Han Thar
တစ်ခါတုံးက ဆေးရုံတစ်ရုံမှာ မိန်းမတစ်ယောက်မီးဖွားခဲ့တယ်။ ကလေးမွေးပြီးတော့ မိန်းမဖြစ်သူက သူ့ယောက်ျားကိုမေးလိုက်တယ် "ရှင် ကျွန်မနဲ့ သားသားလေးဆို ဘယ်သူကိုပိုချစ်မှာလည်း" ထိုအခါယောက်ျားဖြစ်သူက "မင်းကိုပဲကိုယ်ကပိုချစ်မှာပါလို့ " ဖြေလိုက်တယ်။ ထိုအခါဘေးနားက အမျိုးတွေနဲ့ သူနာပြုတွေက "ဒီအဖေက ကလေးကို ချစ်ပုံမရဘူးလို့" တီးတိုးပြောနေကြတော့တယ်။
နောက် ၂နှစ်ခန့်ကြာတော့ ထိုအမျိုးသမီးက ဒုတိယကလေးမွေးဖို့ မီးဖွားခန်းထဲ ဝင်တော့တယ်။ ထိုအခါ အဖေ ဖြစ်သူနဲ့ သားကြီးလေးက အပြင်မှာ စိတ်ပူစွာနဲ့စောင့်နေကြတယ်။ ထိုအခါ သားဖြစ်သူက သူ့အဖေကိုမေးလိုက်တယ် "ဖေဖေ သားနဲ့ ထွက်လာတဲ့ ဘေဘီသေးသေးလေးဆို ဘယ်သူကိုပိုချစ်မှာလည်း" အဖေဖြစ်သူက "သေချာပေါက်သားသားကိုပဲ ပိုချစ်မှာပေါ့ " လိုပြောလိုက်တယ်
နောက် ၃နှစ်ခန့်ကြာတော့ ဆောင်းတွင်းကြီးမှာ မိသားစု တတွေ ကော်ဖီသောက်ဖို့ ဖြစ်သူက ကော်ဖီခွက် ၅ခွက် ယူလာတယ်။၁ခွက်က သူ့အမေအတွက်၊၁ခွက်က သူ့အတွက်၊၁ခွက်က သူဇနီးအတွက် ၊နောက်၁ခွက်က သူ့သားကြီးလေး အတွက်၊နောက်ဆုံး၁ခွက်ကတော့ သူအကြားကြီး မှုတ်နေပြီး အပူမလောင်အောင်မွှေနေတယ် နောက်တော့မှ သူ့သမီးအငယ်ဆုံးလေးကိုပေးလိုက်တယ် ။ကော်ဖီသောက်ပီးတော့ ကလေးတွေက အိမ်အပြင်မှာ သွားဆော့ကြတော့တယ်။
ထိုအခါ ယောက်ျားဖြစ်သူကို သူအမေ(ကလေးတွေအဘွားဖြစ်သူ)ကမေးလိုက်တယ်။ သား မင်းကို အမေ မေးအုံးမယ် "ဒီမိသားစုထဲမှာ ဘယ်သူကိုအချစ်ဆုံးလည်း" လို့မေးလိုက်တယ်။ ထိုမေးခွန်းကို သူ့ဇနီးဖြစ်သူကလည်း ဖြေကိုသိချင်နေတယ်။ ထိုအခါ ယောက်ျားဖြစ်သူက "ဘာလို့မေးတာလည်းအမေ" လိုပြန်မေးလိုက်တယ်။ အမေဖြစ်သူက "မင်းမိန်းမယူတော့မယ်ကို အမေကိုလာပြောတုံးက စိတ်ချပါအမေ သားယူမဲ့ မိန်းမကို အမေထက်တော့ ပိုမချစ်ပါဘူးလိုပြောခဲ့တယ် နောက်မင်းမိန်းမက မင်းအတွက်အရာရာ ဖြစ်လာတာပဲ၊ မင်း သားကြီးမွေးတော့ မင်းမိန်းမက သားနဲ့ကျွန်မ ကိုဘယ်သူပိုချစ်မှာလည်းမေးတော့ သေချာပေါက်မင်းကိုပဲ ပိုချစ်မှာလို့ မင်းမိန်းမကို ဖြေခဲ့တယ်လေ၊နောက်တော့ မင်း သားက မင်းအသက်ဖြစ်လာတာပဲလေ၊ မြေးငယ်လေးမွေးတော့ မင်း သားကြီးက သားနဲဘေဘီသေးသေးနဲ ဘယ်သူပိုချစ်မှာလည်းလို့မေးတော့ သားသားကိုပဲ ပိုချစ်မှာပေါ့လို့ဖြေခဲ့တယ်လေ၊ အခုကြည့် မြေးငယ်လေးကို ကော်ဖီမပူတော့တာတောင် အပူလောင်မှာကြောက်လို့ မပေးရဲလို့ သေချာမွှေပီးမှုက်ပေးနေတာပဲလေ ငါသိချင်တယ် မင်းဘယ်သူကိုအချစ်ဆုံးလည်းဆိုတာကို " မေးလိုက်တယ်။
သားဖြစ်သူက အနည်းငယ်ပြုံးလိုက်တယ်။ သားဖြစ်သူက"ဘယ်သူကိုအချစ်ဆုံးရယ်လို့ မရှိပါဘူးအမေရယ် အကုန်လုံးကိုအတူတူ ချစ်တာပါ။ အမေကိုကျွန်တော် လက်ထက်ဖို့ ပြောတုံးက ကျွန်တော်မှာအမေ့ထက်ချစ်ရသူရှိနေပီ သူနဲ့နေတော့မယ်လို့ပြောလိုက်ရင် အမေ ဝမ်းနည်းသွားမှာပေါ့။ ကျွန်တော် စကားတခွန်းကြောင့် မိသားစုဝင်တွေ ဝမ်းနည်းသွားမှာ မလိုလားဘူးအမေ။ ဒါ့ကြောင့် အမေထက်ပိုမချစ်နိုင်ပါဘူးလို့ဖြေလိုက်တော့ ကျွန်တော်မိန်းမတော့သိချင်မှသိမယ် အမေလည်းဝမ်းမနည်းရတော့ဘူးလေ ။အဲ့ကြောင့် ဘေးမှာမရှိတဲ့သူကို ကျွန်တော် လျစ်လျူရှု လိုက်ရတယ် အမေ။ ကျွန်တော် မိန်းမ တုံးကရော ကလေး ကိုလျစ်လျူရှုလိုက်ရတယ် ။ သားကြီး မေးတုံးကလည်း သမီးငယ်လေးကို လျစ်လျူရှု လိုက်ရတယ်။ "လို သားဖြစ်သူက ပြန်ဖြေလိုက်တယ်။ အဖြေကို အမေဖြစ်သူနဲ့ ဇနီးဖြစ်သူက သဘောကျလို့ ပြုံးရယ် ကြတော့တယ်။
တကယ်တော့ချစ်ခြင်းမေတ္တာက အေးမြပါတယ်။ ပူလောင်တယ်ဆိုတာ စိတ်နဲ့ပဲသက်ဆိုင်တာပါ။ မိန်းခလေးတွေ၊ကလေးတွေက သူတို့ကိုပိုချစ်စေချင်ကြတာပါပဲ။ တကယ်တော့ အိမ်ရဲ့ အိမ်ထောင်ဦးစီး ဖြစ်တဲ့ ဖခင်တိုင်းက အကုန်လုံးကို ညီတူမျှတူ ချစ်ကြတာပါပဲဗျာ။
စိတ်ရှည်ရှည်ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်
ခဗျ အမှားပါသွားရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ
HanThar ဟန်သာ(26.11.2024)
Keep Reading