ဟေသာ
ခုဖြစ်ပျက်နေသမျှ ဘယ်နေရာက စမှားသွားတာလဲ ဘယ်အရာကမှားစေခဲ့တာလဲ ကျွန်မ မသိတော့ဘူး။အာဏာ,ဥစ္စာနဲ့ပြည်နယ်လုပွဲမှာ ကျွန်မတို့လို့ သာမန်ပြည်သူတွေ တတ်နိုင်တာဘာမှမရှိဘူး။ ရေရေရာရာလည်း ဘာမှမသိဘူး။
ကျွန်မတို့ သေချာသိလိုက်တာနဲ့ ပြောနိုင်တာ တခုက ဒီအဖြစ်ပျက်တွင်း တချို့မှာ အိမ်မရှိတော့ဘူး တချို့က မိသားစု မရှိတော့ဘူး တချို့ကျတော့ ဘဝပါမရှိတော့ဘူး။
ဟိုအရင်ကလို ကျောင်းပိတ်လို့ အလုပ်ပိတ်လို့ အိမ်ပြန်ရင် ဘာလုပ်မယ် ဆိုပီးစိတ်ကူးယဉ်လို့မရတော့ဘူး။ အသက်ပေါင်းများစွာ၊အိုးအိမ်များစွာ မြေစာပင် အဖြစ်အသွင်ပြောင်းပီး လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲသွားတာပဲ ကျွန်မ ရေရေရာရာပြောနိုင်တော့သည်။
Keep Reading