စာရေးသူ
စုပေါင်းခြင်းဥပဒေသ(The Compound Effect)ဟာ ရိုးရှင်းပါတယ်သို့သော် မလွယ်ကူပါ။
အကြောင်းမှာသင့်အနေနဲ့ ပုံသေအရာတစ်ခုကိုပဲ နေ့စဉ်နေ့တိုင်းထပ်ခါတလဲလဲ ရလဒ်သိသာလာတဲ့အထိ ပြုလုပ်နေရမှာမို့လို့ပါပဲ။ ငြီးငွေ့ခြင်းရဲ့ နောက်ကွယ်က ဆုလာဒ်ကိုတွေ့တဲ့အထိ ဇွဲရှိရှိဆက်သွားမှ စုပေါင်းခြင်းဥပေဒေသရဲ့ဆုချခြင်းကိုခံရမှာပါ။
ဇွဲလုံ့လ ရှိခြင်းရဲ့ ပြယုဂ်များကတော့ သင့်အနီးအနားမှာရှိတဲ့ သင့်ရဲ့ ဘိုးဘွားမိဘများပဲဖြစ်ပါတယ်။သူတို့ လုပ်စရာရှိတာကို လုပ်တယ်။နေ့တိုင်းအလုပ်လုပ်တယ်။ယခုခေတ်လူငယ်များလို ဖုန်းနဲ့တီဗီတွေမှာ အချိန်ကုန်နေမယ့်သူမျိုးတွေမဟုတ်ခဲ့ဘူး။နေ့ထွက်မှနေ့၀င် တစ်ပတ်ခြောက်ရက်သူတို့ လေ့လာပြီးအသုံးချနေခဲ့တယ်။ကျွန်တော်တို့အဘိုးအဘွားတွေက စည်းကမ်း၊ကြိုးစားအားထုတ်မှုနဲ့ ကောင်းတဲ့အမူအကျင့်တွေရှိခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ဆုလာဒ်ကို သိနေခဲ့တယ်။
သို့ပင်သော်ငြားလည်း ဒီနေ့ခေတ်ရဲ့ အရာရာဟာ ပေါပြီး လွယ်လွယ်ကူကူရနိုင်ခြင်းတွေကြောင့် မဆုတ်မနစ်သော ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှုတို့က ပုံပြင်ဆန်လာခဲ့ပါပြီ။လူငယ်တွေအနေနဲ့ ရွေးချယ်စရာတွေပေါများခြင်းက လျော့တိလျော့ရဲဆန်တဲ့(ပေါ့လျော့)တဲ့ Mindsetကို တွန်းပို့နေခဲ့ပါပြီ။
ဆင်းရဲတဲ့ကလေးနဲ့ ချမ်းသာတဲ့ ကလေးကြားမှာ အောင်မြင်မှုအပေါ်ထားတဲ့ တန်ဖိုးကလည်း တူနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်တို့ နိုင်ငံထဲမှာလည်း အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတဲ့ အလုပ်လုပ်ခြင်းရဲ့တန်ဖိုးက ကျဆင်းလာနေခဲ့ပြီ။ ဘိုးဘေးတို့ ကျွန်တော်တို့ တစ်ချိန်က တန်ဖိုးထားခဲ့တဲ့ ဇွဲ၊လုံ့လ၊ဝီရိယဆိုတာဟာ ကျောင်းဖတ်စာအုပ်ထဲမှာပဲ နာမ်သက်သက်ရှိနေခဲ့တော့မည်။
