ဂျိုဇော်
အိမ်ထောင်စု စာရင်းမှာ နာမည်အပြည့်အစုံရှိသော်လည်းသူ့ကိုတစ်ရွာလုံးက"အဝိန်"ဟုပဲအဖျားဆွတ်ခေါ်ကြသည်။ အဝိန့်ဆိုင်ကို စျေးသွားဝယ်မလို့ ဟုပဲပြောကြသည်။အဝိန့်ဆိုင်မှာစားစရာ၊ ကစားစရာ၊ တိုလီမိုလီ အကုန်ရသည်။ နာရေးရှိလို့ ဖဲထုပ်ဝယ်ဦး မလား..ရသည်။
ခုတလော အရောင်းသွက်နေသည်မှာကလေးတွေ ကစားသည့်ကျောက်ပေဒိုး ခေါ် ကျောက်ပေသီးများဖြစ်၏။ဝိုင်းဝိုင်း စက်စက် မာမာ ဖွေးဖွေး၊ကလေးတွေ ကစားချင်စရာ။ တွင်းမလှိမ့်နဲ့၊ ပေသီးမပစ်နဲ့။ ပေါက်ကြည့်၊ ခွဲကြည့်၊ မာတယ် ဟု အဝိန်က နည်းပေးလမ်းပြလုပ်နေသေး။ကလေးတွေလည်း တခွမ်းခွမ်းပေါက်၊ တခွမ်းခွမ်းကွဲ၊မုန့်ဝယ်မစားဘဲပေသီးပဲခွဲနေကြတော့၏။သူ့ဒိုးငါစား၊ငါ့ဒိုးသူစား..အငြိုးအတေးများလည်းပါလာသည်။ သူတပါးဒိုးကို ကွဲအောင်ပေါက်နိုင်လျှင်စားသည်ဟု ပြောကြခြင်းဖြစ်၏။ အများဆုံးစားသည့်ဒိုးမှာ"ဖိုးစိန်"၏ကျောက်ပေဒိုးဖြစ်၏။
သူ့ကျောက်ပေဒိုးမှာချော်ရည်လိုလို၊စဥ့်ရည်လိုလိုပါးပါးလေးသုတ် ထားသည်။ အပေါ်ကနေလည်းစား။အောက်ကနေလည်းစားသည့်ဒိုး။ အဝိန့်ဆိုင်မှာ မရှိ။ကွဲလွယ်သည့် ကျောက်ပေဒိုးတွေပဲရှိသည်။ ဘယ်ကဝယ်သလဲ။ဖိုးစိန်ကိုလည်း မေးလို့မရ။
တစ်ခါတော့ ဖိုးစိန်၏ကျောက်ပေဒိုး အစားခံရသည်။ကွဲရုံမက ကြေမွသွားသည်။တဖက်ကျောက်ပေဒိုးကိုကြည့်ပြီး ဖိုးစိန် အာမေဍိတ် ထွက်သွား၏။
" ဟာ..အဝိန်.." ။
#ဂျိုဇော်
#ကျောက်ပေဒိုးဖိုးစိန်
Keep Reading