မိုးနှောင်းအလင်္ကာ
ဒေါသထွက်လာပြီဆိုရင် တစ်ခုခုလုပ်လိုက်ရမှကျေနပ်တဲ့သူများရှိလားခများ။ဒါကမေးစရာမလိုတဲ့မေးခွန်းတစ်ခုပါဘဲ သေချာတာပေါ့ အဲ့လိုလူမျိုးတွေရှိပါတယ်။ဒါဆို ဒေါသထွက်လာပြီဆို အဲ့လိုလူတွေဟာ ဆိုးကျိုးပိုသက်ရောက်ပါတယ်။ဒေါသစိတ်ကြောင့် စဥ်းစားဆင်ခြင်နိုင်စွမ်းတွေလျော့နည်းလာပြီး အမှားတွေလုပ်လာတတ်ကြပါတယ်။ဒီနေ့မှာတော့ ဒေါသထွက်လာပြီဆို ထိန်းသိမ်းရခတ်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးမှာဖြစ်ပါတယ်။
စာဖတ်သူလေးတို့ထဲက ဒေါသတွေကိုထိန်းသိမ်းရခတ်တဲ့သူလေးတွေပါရင်လည်း ဖတ်ကြည့်ဖို့အကြံပေးပါရစေခများ။
အရင်ဆုံးဒေါသတရာတွေးလျော့နည်းဖို့ကတော့ စာဖတ်တာ၊တရားထိုင်တာနဲ့တခြားစိတ်အေးချမ်းစေတဲ့ အရာတွေလုပ်ဆောင်ပေးသင့်ပါတယ်။ စာအုပ်စာပေတွေဖတ်ခြင်းအားဖြင့် စိတ်ထားတတ်လာမယ်၊တရားရှူမှတ်ခြင်းဖြင့် စိတ်တည်ငြိမ်လာမယ် နောက်ပြီး တခြားအရာတွေဖြစ်တဲ့ သီချင်းနားထောင်တာ၊ဆိုတာ၊ကခုန်တာ မျိုးတွေဟာလည်း စိတ်ကိုလွတ်လပ်ပေါ့ပါးစေပြီးဒေါသထွက်ဖို့ခဲယဥ်းစေပါတယ်။
ဒေါသဟာ အပူမီးနဲ့တူပါတယ်။ကြာကြာကိုင်ထားလေ ပိုပူလောင်လေပါ။ဒါ့ကြောင့်ဒေါသတရားကိုလွှတ်ချတတ်ဖို့အရေးကြီးတာပါ။အခုလို ဒေါသထွက်ဖို့ခဲယဥ်းသွားပြီဆိုရင် စိတ်နှလုံးဟာအေးချမ်းနေပြီး အပူမီးနဲ့တူတဲ့ ဒေါသတရားဟာလည်း စိတ်ကိုလွှမ်းခြုံနိုင်တော့မှာမဟုတ်ပါဘူး။
နောက်တစ်ခုကတော့ ဒေါသတရားဆီကရှောင်ရှားပါ။ကိုယ့်ဆီတမ်းတမ်းမတ်မတ်၀င်လာတဲ့ အဲ့ဒီဒေါသတရားကို အလိမ္မာနဲ့ရှောင်ရှားတတ်ဖို့လိုပါတယ်။ဒေါသဖြစ်စရာကိစ္စရပ်တွေဆို အတင်းလုပ်လိုက်တာမျိုးမဟုတ်ဘဲ ဖြေးဖြေးနဲ့မှန်မှန်လုပ်ပါ။မီးဆိုတာမလောင်ခင်ကတားရမယ်မဟုတ်လားခများ။အဲ့ဒီတော့ ဒေါသထွက်စေလောက်မဲ့ ကိစ္စမျိုးတွေဆို ကိုယ့်ဘက်က အတတ်နိုင်ဆုံးရှောင်ရှားပါ။ဒီလိုလုပ်ခြင်းအားဖြင့် ဘ၀မှာဒေါသတွေနဲ့ကုန်ဆုံးနေတာမျိုးမဟုတ်ဘဲ စိတ်ကိုလမ်းဆန်းစေပါလိမ့်မယ်။
ဒေါသတရားဆီကရှောင်ရှားတာဟာ ကြောက်ရွံခြင်းမဟုတ်ပါဘူး။မိမိစိတ်ကိုထိန်းနိုင်သည်ဟူသော ရဲရင့်ခြင်းဘဲဖြစ်ပါတယ်။