ရောင့်ရဲတင်းတိမ်မှုရဲ့အလွန်ဖြစ်တဲ့ဘ၀င်မြင့်ခြင်းဆိုတာ တစ်ချိန်က အင်ပါယာကြီးတွေဖြစ်ခဲ့ကြတဲ့ ဂရိ၊ရောမ၊အီဂျစ်တို့လို အင်အားကြီးနိုင်ငံတွေကို ကျဆုံးခန်းရောက်အောင် တွန်းပို့ခဲ့တယ်။အင်ပါယာနိုင်ငံကြီးတွေဖြစ်ခဲ့ကြပေမယ့် စည်းစိမ်မှာယစ်မူးနေခဲ့ကြတာကြောင့် ပြိုကွဲခဲ့ကြတာပဲဖြစ်တယ်။
လောကမှာအောင်မြင်မှုလောက် ကျရှုံးမယ့်အရာမရှိဘူးပါဘူး မိတ်ဆွေ။
စာရေးသူ ဆန်ဒီရာဂိုမြို့မှာနေတုန်းက စာရေးသူရဲ့အိမ်ဘေးနားမှာ စားသောက်ဆိုင်တစ်ခုအသစ်ဖွင့်တယ်။အစပိုင်းမှာတော့ ဆိုင်လေးကသပ်ရပ်တယ်၊သန့်ရှင်းတယ်၊၀န်ဆောင်မှုကောင်းသလို အစားအသောက်ကလည်း အရသာရှိလှတယ်။၀န်ထမ်းတွေရဲ့အပြုံးလေးတွေက ဘောနပ်စ်ပေါ့။
ဒါပေမယ့်လည်း နာမည်လေးရလာတော့ ၀န်ထမ်းတွေကစတင်ပြောင်းလဲလာတော့တယ်။ အစားသောက်အရသာဆိုးလာတယ်၊သန့်ရှင်းသပ်ရပ်မှုလည်းမရှိတော့သလို၊၀န်ထမ်းတွေကလည်း ဆူပုတ်နေတဲ့မျက်နှာထားနဲ့ ဆက်ဆံလာကြတယ်။ဆယ့်ရှစ်လအကြာမှာတော့ ဆိုင်အရင်းပြုတ်ပြီး ပိတ်သွားခဲ့တယ်။ဒီလိုဖြစ်ရခြင်းဟာ အောင်မြင်မှုတစ်ခုကို အဟုတ်ကြီးမှတ်နေကြခဲ့လို့ ဖြစ်တယ်။ဟုတ်ပါတယ် သူတို့ကျရှုံးရတာဟာ အောင်မြင်မှု ကြောင့်ပါပဲ။
လူသားတွေကတစ်ခါအောင်မြင်ပြီးသွားရင် အဲ့နေရာမှာပဲရပ်နေပြီး အရသာခံကြတယ်။စည်းစိမ်၊ဂုဏ်၊ပကာသနတွေကို ဖြည်းဖြည်းချင်း ခံစားကြပြီး မွေ့လျော်နေကြတယ်။အထက်ကို ဆက်မတက်ကြတော့ပဲနေနေတတ်ကြတယ်။
ပမာပေးရရင် ရေနွေးဒန်အိုးထဲထည့်ထားတဲ့ ဖားလိုပဲ ဖားလေးက နေရတာနွေးနွေးလေးမို့လို့ ဇိမ်ခံနေတယ်။ခုန်ထွက်ဖို့တောင်မစဉ်းစားတော့ဘူး။သူမသိလိုက်တာတစ်ခုက သူအပြုတ်ခံနေရပြီဆိုတာကိုပဲ။
ကဲမိတ်ဆွေ သင့်ကိုယ်သင်ပြန်နှိုးလိုက်ပါ။နတ်သမီးပုံပြင်တွေ မှော်မီးခွက် ပုံပြင် တွေကိုနားယောင်မနေပဲ။ ဘိုးဘေးတွေ သက်သေပြခဲ့အတိုင်း ဇွဲ၊လုံ့လ၊ဝီရိယနဲ့ မင်းရဲ့ အောင်မြင်မှုဆီတက်လှမ်းဖို့ အကောင်းဆုံးအချိန်ဟာ အခုပါပဲ။
နောက်အပိုင်းတွေမှာဆက်လက်ဖော်ပြသွားပါအုံးမည်။
Keep Reading