိမ်လခ တွေ၊ ဝိုင်ဖိုင် ဖိုးတွေ၊ စားသောက် စရိတ်တွေ၊ အိမ်ထောင် ရှိပါက သားသမီးတွေ အတွက် လစဉ် ကျောင်းခ၊ ကျူရှင်ခ စသဖြင့် ရောက်လာတာကြောင့် ဖြစ်ပါတယ်။ ဘယ်လောက်ရမယ် မရဘူးဆိုတာကလည်း မသိနိုင်တာကြောင့် ကြားထဲမှာ စိတ်ဓာတ်ကျရတဲ့ အချိန်တွေ ခဏခဏ ပေါ်လာတာ ဖြစ်ပါတယ်။
လအလိုက် တိုင်းတာမျိုးကြောင့် ဒီလိုမျိုးတွေ ဖြစ်ရတာပါ။ တကယ်တော့ ဒီလုပ်ငန်းမှာ ပုံမှန်လေး လုပ်သွားမယ်။ လူသိများလာမယ်။ ကိုယ့်ဘက်ကလည်း မှန်မှန်ကန်ကန်ရှိနေမယ် ဆိုရင် တစ်နေ့မှာတော့ ဝင်ငွေလုံးဝကြမ်းလာမှာ အသေအချာပါပဲ။ အခုမှ စမဲ့ သူတွေ အတွက်ကလည်း ဝင်ငွေအထိုက်အလျောက် အချိန် ၃ - ၄ လလောက်ဆိုရင် ရှင်သန်ဖို့အတွက် ကတော့ ငွေဝင်မယ် ဆိုတာ ကြိမ်းသေပြောရဲပါတယ်။ ဒါက ကျွန်တော့ရဲ့ အတွေ့အကြုံတွေ လက်တွေ့ အတိုင်း ဖြတ်သန်းခဲ့ဖူးလို့သိတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အကျိုးဆောင် လုပ်ပြီဆိုရင် ကိုယ့်မှာ ထိုက်သင့်လျောက်ပတ်တဲ့ ဝင်ငွေ တစ်ခုတော့ ရှိနေတာက စိတ်ကိုပိုပြီးတော့ တည်ငြိမ်စေပါတယ်။
(၂) ဆက်လက် မလေ့လာတော့ တဲ့ စိတ်
အကျိုးဆောင် တစ်ယောက် ရဲ့ တာဝန်နဲ့ လိုအပ်တဲ့ skills တွေက အခြေခံ ကောင်းထားသူတွေ အတွက် ဆိုရင် သိပ်ပြီးတော့ တောင် လုပ်စရာမလိုပါဘူး။ ဘာကြောင့်လဲ ဆိုရင် လက်တွေ့ ဘဝမှာ အသုံးပြုနေတဲ့ အခြေခံ ပညာရပ်တွေကို အသုံးပြုရတာကြောင့်ဖြစ်ပါတယ်။
ဥပမာ အားဖြင့် လူတွေနဲ့ စကားပြောကောင်းဖို့ လိုမယ်၊ အရောင်းပညာ တတ်ထားဖို့ လိုမယ်၊ မားကတ်တင်း အကြောင်း နားလည်ထားဖို့ လိုမယ်၊ လူတွေရဲ့ သဘော သဘာဝ အကြောင်း နားလည်ထားဖို့ လိုမယ်၊ စာရင်းအင်းပညာ အနည်းအငယ် တတ်ထားဖို့ လိုမယ်၊ ဆိုရှယ်မီဒီယာ ကို အသုံးပြုတတ်ဖို့လိုမယ်၊ အခြေခံ Google Map အသုံးပြုတာလောက်လေး တွေ လိုပါတယ်။ ဒါတွေက အပြင်လုပ်ငန်း လုပ်ခဲ့ဖူးတဲ့ သူတွေအတွက် ရှိနေပြီးသား ပညာတွေ ဖြစ်ပါတယ်။ ဒီထဲမှာ ပြန်လည် အသုံးချတတ်မယ် ဆိုရင် ထပ်လေ့လာရာမှာက အိမ်ခြံမြေ အခြေခံ၊ စာရွက်စာတမ်း အကြောင်း၊ ညှိုနှိုင်းမှုပညာ၊ ဈေးကွက် သုံးသပ်နည်း၊ တစ်ခြား အကျိုးဆောင်တွေနဲ့ အကျိုးတူယူနည်း၊ အိမ်ခြံမြေရဲ့ flow (လုပ်ရိုးလုပ်စဉ်) စသဖြင့် အနည်းငယ် လောက် ထပ်သင်လိုက်မယ် ဆိုရင် ဘာမှ ထပ်ပြီးတော့ မလိုလောက်တဲ့ အနေအထားဖြစ်ပါတယ်။