ဒါ့ကြောင့်ဒေါသတရားဆီကရှောင်ရှားဖို့ မတွေဝေပါနဲ့။
နောက်တစ်ခုကတော့ ဒေါသထွက်လာပြီဆို ဘယ်လိုထိန်းချုပ်မလည်းဆိုတာပါ။ကျွန်တော်တို့ ဒေါသထွက်လာပြီဆို အရင်ဆုံးအနေနဲ့စဥ်းစားရမှာ စိတ်အေးချမ်းစေတဲ့အရာတစ်ခုခုကိုပါ။အဲ့ဒီအရာကို စဥ်းစားပြီးပြီဆိုတာနဲ့ ဒေါသကို အနည်းငယ်လျော့သွားစေပါပြီ။အဲ့ဒီနောက် ဂဏန်းသင်္ချာတွေရွတ်ပါ။တစ်ကနေ တစ်ဆယ်၊တစ်ဆယ်ကနေ တစ်ရာ စသည်ဖြင့် ဒေါသမပြေမခြင်းစိတ်ထဲက ရွတ်နေလိုက်ပါ ဒါဆို ဒေါသသံစွက်နေတဲ့စကားလုံးတွေပြောဖို့လည်းကိုယ့်မှာမအားတော့သလို၊ဒေါသတွေကိုလည်း ထိန်းချုပ်တတ်လာမှာပါ။
နောက်ပြီးဒေါသတွေဖြေလျော့ဖို့အတွက် ဒါမျိုးလေးတွေလုပ် ကြည့်ပါ။ ဗိုက်ကြီးဖောင်းသွားအောင် ရင်ထဲအသည်းထဲ ကနေ အားရပါးရ အသက်ရှုပြီး လေကို အသွင်း အထုတ်လုပ်ပါ(ရင်ဘတ်ကို သုံးပြီး ရှုရုံနဲ့မရပါဘူး)။
စိတ်ကိုပြေလျော့သွားစေမယ့်၊တည်ငြိမ်သွားစေ မယ့် စကား ဒါမှမဟုတ် စာလုံးလေးတွေကို ရွတ်ဆိုပါ။ မိမိ ဘာသာနဲ့ သက်ဆိုင်တဲ့ ဘုရားစာ ရွတ်ပါ။ အသက်ကိုလည်း အထက်မှာ ပြောခဲ့တဲ့ အတိုင်း ပြင်းပြင်းလေး အရှူအထုတ်လုပ်ရင်း စကားလုံးကို ထပ်ခါတလဲလဲ ရေရွတ်ကြည့်ပါ။
စိတ်ကူးယဉ်ပါ။ ခံစားဖူးတဲ့ စိတ်ကြည်နူး စရာ အမှတ်တရဖြစ်ရပ်တခုကို ပြန်တွေးပါ။ ဒါ မှမဟုတ် စိတ်ကူးယဉ်ကြည့်ပါ။
မပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း အပျော့ စားလေးတွေကို လုပ်ကြည့်ပါ။ဥပမာ ယောဂ ကျင့်တာလို လေ့ကျင့်ခန်းမျိုးကကြွက်သား တွေနဲ့ စိတ်ကိုပါ ဖြေလျှော့ပေးပါလိမ့်မယ်။
ဒီလို ဒေါသတွေကိုထိန်းချုပ်နိုင်သွားပြီဆိုရင် စိတ်ကိုပိုအေးချမ်းစေမယ်။စဥ်းစားဆုံးဖြတ်တဲ့အခါ ပိုတိကျမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချလာနိုင်မယ်ဒါ့အပြင်ကို ဒေါသတွေထိန်းချုပ်တတ်တာကြောင့်လူချစ်လူခင်ပေါမယ်၊မိတ်ဆွေအပေါင်းအသင်းပေါကြွယ်၀မယ် စတဲ့ကောင်းကျိုးတွေကြောင့် ဒေါသကိုထိန်းချုပ်တတ်ပါစေ။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
Keep Reading