Aung Kyaw Soe
နာမဝိသေသန နည်းနည်း ကြိယာများများ တဲ့
ဆရာမောင်သာချိုရဲ့ စာအုပ်ထဲက စကားလေးကိုသဘောကျလိုက်တာ
လောကကြီးမယ် လူအများစုက နာမဝိသေသနတွေနဲ့ပဲအချိန်တွေလုံးချာလည်ပြီး သာယာနေလိုက်ကြတာ
ငါကဘယ်သူ့သားသမီး ဘယ်လိုလူ ဘာကောင်ကွ ဘာဘွဲ့တွေရထားတာ ဆိုတဲ့ နာမဝိသေသနတွေက်ို ဖက်တွယ်နေလိုက်ပုံများ
ဘာတွေလုပ်ပြီးပြီလဲ ဘာတွေဖြစ်မြောက်နေပြီလဲ ဘာတွေချန်ထားရစ်ပြီးပြီလဲဆိုတဲ့ ကြိယာကတော့ မည်ကာမတ္တ
လောကအတွက် နိုင်ငံအတွက် မိသားစုအတွက် ပတ်ဝန်းကျင်ကလူတွေအတွက် နောက်ဆုံးကိုယ့်အတွက် ဘာတွေများ မယ်မယ်ရရ လုပ်ပြီးကြပြီလဲဆိုတော့ ဖြေစရာအဖြေကမရှိ
ဗိုလ်ချုပ်အောင်ဆန်းလို ဂန္ဓီလို ချေဂွေဗားရားလို လူမျိုးတွေအတွက် နာမဝိသေသနဆိုတဲ့ ဂုဏ်ပုဒ်တွေ ချဲ့ကားနေစရာမလို
ဘာတွေချန်ရစ်ခဲ့တယ်ဆိုတဲ့ ကြိယာတွေက အထင်အရှားမလို့ သမိုင်းစာမျက်နှာတွေ လူတွေရဲ့နှလုံးသားတွေထဲမှာ ခုထိ နေရာတစ်နေရာယူထားဆဲ
လောကကြီးထဲ နာမဝိသေသန တစ်ပွေ့ကြီးနဲ့ လူတွေပြေးလွှားနေလိုက်ကြပုံများ အချင်းချင်းကိုတိုက်မိမတတ်
အချင်းချင်းတိုက်မိနေကြတယ်လို့ပြောရင်ပိုမှန်မှာပေါ့လေ
အဲ့အချိန်ကျတော့ ငါ့ရုပ်ရည် ငါ့ပညာ ငါ့အဆင့် ဆိုတဲ့ နာမဝိသေသနတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ပစ်ပေါက်ကြတာပါပဲ
လောကကြီးထဲ ကြိယာများများနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားရဦးမယ်...
#အောင်ကျော်စိုး
Keep Reading