သို့ပေမယ့် အခုပြောသွားတဲ့ နယ်ပယ်တွေကလည်း ပြောသလောက် မရိုးရှင်းပါဘူး။ ဥပမာ ညှိုနှိုင်းမှု ပညာ ဆိုတာက စာတွေ တစ်ခုတည်းနဲ့ မရပါဘူး။ လက်တွေ့မှာ ပြန်သုံးပြီးတော့ ထပ်ခါ ထပ်ခါ လေ့ကျင့်နေဖို့လိုပါတယ်။ ဒါ့အပြင် စကားပြော ကောင်းဖို့ ဆိုတာကလည်း over (အပို) မဖြစ်သွားဘဲနဲ့ ကိုယ်ရဲ့ Client (ဖောက်သည်) ကိုယ့်စီမှာ ဝယ်သွားအောင် ပြောတတ်ဖို့လည်း အများကြီးလိုပါတယ်။ ဒါကြောင့်မို့ ဒီလိုမျိုး ပညာရပ်တွေဆိုတာ နက်နက် လေ့လာလေ ပိုပြီးတော့ သင်ယူရလေ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဆက်လက် မလေ့လာတော့တဲ့ စိတ် လုံးဝမထားဘဲနဲ့ အမြဲသင်ယူ လေ့လာလိုတဲ့ စိတ် ထားတတ်ဖို့ အရေးကြီးပါတယ်။
တကယ်လို့ အိမ်ခြံမြေ အကျိုးဆောင် သင်တန်းတက်ဖို့ လိုရင်လည်း m.me/reatk မှာ လာရောက်မေးပြီးတော့ သင်တန်း အချက်အလက်များလည်းမေးနိုင်ပါတယ်။
(၃) အကျိုးဆောင် လုပ်ရတာ လွယ်ကူတယ်
ကြားဖူး၊ မြင်ဖူးတာက အကျိုးဆောင် ပွဲစားတွေ ဆိုတာက အိမ်ရောင်းဖို့ ရှာလိုက် ပြီးရင် လိုင်းပေါ် ဓာတ်ပုံတင် ဒါမှမဟုတ်လည်း အသိချင်းချင်း အရောင်းအဝယ် လုပ်ပေးလိုက်ရုံနဲ့ အရောင်း အဝယ်ဖြစ်သွားရင် သိန်း ချီရာတာ၊ သိပ်ထွေထွေထူးထူးလည်း လုပ်ရတာမဟုတ်ဘူး၊ လွယ်လွယ်လေး ရလိုက်တာပါ။ ရပ်ကွက်ထဲက သို့မဟုတ် သူငယ်ချင်း၊ ရွှေမျိုးတွေက မေးလို့ ဘာလုပ်လည်း မေးရင်တောင် ကျွန်တော် အိမ်ခြံမြေ ပွဲစား လုပ်ပါတယ် ပြောလိုက်ရင် “ဟ့ ဘောစိဖြစ်နေပြီပေါ့… အိမ်ခြံမြေ ပွဲစားတွေက ငွေရကြမ်းတယ်” ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။
ပတ်ဝန်းကျင် တစ်ခုထဲကပဲ ဒါကို မြင်တာလား ဆိုတော့ မဟုတ်ပါဘူး။ အခုမှ စမဲ့ အကျိုးဆောင်တိုင်း လွယ်လွယ် လေးပါဆိုတာ မြင်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၂ နှစ်လောက် နေမှ သိလိုက်ရတာဖြစ်တာကြောင့် အချိန်ကာလ အားဖြင့် ကြာပါတယ်။ ဒါပေမယ့် ဒီစာကို ဖတ်နေတဲ့သူကတော့ ကံကောင်းပါတယ် စောစော သိလိုက်ရလို့ပါ။ ဒါမှ ဘယ်လို ခုခံယဉ်ဆိုင်ရမလဲ ဆိုတာ သိမှာ ဖြစ်ပါတယ်။
