မြ (စံကားဝါမြေ)
မျက်စိပါဝါတိုးလာတယ် ဆလင်ဒါတိုးလာတယ်ဆိုတာ မျက်စိဆရာဝန်ဆီသွားတိုင်း ကြားရလေ့ရှိတဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေက ပေါ့ပေါ့လေး သဘောထားပြီး ဆေးစစ်ချက်အဖြေကိုတောင် သေချာမကြည့်ဘဲ မျက်မှန်ဆိုင်ကို စာရွက်ပြပြီး မျက်မှန်ကိုင်းလှလှလေး ရွေးဖို့ကိုပဲ စိတ်အားထက်သန်နေကြတတ်ပါတယ်။
မျက်မှန်ပါဝါဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်ကို သတ်မှတ်ပေးတာဖြစ်ပြီး ဆရာဝန်တွေကတော့ sphere လို့သုံးလေ့ရှိပါတယ်။ မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ Sphere မှာ (+) လက္ခဏာ (သို့မဟုတ်) ဘာလက္ခဏာမှမပါဘဲ ဆိုရင် အနီးမှုန် ( short-sighted )ပါဝါကိုဖော်ပြပြီး (-) နဲ့ဆိုရင် အဝေးမှုန် ( Long-sighted )ပါဝါဖြစ်ပါတယ်။
ယေဘုယျအားဖြင့် အသက်ကြီးတဲ့ လူကြီးပိုင်းတွေက အနီးမှုန်လေ့ရှိပြီးတော့ ယနေ့ခေတ် လူငယ်အများစုက ဖုန်း၊တီဗီ၊ ဂိမ်း အစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အသုံးများလာတာနဲ့အမျှ အဝေးမှုန်တွေလည်း များလာကြပါတယ်။ ဒါ့ကြောင့် အဝေးမှုန်သူတွေရော အနီးမှုန်သူတွေရောအတွက် မျက်စိပါဝါကျပြီး ကျန်းမာတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။
မြ ပြောပြသွားတဲ့ "မျက်မှန်ပါဝါကျအောင် ဘာတွေလုပ်ရမလဲ? (Part-1)"ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ရင်းလိုက်နာကျင့်သုံးပြီး မြလိုမျက်ကြောင်လေးတွေ မျက်မှန်ဝါဝါ လျော့ကျပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင်။
စာဖတ်သူလေးတို့ရေ SarPhat Applicationလေးထဲမှာ မြရဲ့ စာလေးတွေကိုဖတ်၊ အသဲလေးပေးပြီး နောက်ထပ်လည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ရသမျိုးစုံ ခံစားဖို့အတွက် Author = Mya ကိုလည်း Follow လုပ်ထားခဲ့ကြပါဦးနော် စာဖတ်သူလေးတို့ရေ ?
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
22.3.2024(Friday)
Keep Reading