dawna
ကျွန်တော့်အတွက် ဖြတ်တောက်ဖို့ အလွန်ခက်ခဲခဲ့သော အရာတစ်ခုမှာ တုံ့ဆိုင်းခြင်းဖြစ်ပါသည်။ မဝံ့မရဲဖြစ်၍ တုံ့ဆိုင်းခြင်းသည် ကျွန်တော့်ကို များစွာ ခုံနောက်သို့ ရောက်စေခဲ့သည်။ လူတော်လျှင် စင်ပေါ်က ကောက်သည် ဆိုပေသည့် မဝံ့မရဲ တုံ့ဆိုင်းနေသူ တော်သည်ကိုမူ စင်ပေါ်ကပင် မမြင်နိုင်ပါ။
စိတ်ကူးရှိသလောက် လုပ်နိုင်သည့်အခွင့်အရေးရှိချိန်တွင် အရာရာကို တုံ့ဆိုင်းနေလျှင် ဘယ်အရာကိုမှ တွင်တွင်ကျယ်ကျယ်မလုပ်နိုင်ပါ။ ထို့ကြောင့် ကိုယ်တိုင်လုပ်ခဲ့သည်ဆိုသည့် သက်သေမရှိလျှင် ပိုပြီး မဝံ့မရဲဖြစ်လာသည်။ ထို့ကြောင့် မိမိတော်သည်ကိုပင် မဝံ့ကြွားနိုင်တော့။ စိတ်တိုင်းမကျမှု၊ အားမလိုအားမရဖြစ်မှုများသည် မဝံ့မရဲဖြစ်၍ တစ်ခုခုကို အပိုင် မလုပ်နိုင်ခြင်းကြောင့် ဖြစ်သည်က များပါသည်။
ကျွန်တော်သည် နှိမ့်ချလွန်းအားကြီးခဲ့သည်။ ကိုယ်တိုင်အတွက်ပင် ဂုဏ်မယူတတ်သည်ထိ သိမ်ငယ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်ဖြတ်တောက်နိုင်ခဲ့သော ဒွိဟ သည် ယခုများစွာပင် အကျိုးပေးလှသည်။ အခု ကျွန်တော် စင်ပေါ်ရောက်နေပြီ။
ဒေါန
ကြာသပတေး။
Keep Reading