ဒီမှာ ချွင်းချက် အနေနဲ့ နောက်ခံ ကျောထောက်နောက်ခံ ရှိတဲ့သူတွေအနေနဲ့ကတော့ သိပ်မခက်ခဲခဲ့ပါဘူး။ မိဘတွေက စီးပွားရေးလုပ်ငန်းရှင်မလို့၊ ကိုယ်ကိုယ်တိုင်က ဆောက်လုပ်ရေး လုပ်ခဲ့ဖူးတဲ့ သူမို့လို့၊ လုပ်ငန်းတစ်ခုမှာ အတွေ့အကြုံလည်း ရနေပြီ လူသိထင်ရှားတဲ့သူမလို့၊ လူသိများတယ် ဆယ်လီမို့လို့ ဆိုတဲ့သူတွေကတော့ ကံကောင်းကြပါတယ်။ ထည့်ပြောမယ်ဆိုရင် တော့ ရှိသေးပါတယ်။ ဒါပေမယ့် ကိုယ်က ဒီထဲက လူမဟုတ်ဘူး ဆိုရင်တော့ Sorry ပါပဲ။ ခဲယဉ်းပါတယ်။
စိတ်ဓာတ်လည်း မကျပါနဲ့ ကျွန်တော်ကိုယ်တိုင်က လုံးဝ ကျောထောက်နောက်ခံ ရှိတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ နယ်ပယ်တစ်ခု ထိ ရောက်အောင် ဘယ်လို သွားရမလဲ ဆိုတဲ့ Strategy (နည်းလမ်း) သိရင် ရောက်ကို ရောက်ပါတယ်။ ဒါကိုလည်း တစ်နေ့ ကျွန်တော် ကိုယ်တိုင် သက်သေပြပါ့မယ်။
ဒါကြောင့်မို့ လွယ်ကူတယ်လို့ မမှတ်ဘဲနဲ့ Commitment (တစိုက်မက်မက်) ရှိစွာဖြင့် ကြိုးစားမယ်၊ Discipline (စည်းကမ်းရှိမယ်)၊ Consistency (ပုံမှန်လေးလုပ်သွားမယ်) ရှိမယ် ဆိုရင် တစ်နေ့ ကိုယ်လိုချင်တဲ့ နေရာကို ရောက်ကို ရောက်မှာ အသေချာ ဖြစ်ပါတယ်။
(၄) ရေရှည်ကို မကြည့်တတ်တာ
အကျိုးဆောင် လုပ်ပြီဆို အရင်ဆုံးနားမလည် တာတွေ များတော့ ဘာတွေက မှန်သလဲ? မှားသလဲ? ဆိုတာ လုံးဝမသိပါဘူး။ အမှန်၊ အမှား မသိတဲ့ အခါ ဘာဖြစ်လဲ ဆိုရင် ကိုယ်တစ်ယောက်တည်း တလွဲ တွေ လုပ်ရင်း လမ်းကြောင်းပေါ်မှာ မတည့်နေပါဘူး။ အထူးသဖြင့် ဘာတွေက ရေရှည်အတွက် ကောင်းသလဲ? ရေတို အတွက် အတွက် ဘာတွေ ကို လုပ်ရမလဲ? ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဒီမှာ ရေတို? ရေရှည်? ဆိုတာလေးကို ဥပမာ တစ်ခုနဲ့ ရှင်းပြပေးပါ့မယ်။
နံပါတ် (၁) စာရွက်စာတမ်း
ကျွန်တော်တို့ အကျိုးဆောင် လုပ်ပြီဆိုရင် အိမ်ခြံမြေ စာရွက်စာတမ်း နဲ့ ပက်သက်ပြီးတော့ မဖြစ်မနေစုံတွေ့ရမှာ ဖြစ်ပါတယ်။ စာရွက်စာတမ်း လိုအပ်ချက်ရှိလို့ ကိုယ်က တစ်ဖက်က ယုံကြည်လို့ မစစ်တာကို အခွင့်ကောင်းယူပြီးတော့ လက်ရှိငွေရရေးကိုသာ ကြည့်နေတဲ့ သူတွေဟာ ဒုက္ခရောက်ကြတာ များပါတယ်။ ဒါက ရေတို လို့ခေါ်ပါတယ်။
တစ်ခါတစ်လေ ငွေမရပေမယ့် ကူညီလိုက်ရတာတွေ ရှိပါတယ်။ ဒါက ဘာလည်း ဆိုရင် အိမ်ခြံမြေ စာရွက်စာတမ်းနဲ့ ပက်သက်ပြီးတော့ မသိတဲ့ သူတွေက နားမလည်လို့ မေးတဲ့ အမေးပေါ်မှာ ကိုယ်က ပိုက်ဆံရတာလည်း မဟုတ်ဘူး။ မလုပ်ဘူးဆိုတာထက် သူတို့ တတွေကို ကူညီပေးလိုက်ပါ။ ဘာကြောင့်လည်း ဆိုရင် ရေရှည်ကြရင် ကိုယ်ဘယ်လိုလူမျိုးလည်း ဆိုတာကို နားလည်ပေးမဲ့ သူတွေက ဒီလူတွေပဲ ရှိနေလို့ဖြစ်ပါတယ်။
လူတိုင်းက အမှားနဲ့ မကင်းကြပါဘူး။ အမှားတွေ လုပ်မိလို့ ပြန်တောင်းပန်ရင်တောင် လူတွေ ခွင့်လွတ်နိုင်ဖို့ ဆိုတာ ကိုယ့်က လူတွေအပေါ်မှာ ကူညီခဲ့တာမျိုးလေး ရှိနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ရေရှည်ကို ကြည့်ပြီးတော့ ကူညီသင့်ပါတယ်။
(၅) ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်တာ
“အကျိုးဆောင် ဖြစ်ဖို့က လွယ်ပါ… ဒါပေမဲ့ ရေရှည်ရပ်တည် နိုင်တဲ့ အကျိုးဆောင် ဖြစ်ဖို့ကတော့ ခက်ပါတယ်။” ဒါလေးကို ဘယ်တော့မှ မမေ့ပါနဲ့။ လူတိုင်းက ဓာတ်ပုံရိုက်ပြီးတော့ လိုင်းပေါ်တင် ဝယ်မဲ့သူက ကြည့်ချင်ရင်လိုက်ပြလိုက် ဒါကလွယ်ပါတယ်။ မလွယ်တာတွေ လည်းရှိပါတယ်။ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါ့မယ်။
ကြားဖူးပါလိမ့်မယ်… “လူတွေက ပိုက်ဆံရှိရင် တစ်မျိုး၊ ပိုက်ဆံ မရှိရင် တစ်မျိုး” ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ အကျိုးဆောင် လုပ်လို့ သိပ်ပေါင်းဆယ်ချီ ရာသွားတာ သို့မဟုတ် မရဘူးတဲ့ ရာချီ ရသွားတာ မျိုးတွေဆိုရင် နေ့ချင်း၊ ညချင်း ကို သုည ကနေ အခြေအနေ တစ်ခု ဆိုရင်လည်း မမှားပါဘူး ဒီနေရာကို ရောက်သွားတဲ့ အခါ ကိုယ့်ဘေးနားမှာ မရှိအတူ ရှိခဲ့ဖူးတဲ့သူတွေ ကို မေ့သွားတတ်ပါတယ်။ ဒီလိုမျိုး စိတ်ကြီးဝင်ပြီး သူဌေးတွေနဲ့ ပေါင်းပြီး ပြန်ပြီး ဘဝ ပျက်သွားတဲ့ သူတွေ လည်း မြင်ဖူးပါတယ်။ ဒါကို ရှောင်စေချင်ပါတယ်။
နောက်တစ်ခုကတော့ ဝင်ငွေရလာပြီဆိုရင် “အရင်ဆုပါ။ ပိုတာကို သုံးပါ။” ကျွန်တော် ပိုက်ဆံ မရတာ မဟုတ်ပါဘူး။ ပိုက်ဆံ ရပါတယ်။ ရသမျှပိုက်ဆံ အရင်မဆုဘဲ အရင်သုံးမိတာတွေကြောင့် အကျိုးဆောင် တစ်ယောက် အဖြစ်ရပ်တည်တဲ့ အခါ တော်တော်လေး ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပါ။ အခုထိလည်း ကြိုးစားနေတုန်းပါပဲ။ ဒါကြောင့်မို့ အရင်ဆုပါ။
အချုပ်အားဖြင့် ပြောရမယ် ဆိုရင် အိမ်ခြံမြေ အကျိုးဆောင် တစ်ယောက် ဖြစ်ဖို့ ဆိုတာ တကယ်မလွယ်ပါဘူး။ ကိုယ်ကိုယ်တိုင်က ပျင်းပြတဲ့ စိတ်ဓာတ်မရှိဘူးဆိုရင် ဒုံရင်းက ဒုံရင်း ဖြစ်နေမှာ ဖြစ်ပြီးတော့ အရှုံးသမား တစ်ယောက် ဖြစ်နေမှာပါ။ ဒီလို မျိုး မဖြစ်ရလေ အောင် ကျွန်တော်တို့ အတူတူ ကြိုးစား ကြရအောင်။
#အိမ်ခြံမြေအကြောင်းလေ့လာပါ
Keep Reading